သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Darfur စစ္ရာဇဝတ္မႈ သံသယရွိသူေတြ လႊဲေပးဖို႔ ICC ေတာင္းဆို 


ICC အက်ိဳးေဆာင္ေရွ႕ေန Fatou Bensouda

(Zawgyi/Unicode)

အာဖရိကတိုက္ Darfur ေဒသမွာ စစ္ရာဇဝတ္မႈေတြအတြက္ အလိုရွိေနသူ ၄ ဦးကို လႊဲေျပာင္းေပးဖို႔ The Hague ၿမိဳ႕ရွိ ႏိုင္ငံတကာ ရာဇ၀တ္မႈဆိုင္ရာ တရားရံုး ICC ရဲ႕ အက်ိဳးေဆာင္ေရွ႕ေနက ဆူဒန္အစိုးရကုိ ေတာင္းဆိုလိုက္ပါတယ္။

ဆူဒန္ဟာ အခုအခါ ကင္းလြတ္ခြင့္ေပးထားမႈကို ဆန္႔က်င္ၿပီး တရားမွ်တမႈနဲ႔ တရားဥပေဒစိုးမိုးေရး ႏိုင္ငံတကာ အသိုင္းအ၀ိုင္းရဲ႕ အျမဲတမ္းအဖြဲ႔၀င္ျဖစ္ေနပါၿပီ။ ဆူဒန္အစိုးရက ဖမ္းဆီးထားတဲ့ သံသယရွိသူေတြ ICC ထံ လႊဲေပးဖို႔ ဥပေဒေရးရာ အတားအဆီး တစံုတရာမရွိေတာ့ဘူးလို႔ ICC အက်ိဳးေဆာင္ေရွ႕ေန Fatou Bensouda က ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ေျပာၾကားသြားတာျဖစ္ပါတယ္။

အခုေလာေလာဆယ္မွာ Darfur စစ္ရာဇဝတ္မႈအတြက္ သံသယရွိသူေတြအနက္ သူ႔သေဘာနဲ႔သူ လက္နက္ခ်အဖမ္းခံခဲ့သူ Ali Kushayb တဦးတည္းကို ICC ထံ လႊဲေပးထားတာရွိပါေသးတယ္။

ႏွစ္နဲ႔ခ်ီၾကာျမင့္ခဲ့တဲ့ Darfur သူပုန္ေတြနဲ႔ ဆူဒန္အစိုးရတို႔ၾကား ျဖစ္ပြားခဲ့တဲ့ ပဋိပကၡေၾကာင့္ လူေပါင္း ၃ သိန္းေက်ာ္ေသဆံုးခဲ့ၿပီး ၂ သန္းေက်ာ္ အိုးမဲ့အိမ္မဲ့ျဖစ္ခဲ့ရတဲ့အတြက္ ဒီေန႔အထိ အဆံုးမသတ္ ႏိုင္ေသးတဲ့ လူမႈဒုကၡေတြလည္း ရွိေနစဲျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

Darfur စစ်ရာဇဝတ်မှု သံသယရှိသူတွေ လွှဲပေးဖို့ ICC တောင်းဆို

(Unicode)

အာဖရိကတိုက် Darfur ဒေသမှာ စစ်ရာဇဝတ်မှုတွေအတွက် အလိုရှိနေသူ ၄ ဦးကို လွှဲပြောင်းပေးဖို့ The Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC ရဲ့ အကျိုးဆောင်ရှေ့နေက ဆူဒန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

ဆူဒန်ဟာ အခုအခါ ကင်းလွတ်ခွင့်ပေးထားမှုကို ဆန့်ကျင်ပြီး တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြဲတမ်းအဖွဲ့ဝင်ဖြစ်နေပါပြီ။ ဆူဒန်အစိုးရက ဖမ်းဆီးထားတဲ့ သံသယရှိသူတွေ ICC ထံ လွှဲပေးဖို့ ဥပဒေရေးရာ အတားအဆီး တစုံတရာမရှိတော့ဘူးလို့ ICC အကျိုးဆောင်ရှေ့နေ Fatou Bensouda က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ပြောကြားသွားတာဖြစ်ပါတယ်။

အခုလောလောဆယ်မှာ Darfur စစ်ရာဇဝတ်မှုအတွက် သံသယရှိသူတွေအနက် သူ့သဘောနဲ့သူ လက်နက်ချအဖမ်းခံခဲ့သူ Ali Kushayb တဦးတည်းကို ICC ထံ လွှဲပေးထားတာရှိပါသေးတယ်။

နှစ်နဲ့ချီကြာမြင့်ခဲ့တဲ့ Darfur သူပုန်တွေနဲ့ ဆူဒန်အစိုးရတို့ကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် လူပေါင်း ၃ သိန်းကျော်သေဆုံးခဲ့ပြီး ၂ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့အတွက် ဒီနေ့အထိ အဆုံးမသတ် နိုင်သေးတဲ့ လူမှုဒုက္ခတွေလည်း ရှိနေစဲဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG