သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတကာ တရားစြဲဆိုခ်က္ ျပႆနာေျဖရွင္းေပးမွာ မဟုတ္ေၾကာင္း ဥပေဒပညာရွင္ ေထာက္ျပ


ပါကစၥတန္ႏွင့္ အိႏိၵယၾကား ICJ တြင္ တရားရင္ဆိုင္သည့္ ျမင္ကြင္းတခု။ (ဇူလိုင္ ၁၇၊ ၂၀၁၉) (ဓာတ္ပံု - ICJ)

(Zawgyi/Unicode)

ႏုိင္ငံတကာမွာ ဘယ္လို တရားစြဲဆိုမႈကေနမဆို ထြက္လာမယ့္ ဥပေဒေၾကာင္းအရ စစ္ေဆး ေတြ႔ရွိခ်က္တခုဟာ ျပႆနာကို ေျဖရွင္းေပးမွာ မဟုတ္ဘူးဆိုတာ သိရွိနားလည္ထားဖို႔ သိပ္အေရးႀကီးပါတယ္လုိ႔ ႏုိင္ငံတကာဥပေဒေရးရာကၽြမ္းက်င္သူ ဥပေဒ ပါေမာကၡတဦးက ဗီြအိုေအကိုေျပာပါတယ္။

ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံကို ႏုိင္ငံတကာတရား႐ံုး ICJ မွာ တရားစြဲထားတာကို ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ စတင္ၾကားနာဖို႔ရွိေနခ်ိန္မွာပဲ ပါေမာကၡ Mark Drumbl က အခုလိုေျပာတာပါ။ ဆက္သြယ္ ေမးျမန္း ထားတဲ့ မအင္ၾကင္းႏုိင္က ေျပာျပပါမယ္။

နယ္သာလန္ႏိုင္ငံ the Hague အေျခစိုက္ ICJ ႏိုင္ငံတကာတရားရံုးမွာ ဒီဇင္ဘာလ (၁၀)ရက္ေန႔ကေန (၁၂)ရက္ေန႔ ထိ အမ်ားျပည္သူေရွ႕ ၾကားနာစစ္ေဆးရာမွာ- ဂမ္ဘီယာက အေရးေပၚ ေတာင္းဆိုထားတဲ့ ရိုဟင္ဂ်ာေတြအေပၚ ေနာက္ထပ္ ျပစ္မႈက်ဴးလြန္မႈေတြ မျဖစ္ေပၚေစေရး ရပ္တန္႔ေအာင္ ICJ တရားရံုးအေနနဲ႕ ယာယီ အမိန္႔ထုတ္ျပန္ၿပီး ျမန္မာအစိုးရကို တားျမစ္ဖို႔ ဆိုတဲ့ အခ်က္ဟာ အဓိကျဖစ္တယ္လို႔ တနလၤာေန႔က ထုတ္ျပန္တဲ့ ICJ တရားရံုးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားပါတယ္။

အခုလို ICJ အေနနဲ႔ ျမန္မာအစိုးရအေပၚ တားျမစ္တဲ့ ယာယီအမိန္႔ ထုတ္ျပန္ဖို႔ စီရင္ပိုင္ခြင့္ရွိေပမယ့္ ႏိုင္ငံတကာတရားရံုးေတြရဲ႕ အမိန္႔ဆံုးျဖတ္ခ်က္မ်ဳိးဆိုတာ အၾကပ္အတည္း ျပႆနာေတြကို ေျဖရွင္းေပးဖို႔ မဟုတ္ဘူးဆိုတဲ့ အခ်က္ကို အသိအမွတ္ျပဳဖို႔က အလြန္ အေရးႀကီးေၾကာင္း အေမရိကန္ျပည္ေထာင္စု ဗာဂ်ီးနီးယားျပည္နယ္က Washington and Lee တကၠသိုလ္ ဥပေဒ ပါေမာကၡ Drumbl က ဗီြအိုေအကို အခုလိုေျပာပါတယ္။

“ICJ ႏိုင္ငံတကာတရားရံုးအေနနဲ႔ ယာယီတားျမစ္မိန္႔ ထုတ္ျပန္ဖို႔ စီရင္ပိုင္ခြင့္ရွိသလို ဒီလို တားျမစ္မယ့္ ကိစၥေတြဟာ အခ်ိန္ အကန္႔အသတ္နဲ႔ျဖစ္ပါတယ္။ ႀကီးမားတဲ့အမႈေတြ တင္သြင္းေလ်ာက္ထားခ်ိန္ အခုလို ျမန္မာကို ဂမ္ဘီယာက တရားစဲြတဲ့ ကိစၥမွာ ICJ တရားရံုးအေနနဲ႔ လူမ်ဳိးတုန္းသတ္ျဖတ္ က်ဴးလြန္မႈ ျဖစ္ခဲ့သလား မျဖစ္ခဲ့ဘူးလားဆိုတာ ဆံုးျဖတ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ICJ ရဲ႕ ဆံုးျဖတ္ခ်က္ဟာ ကုစားမႈအမ်ားအျပားထဲက အလြန္ေသးငယ္တဲ့ အစိတ္အပိုင္းအျဖစ္ပဲရွိေနတာပါ။ လူမ်ဳိးတုန္းသတ္ျဖတ္မႈ ေျမာက္တယ္ဆိုတာ တရားရံုးအေနနဲ႔ ေၾကညာႏိုင္ပါတယ္။ သီအိုရီ အရဆိုရင္ အျပစ္က်ဴးလြန္တဲ့ ႏိုင္ငံအေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ၊ ဘ႑ာေငြေၾကးဆိုင္ရာ ထိခို္က္မႈေတြ ရင္ဆိုင္ ႀကံဳေတြရႏိုင္ပါတယ္။ ဒါေပမယ့္ အခု ဒီဇင္ဘာလမွာ ျပဳလုပ္မယ့္ ပဏာမၾကားနာစစ္ေဆးမႈမွာေတာ့ ဒီလို အေျခအေနမ်ဳိး ေရာက္လာအံုးမွာ မဟုတ္ေသးပါဘူး။ ကာကြယ္တားဆီးဖို႔ဆိုတဲ့ အပိုင္းကိုပဲ တရားရံုးက စီရင္ဆံုးျဖတ္အံုးမယ္လို႔ပဲ က်ေနာ္ထင္ပါတယ္။ ေမးခြန္းေမးတဲ့အထဲမွာ ပါသလိုမ်ဳိး ျမန္မာႏိုင္ငံက ရိုဟင္ဂ်ာေတြအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမား ထားလို႔မရဘူးဆိုတာ အသိအမွတ္ျပဳဖို႔ အေရးႀကီးပါတယ္။ ႏိုင္ငံတကာဥပေဒ ဘက္က လူမ်ဳိးတုန္းသတ္ျဖတ္မႈ ေျမာက္တယ္ဆိုတဲ့ အသံုးအႏႈန္းနဲ႔ သတ္မွတ္ေၾကညာေပးဖို႔ အေထာက္အကူျပဳႏိုင္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံတကာ တရားစီရင္ေရးရဲ႕ ဥပေဒေၾကာင္းအရ စစ္ေဆးေတြ႕ရွိခ်က္မ်ဳိးဟာ ျပႆနာ အၾကပ္အတည္းကို ေျဖရွင္းေပးမွာမဟုတ္ဘူးဆိုတာ နားလည္ထားဖို႔ သိပ္အေရးႀကီးပါတယ္။ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို ရင္ဆိုင္ႀကံဳေတြ႕ရတဲ့ နာက်င္မႈအားလံုးကိုေတာ့ ေျဖရွင္းေက်ာ္လႊားေပးႏိုင္မွာ မဟုတ္ပါဘူး။”

အင္ၾကင္းႏိုင္ ။ ။ ဒါဆိုရင္ ICJ တရားရံုးက ဂမ္ဘီယာက ျမန္မာကို စဲြထားတဲ့ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီး၊ အျပစ္ေပးေရး စာခ်ဳပ္ ခ်ဳိးေဖာက္မႈဆိုတဲ့ အမႈကို ဘယ္လိုမ်ဳိး ဆက္လက္ကိုင္တြယ္ စီရင္ဖို႔ရွိမလဲ။

ပါေမာကၡ Drumbl ။ ။ ဒီေနရာမွာ ေနာက္ထပ္ အလြန္အေရးႀကီးတဲ့ ေမးခြန္းကေတာ့ ဒီအမႈမွာ ICJ တရားရံုးအေနနဲ႔ လက္ေတြ႕တရားစီရင္ပိုင္ခြင့္ ရွိမရွိဆိုတဲ့အခ်က္ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္မ်ားစြာက ျဖစ္ခဲ့တဲ့ အေရးႀကီးတဲ့ အမႈကို တရားရံုးက စီရင္ခဲ့တာေတာ့ရွိခဲ့ပါတယ္။ ICJ ႏို္င္ငံတကာတရားရံုးမွာ ေဘာ့စနီးယားက ဆာဗီးရားႏိုင္ငံကို စဲြတဲ့အမႈမွာ ဆာဗီးရားကို ICJ အေနနဲ႕ တရားစီရင္ပိုင္ခြင့္ရွိမရွိ အျငင္းပြားခဲ့ဘူးပါတယ္။ ဆာဗီးရား အစိုးရအေနနဲ႔ လူမ်ဳိးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တယ္လို႔ ေဘာ့စနီးယာက ICJ တရားရံုးမွာ အမႈစဲြတင္ခဲ့ခ်ိန္က သူ႔မွာ တရားစီရင္ပိုင္ခြင့္ရွိတယ္လို႔ ICJ က ဆံုးျဖတ္ခဲ့တာပါ။ ဒီစီရင္ခ်က္က လက္ရွိအမႈ မတိုင္ခင္ျဖစ္ခဲ့တဲ့ ႀကီးမားလွတဲ့ တရားရံုးအစဥ္အလာ တခုျဖစ္တယ္လို႔ ေျပာရမွာပါ။ ဒါကိုၾကည့္မယ္ဆိုရင္ လူမ်ဳိးတုန္းသတ္ျဖတ္မႈ တားဆီးေရးစာခ်ဳပ္ကို ခ်ဳိးေဖာက္မႈဆိုတဲ့ စဲြခ်က္အေပၚမွာ တရားစီရင္ဆံုးျဖတ္ပိုင္ခြင့္ရွိတယ္လို႔ ICJ တရားရံုးအေနနဲ႔ သူကိုယ္တိုင္ သတ္မွတ္ထားမယ္လို႔ က်ေနာ္ျမင္ပါတယ္။

ICJ တရားရံုးမွာ ဒီဇင္ဘာလ (၁၀) ရက္ကေန (၁၂)ရက္ေန႔ ထိ ပဏာမၾကားနာစစ္ေဆးပဲြအတြက္ ဘယ္လ္ဂ်ီယန္ႏိုင္ငံက ျမန္မာသံရံုးကေန ေနျပည္ေတာ္မွာရွိတဲ့ အစိုးရတာ၀န္ရွိသူေတြနဲ႔ ညွဳိႏိႈင္းေဆာင္ရြက္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ဗီြအိုေအကိုေျပာပါတယ္။

“က်ေနာ္တို႔ Brussels မွာရွိတဲ့ ျမန္မာသံရံုးကေနတဆင့္ေပါ့ ။ သူတို႔ အဲဒီဘက္ကေနၿပီးေတာ့ ဆက္ၿပီးေတာ့ လုပ္မယ္ ဆိုေတာ့ က်ေနာ္တုိ႔ ဒီဘက္ကေတာ့ ဘာမွ အေသးစိတ္ေတာ့ သိမွာမဟုတ္ဘူးေလ။ ဟိုဘက္ကပဲ ဌာနခ်ဳပ္နဲ႔ Brussels ကေနတဆင့္လုပ္ဖို႔ရွိပါတယ္။”

ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အသိအမွတ္မျပဳတဲ့ ျမန္မာအစိုးရဘက္က လိုက္ပါေဆာင္ရြက္မယ့္ ႏိုင္ငံတကာေရွ႕ေနအဖဲြ႔အစည္းကို အတိအက်မသိရေသးေပမယ့္ အဖဲြ႔၀င္ ၅၇ ႏိုင္ငံပါ၀င္တဲ့ OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔ကို ကိုယ္စားျပဳၿပီး အမႈစဲြတင္ထားတဲ့ ဂမ္ဘီယာႏိုင္ငံအတြက္ အေမရိကန္ဥပေဒအၾကံေပးအဖြဲ႔ Foley Hoag နဲ႔ ၿဗိတိန္ႏိုင္ငံက ေရွ႕ေနတခ်ဳိ႕ လိုက္ပါေဆာင္ရြက္မွာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........................

နိုင်ငံတကာ တရားစွဲဆိုချက် ပြဿနာဖြေရှင်းပေးမှာမဟုတ်ကြောင်း ဥပဒေပညာရှင် ထောက်ပြ

(Unicode)

နိုင်ငံတကာမှာ ဘယ်လို တရားစွဲဆိုမှုကနေမဆို ထွက်လာမယ့် ဥပဒေကြောင်းအရ စစ်ဆေး တွေ့ရှိချက်တခုဟာ ပြဿနာကို ဖြေရှင်းပေးမှာ မဟုတ်ဘူးဆိုတာ သိရှိနားလည်ထားဖို့ သိပ်အရေးကြီးပါတယ်လို့ နိုင်ငံတကာဥပဒေရေးရာကျွမ်းကျင်သူ ဥပဒေ ပါမောက္ခတဦးက ဗွီအိုအေကိုပြောပါတယ်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး ICJ မှာ တရားစွဲထားတာကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ စတင်ကြားနာဖို့ရှိနေချိန်မှာပဲ ပါမောက္ခ Mark Drumbl က အခုလိုပြောတာပါ။ ဆက်သွယ် မေးမြန်း ထားတဲ့ မအင်ကြင်းနိုင်က ပြောပြပါမယ်။

နယ်သာလန်နိုင်ငံ the Hague အခြေစိုက် ICJ နိုင်ငံတကာတရားရုံးမှာ ဒီဇင်ဘာလ (၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့ ထိ အများပြည်သူရှေ့ ကြားနာစစ်ဆေးရာမှာ- ဂမ်ဘီယာက အရေးပေါ် တောင်းဆိုထားတဲ့ ရိုဟင်ဂျာတွေအပေါ် နောက်ထပ် ပြစ်မှုကျူးလွန်မှုတွေ မဖြစ်ပေါ်စေရေး ရပ်တန့်အောင် ICJ တရားရုံးအနေနဲ့ ယာယီ အမိန့်ထုတ်ပြန်ပြီး မြန်မာအစိုးရကို တားမြစ်ဖို့ ဆိုတဲ့ အချက်ဟာ အဓိကဖြစ်တယ်လို့ တနင်္လာနေ့က ထုတ်ပြန်တဲ့ ICJ တရားရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အခုလို ICJ အနေနဲ့ မြန်မာအစိုးရအပေါ် တားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ဖို့ စီရင်ပိုင်ခွင့်ရှိပေမယ့် နိုင်ငံတကာတရားရုံးတွေရဲ့ အမိန့်ဆုံးဖြတ်ချက်မျိုးဆိုတာ အကြပ်အတည်း ပြဿနာတွေကို ဖြေရှင်းပေးဖို့ မဟုတ်ဘူးဆိုတဲ့ အချက်ကို အသိအမှတ်ပြုဖို့က အလွန် အရေးကြီးကြောင်း အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်က Washington and Lee တက္ကသိုလ် ဥပဒေ ပါမောက္ခ Drumbl က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ICJ နိုင်ငံတကာတရားရုံးအနေနဲ့ ယာယီတားမြစ်မိန့် ထုတ်ပြန်ဖို့ စီရင်ပိုင်ခွင့်ရှိသလို ဒီလို တားမြစ်မယ့် ကိစ္စတွေဟာ အချိန် အကန့်အသတ်နဲ့ဖြစ်ပါတယ်။ ကြီးမားတဲ့အမှုတွေ တင်သွင်းလျောက်ထားချိန် အခုလို မြန်မာကို ဂမ်ဘီယာက တရားစွဲတဲ့ ကိစ္စမှာ ICJ တရားရုံးအနေနဲ့ လူမျိုးတုန်းသတ်ဖြတ် ကျူးလွန်မှု ဖြစ်ခဲ့သလား မဖြစ်ခဲ့ဘူးလားဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ ကုစားမှုအများအပြားထဲက အလွန်သေးငယ်တဲ့ အစိတ်အပိုင်းအဖြစ်ပဲရှိနေတာပါ။ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုတာ တရားရုံးအနေနဲ့ ကြေညာနိုင်ပါတယ်။ သီအိုရီ အရဆိုရင် အပြစ်ကျူးလွန်တဲ့ နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ၊ ဘဏ္ဍာငွေကြေးဆိုင်ရာ ထိခိုက်မှုတွေ ရင်ဆိုင် ကြုံတွေရနိုင်ပါတယ်။ ဒါပေမယ့် အခု ဒီဇင်ဘာလမှာ ပြုလုပ်မယ့် ပဏာမကြားနာစစ်ဆေးမှုမှာတော့ ဒီလို အခြေအနေမျိုး ရောက်လာအုံးမှာ မဟုတ်သေးပါဘူး။ ကာကွယ်တားဆီးဖို့ဆိုတဲ့ အပိုင်းကိုပဲ တရားရုံးက စီရင်ဆုံးဖြတ်အုံးမယ်လို့ပဲ ကျနော်ထင်ပါတယ်။ မေးခွန်းမေးတဲ့အထဲမှာ ပါသလိုမျိုး မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအတွက်တော့ မျှော်လင့်ချက်ကြီးကြီးမားမား ထားလို့မရဘူးဆိုတာ အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ နိုင်ငံတကာဥပဒေ ဘက်က လူမျိုးတုန်းသတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ သတ်မှတ်ကြေညာပေးဖို့ အထောက်အကူပြုနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ တရားစီရင်ရေးရဲ့ ဥပဒေကြောင်းအရ စစ်ဆေးတွေ့ရှိချက်မျိုးဟာ ပြဿနာ အကြပ်အတည်းကို ဖြေရှင်းပေးမှာမဟုတ်ဘူးဆိုတာ နားလည်ထားဖို့ သိပ်အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်ကြုံတွေ့ရတဲ့ နာကျင်မှုအားလုံးကိုတော့ ဖြေရှင်းကျော်လွှားပေးနိုင်မှာ မဟုတ်ပါဘူး။”

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် ICJ တရားရုံးက ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီး၊ အပြစ်ပေးရေး စာချုပ် ချိုးဖောက်မှုဆိုတဲ့ အမှုကို ဘယ်လိုမျိုး ဆက်လက်ကိုင်တွယ် စီရင်ဖို့ရှိမလဲ။

ပါမောက္ခ Drumbl ။ ။ ဒီနေရာမှာ နောက်ထပ် အလွန်အရေးကြီးတဲ့ မေးခွန်းကတော့ ဒီအမှုမှာ ICJ တရားရုံးအနေနဲ့ လက်တွေ့တရားစီရင်ပိုင်ခွင့် ရှိမရှိဆိုတဲ့အချက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်များစွာက ဖြစ်ခဲ့တဲ့ အရေးကြီးတဲ့ အမှုကို တရားရုံးက စီရင်ခဲ့တာတော့ရှိခဲ့ပါတယ်။ ICJ နိုင်ငံတကာတရားရုံးမှာ ဘော့စနီးယားက ဆာဗီးရားနိုင်ငံကို စွဲတဲ့အမှုမှာ ဆာဗီးရားကို ICJ အနေနဲ့ တရားစီရင်ပိုင်ခွင့်ရှိမရှိ အငြင်းပွားခဲ့ဘူးပါတယ်။ ဆာဗီးရား အစိုးရအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ ဘော့စနီးယာက ICJ တရားရုံးမှာ အမှုစွဲတင်ခဲ့ချိန်က သူ့မှာ တရားစီရင်ပိုင်ခွင့်ရှိတယ်လို့ ICJ က ဆုံးဖြတ်ခဲ့တာပါ။ ဒီစီရင်ချက်က လက်ရှိအမှု မတိုင်ခင်ဖြစ်ခဲ့တဲ့ ကြီးမားလှတဲ့ တရားရုံးအစဉ်အလာ တခုဖြစ်တယ်လို့ ပြောရမှာပါ။ ဒါကိုကြည့်မယ်ဆိုရင် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးစာချုပ်ကို ချိုးဖောက်မှုဆိုတဲ့ စွဲချက်အပေါ်မှာ တရားစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ ICJ တရားရုံးအနေနဲ့ သူကိုယ်တိုင် သတ်မှတ်ထားမယ်လို့ ကျနော်မြင်ပါတယ်။

ICJ တရားရုံးမှာ ဒီဇင်ဘာလ (၁၀) ရက်ကနေ (၁၂)ရက်နေ့ ထိ ပဏာမကြားနာစစ်ဆေးပွဲအတွက် ဘယ်လ်ဂျီယန်နိုင်ငံက မြန်မာသံရုံးကနေ နေပြည်တော်မှာရှိတဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ ညှိုနှိုင်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ Brussels မှာရှိတဲ့ မြန်မာသံရုံးကနေတဆင့်ပေါ့ ။ သူတို့ အဲဒီဘက်ကနေပြီးတော့ ဆက်ပြီးတော့ လုပ်မယ် ဆိုတော့ ကျနော်တို့ ဒီဘက်ကတော့ ဘာမှ အသေးစိတ်တော့ သိမှာမဟုတ်ဘူးလေ။ ဟိုဘက်ကပဲ ဌာနချုပ်နဲ့ Brussels ကနေတဆင့်လုပ်ဖို့ရှိပါတယ်။”

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်မပြုတဲ့ မြန်မာအစိုးရဘက်က လိုက်ပါဆောင်ရွက်မယ့် နိုင်ငံတကာရှေ့နေအဖွဲ့အစည်းကို အတိအကျမသိရသေးပေမယ့် အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင်တဲ့ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ကိုယ်စားပြုပြီး အမှုစွဲတင်ထားတဲ့ ဂမ်ဘီယာနိုင်ငံအတွက် အမေရိကန်ဥပဒေအကြံပေးအဖွဲ့ Foley Hoag နဲ့ ဗြိတိန်နိုင်ငံက ရှေ့နေတချို့ လိုက်ပါဆောင်ရွက်မှာဖြစ်ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG