သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ အေထာက္အထား ကုလစုံစမ္းသူေတြ စတင္စုေဆာင္း


မွတ္တမ္းဓါတ္ပံု- ၂၀၁၉ စက္တင္ဘာတုန္းက ၄၂ ႀကိမ္ေျမာက္ လူ႔အခြင့္အေရးေကာင္စီညီလာခံမွာ အစီရင္ခံတင္ျပေနတဲ့ IIMM ျမန္မာႏိုင္ငံဆိုင္ရာ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးမႈ ယႏၱရား အဖဲြ႔ ဥကၠဌ Nicholas Koumjian

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ျပင္းထန္တဲ့ လူ့အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္တဲ့ အေထာက္အထား၊ မွတ္တမ္းေတြကို ႏိုင္ငံထဲ သြားခြင့္ မရေသးေပမဲ့လည္း စတင္စုေဆာင္းေနၿပီလို႔ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ စုံစမ္းစစ္ေဆးမႈ ယႏၲရား (IIMM) အႀကီးအကဲက ေျပာလိုက္ပါတယ္။

စစ္တပ္က အာဏာသိမ္းလိုက္တာကို ဆန္႔က်င္လႈပ္ရွားသူေတြအေပၚ ေသေက်ထိခိုက္တဲ့အထိ ႏွိမ္နင္းေနတဲ့ လုံၿခဳံေရးတပ္ဖြဲ႕ေတြ အေနနဲ႔လည္း အမိန္႔ေပးလို႔ လုပ္ရပါတယ္ဆိုၿပီး ဆင္ေျခေပးလို႔ မရႏိုင္ေၾကာင္း IIMM အႀကီးအကဲက ဗြီအိုေအနဲ႔ သီးသန္႔ေမးျမန္းရာမွာ သတိေပးလိုက္ပါတယ္။ IIMM အႀကီးအကဲ Nicholas Koumjian ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း ထားပါတယ္။

ႀကီးမားတဲ့လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေတြ ေကာက္ယူစုေဆာင္းဖို႔၊ ကုလသမဂၢကေန ၂၀၁၈ ခုႏွစ္မွာဖြဲ႔ေပးခဲ့တဲ့ ဒီ IIMM အဖြဲ႔အေနနဲ႔၊ အခု ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းအၿပီးမွာလည္း၊ ေနာက္ထပ္ျဖစ္လာတဲ့ အလားတူအမူေတြကို စေကာက္ယူစုေဆာင္းေနပါၿပီ။ ဒါေတြက တခ်ိန္ ျပည္ပ (သို႔မဟုတ္) ျပည္တြင္းခံုခံုးေတြမွာ တရားစြဲႏိုင္ခ်ိန္ ထိေရာက္ေအာင္ အေထာက္အကူျပဳႏိုင္ေစဖို႔ အခုထဲက စုေဆာင္း သံုးသပ္ေနတာလို႔ အႀကီးအကဲ Koumjian က ဆုိပါတယ္။

“ျမန္မာႏိုင္ငံထဲကိုသြားခြင့္မရတာက အခက္အခဲပိုျဖစ္ေစတာ ရွင္းပါတယ္။ ျဖစ္ေနတဲ့နယ္ေျမေတြ၊ အခ်ိဳးေဖာက္ခံရသူေတြနဲ႔တိုက္ရိုက္ မရတဲ့အခါၾကေတာ့ေလ။ ဒါေပမဲ့ အခုလိုျဖစ္တာက ႏုိင္ငံတကာ ရာဇဝတ္မူ ဥပေဒေၾကာင္းမွာ ထူးထူးျခားျခားေတာ့ မဟုတ္ပါဘူး။ အစိုးရေတြက ပူးေပါင္းေဆာင္ရြက္မူ မရွိတဲ့အခါ၊ ႏိုင္ငံတကာ တရားမွ်တမူရေရးႀကိဳးပမ္းမူေတြ အခက္ၾကံဳရ တတ္ပါတယ္။ ဒါေတြကို ေက်ာ္လႊားႏိုင္ဖို႔ မဟာဗ်ဴဟာနည္းသစ္ေတြနဲ႔ ႀကိဳးစားေနပါတယ္။ အခု ျမန္မာႏိုင္ငံက လူေတြနဲ႔အဖြဲ႔အစည္းေတြေပါင္း ေထာင္ဂဏန္းေတြနဲ႔ခ်ီၿပီး အေထာက္အထားေတြ ပို႔ေပးလာေနၿပီး၊ ဒါေတြကို သိမ္းဆည္း၊ သံုးသပ္တာေတြလုပ္ေနပါတယ္။”

အခုလို ျမန္မာႏိုင္ငံထဲ မသြားႏိုင္ေသးခ်ိန္မွာ၊ အင္တာနက္ေပၚမွာ ရွိထားၿပီးသား အေထာက္အထားေတြကလဲြၿပီး၊ က်န္တာေတြကို ပို႔ေပးဖို႔ သူကမွာလိုက္ပါတယ္။

“ပထမဆံုးအေနနဲ႔ ကၽြန္ေတာ္တို႔ဆီ ပို႔ေပးလာတဲ့သူ အားလံုးကို ေက်းဇူးတင္စကား ေျပာျပခ်င္ပါတယ္။ မိတ္ေဆြတို႔အားလံုး သတၱိရွိရွိ အခုလိုလုပ္ေဆာင္ေပးတာကို အမ်ားႀကီးေလးစားမိပါတယ္။ ဆက္သြယ္လာသူအားလံုးအေနနဲ႔ အထူးသတိထားၿပီး ကိုယ့္လံုၿခံဳေရးကို ပထမဦးစားေပးေစခ်င္ပါတယ္။ ဆက္သြယ္ေရးလမ္းေၾကာင္း အလံုၿခံဳဆံုးျဖစ္ဖို႔၊ ကၽြန္ေတာ္တို႔ဖက္လည္း အစြမ္းကုန္ၾကိဳးစားမွာပါ။ ဒါေၾကာင္မို႔ Signal ဖုန္းနံ႔ပတ္နဲ႔၊ ProntonMail ကေန ဆက္သြယ္ပို႔ေပးဖို႔ လုပ္ေပးထားတာပါ။ ဒါေတြက မူရင္းပို႔တာကို Code အသြင္ေျပာင္း ပို႔ေပးတာမို႔ လံုၿခံဳပါတယ္။”

Koumjian ကပဲ ကိုယ္တိုင္က်ဴးလြန္ခံခဲ့ရတာ (သို႔မဟုတ္) ကိုယ္တိုင္ သက္ေသ အျဖစ္ႀကံဳခဲ့ရတာေတြကို ထြက္ဆိုထားခ်က္ေတြလို ခိုင္လံုတာမ်ိဳးကို ဓာတ္ပံု၊ ဗီြဒီယို စတာေတြနဲ႔ မွတ္တမ္းတင္ၿပီး ပို႔ေပးတာေတြထဲမွာ အေရးႀကီးဆံုးအခ်က္ကို ခုလိုရွင္းျပပါတယ္။

“ဒါေတြအားလံုးထဲကမွ တန္ဖိုးအရွိဆံုး အေထာက္အထားမ်ိဳးကေတာ့ ဒီရာဇဝတ္မူအတြက္ ဘယ္လိုျပင္ဆင္ခဲ့တာေတြပါလာတာမ်ိဳးပါ။ ရာဇဝတ္မူေျမာက္ေစ၊ လက္ေတြ႔ က်ဳးလြန္ေစတဲ့အမိန္႔မ်ိဳး၊ ဒါမွမဟုတ္ အေထာက္အထားေတြကို ဖ်က္ဆီးပစ္ဖို႔ အမိန္႔မ်ိဳးေပါ့။ ကၽြန္ေတာ္တို႔အခု အထူးစိုးရိမ္ေနတာက၊ လူေသအေလာင္းေတြကိုေဖ်ာက္ဖ်က္ဖို႔ မၾကာခင္က ႀကိဳးစားခဲ့တာမ်ိဳးေတြပါ။ မိသားစုေတြအေနနဲ႔ ေဆးစစ္ခြင့္မရ၊ တကယ့္ဒဏ္ရာေတြကို မွတ္တမ္းတင္ခြင့္မရေစေအာင္၊ မီး သၿဂႋဳဟ္လိုက္တာေတြၾကားခဲ့ရပါတယ္။ အခုလိုေဖ်ာက္ဖ်က္ပစ္ဖို႔ အမိန္႔ေပးေနသူေတြကို သတိေပးခ်င္ပါတယ္၊ အခုလို လုပ္တာသက္သက္ကိုက၊ အျပစ္ရွိတာသိတဲ့ စိတ္ဓာတ္ သက္ေသျဖစ္ၿပီး၊ တာဝန္ရွိေၾကာင္း သက္ေသအျဖစ္သံုးႏိုင္ပါတယ္။”

အဲ့ဒီေတာ့ လက္ရွိရထားၿပီးသားအေထာက္အထားေတြအေပၚ အေရးပါႏိုင္တဲ့ ကနဦး ေတြ႔ရွိသံုးသပ္ခ်က္ကိုေမးရာမွာေတာ့၊ အတိအက်ေျပာဖို႔ေစာေသးတယ္၊ အခ်ိန္ယူ စီစစ္ သံုးသပ္ေနရဆဲမို႔ပါလို႔ဆိုၿပီ၊ လက္ရွိထူးျခားတာကို သူက အခုလိုရွင္းျပပါတယ္။

“ကၽြန္ေတာ္တုိ႔အေနနဲ႔ အခုေတြ႔ထားရတာေတြအရ အထူးစိုးရိမ္စရာေတြ ရွိေနပါတယ္။ လူေထာင္ဂဏန္းေတြနဲ႔ခ်ီၿပီး မတရားဖမ္းဆီးေနတဲ့ သေဘာပါ။ လံုၿခံဳေရးတပ္ဖြဲ႔ေတြက ဒီလူေတြကို လာေခၚၿပီးသြားရင္၊ သူတို႔မိသားစုေတြ ရင္းႏွီးသူေတြအေနနဲ႔၊ သတင္းအခ်က္အလက္ မရၾကေတာ့ဘူး။ ဒါက လူမသိသူမသိေပ်ာက္ဆံုးမူဆိုင္ရာ ႏုိင္ငံတကာရာဇဝတ္မူႀကီးပါ။ ေနာက္ အေၾကာင္းျပခ်က္မေပးဘဲ ဖမ္းသြားတာလည္းပါေတာ့ လူသားမ်ိဳးႏြယ္အေပၚႀကီးမားတဲ့ ရာဇဝတ္မူ Crime Against Humanity ေျမာက္ႏိုင္ပါတယ္။ ေနာက္မိမိအသက္အႏၱရာယ္မရွိဘဲ၊ သတ္ျဖတ္မူေတြကလည္း အလားတူ ရာဇဝတ္မူမ်ိဳးပါ။”

ဒါ့အျပင္ အခု ျမန္မာႏိုင္ငံကက်ဴးလြန္မူမွာ အေရးပါတာကိုလည္း IIMM အႀကီးအကဲက ခုလိုဆက္ရွင္းျပပါတယ္။

“ျမန္မာႏိုင္ငံကိစၥမကိုင္တြယ္ခင္တုန္းက ကေမာၻဒီးယားက ခမာနီခံုရံုးေတြမွာ တာဝန္ယူခဲ့ပါတယ္၊ ၂၀၁၉ ခုႏွစ္ကမွ အဲ့ဒီအလုပ္ကိုနားခဲ့တာပါ။ အဲ့ဒီမွာက ဟိုး ၁၉၇၀ ႏွစ္ေတြတုန္းက က်ဴးလြန္ခဲ့တဲ့ ရာဇဝတ္မူေတြကို ျပန္ကိုင္ရတာဗ်။ အဲ့ဒီေတာ့ ႏိုင္ငံတကာ ရာဇဝတ္မူက်ဴးလြန္ေအာင္ အမိန္႔ေပးထားသူ ဘယ္သူမဆို၊ ဘယ္ေတာ့မွ ေကာင္းေကာင္း အိပ္ႏိုင္မွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီတရားမွ်တမူရေရးက၊ ေနာက္ဆံုးတခ်ိန္ခ်ိန္မွာ ကိုယ့္အိမ္တံခါးအေရာက္ လာေခါက္မွာမို႔ပါ။ တရားမွ်တမူရေရးဆိုတာက အၾကာႀကီးကို ဆက္ရွင္သန္ႏိုင္တာမ်ိဳးပါ။”

အဲဒီေတာ့ အဓိကတာဝန္ရွိတဲ့ လံုၿခံဳေရးတပ္ဖြဲ႔ေတြကို အဓိက ဘာေျပာခ်င္ပါလဲလို႔ေမးရာမွာ KoumJian က

“လံုၿခံဳေရးအဖြဲ႔ေတြကို ကၽြန္ေတာ္အႀကံေပးခ်င္တာ၊ ျပန္သတိျပဳေစခ်င္တာကေတာ့၊ ႏိုင္ငံတကာ ဥပေဒအေျခခံအခ်က္ေတြပါ။ အထက္ကအမိန္႔ေၾကာင့္ ဒီႏိုင္ငံတကာဥပေဒကို က်ဴးလြန္ခဲ့ရတာပါလို႔၊ ဆင္ေျခေပးလို႔ မရပါဘူး။ တကယ္တာဝန္ရွိခဲ့တာက၊ ဒီႏိုင္ငံတကာရာဇဝတ္မူေျမာက္တဲ့အမိန္႔ကို လိုက္နာဖို႔ ျငင္းခဲ့ရမွာပါ။ ေနာက္အမိန္႔ေပးေနသူေတြကိုလည္း ေျပာခ်င္ပါတယ္၊ ႏိုင္ငံတကာဥပေဒေတြေအာက္မွာ သူတို႔တကယ္တာဝန္ရွိတာက၊ ဒီရာဇဝတ္မူေတြမျဖစ္ေအာင္နဲ႔ အခုလို ရာဇဝတ္မူမွာတာဝန္ရွိသူလာေတြကိုအျပစ္ေပးႏိုင္ေအာင္ လိုအပ္တာ၊ သင့္ေတာ္တာ အားလံုးလုပ္ေပးဖို႔ပါ။ လုပ္ေပးဖို႔ ပ်က္ကြက္ခဲ့ရင္ေတာ့၊ ႏိုင္ငံတကာ ဥပေဒေအာက္မွာ တာဝန္ယူတာဝန္ခံရမူရွိလာပါလိမ့္မယ္။ အရင္ေျပာခဲ့သလိုပဲ၊ ႏိုင္ငံတကာ တရားမွ်တမူ ရွာေဖြေရးက သက္တမ္းရွည္ၾကာတတ္ပါတယ္။”

တကယ္ေတာ့ ျမန္မာႏိုင္ငံထဲ စစ္အာဏာသိမ္းအၿပီး ဆန္႔က်င္ဆႏၵျပပြဲေတြ ႏိုင္ငံတဝွမ္း ဆက္လက္ျဖစ္ေပၚေနရာမွာ၊ စစ္တပ္ဖက္ကလည္း ပစ္ခတ္ႏွိမ္နင္းမူေတြ ဆက္တိုက္လုပ္ေဆာင္လာေနတာမို႔ ဒီ ျပင္းထန္တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မူေတြ ပိုႀကီးမားလာမွာကို ႏိုင္ငံတကာမွာ အထူးစိုးရိမ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထား ကုလစုံစမ်းသူတွေ စတင်စုဆောင်း

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်လှုပ်ရှားသူတွေအပေါ် သေကျေထိခိုက်တဲ့အထိ နှိမ်နင်းနေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့လည်း အမိန့်ပေးလို့ လုပ်ရပါတယ်ဆိုပြီး ဆင်ခြေပေးလို့ မရနိုင်ကြောင်း IIMM အကြီးအကဲက ဗွီအိုအေနဲ့ သီးသန့်မေးမြန်းရာမှာ သတိပေးလိုက်ပါတယ်။ IIMM အကြီးအကဲ Nicholas Koumjian ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း ထားပါတယ်။

ကြီးမားတဲ့လူ့အခွင့်အရေးချိုးဖောက်မူတွေ ကောက်ယူစုဆောင်းဖို့၊ ကုလသမဂ္ဂကနေ ၂၀၁၈ ခုနှစ်မှာဖွဲ့ပေးခဲ့တဲ့ ဒီ IIMM အဖွဲ့အနေနဲ့၊ အခု ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းအပြီးမှာလည်း၊ နောက်ထပ်ဖြစ်လာတဲ့ အလားတူအမူတွေကို စကောက်ယူစုဆောင်းနေပါပြီ။ ဒါတွေက တချိန် ပြည်ပ (သို့မဟုတ်) ပြည်တွင်းခုံခုံးတွေမှာ တရားစွဲနိုင်ချိန် ထိရောက်အောင် အထောက်အကူပြုနိုင်စေဖို့ အခုထဲက စုဆောင်း သုံးသပ်နေတာလို့ အကြီးအကဲ Koumjian က ဆိုပါတယ်။

“မြန်မာနိုင်ငံထဲကိုသွားခွင့်မရတာက အခက်အခဲပိုဖြစ်စေတာ ရှင်းပါတယ်။ ဖြစ်နေတဲ့နယ်မြေတွေ၊ အချိုးဖောက်ခံရသူတွေနဲ့တိုက်ရိုက် မရတဲ့အခါကြတော့လေ။ ဒါပေမဲ့ အခုလိုဖြစ်တာက နိုင်ငံတကာ ရာဇဝတ်မူ ဥပဒေကြောင်းမှာ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ အစိုးရတွေက ပူးပေါင်းဆောင်ရွက်မူ မရှိတဲ့အခါ၊ နိုင်ငံတကာ တရားမျှတမူရရေးကြိုးပမ်းမူတွေ အခက်ကြုံရ တတ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့ မဟာဗျူဟာနည်းသစ်တွေနဲ့ ကြိုးစားနေပါတယ်။ အခု မြန်မာနိုင်ငံက လူတွေနဲ့အဖွဲ့အစည်းတွေပေါင်း ထောင်ဂဏန်းတွေနဲ့ချီပြီး အထောက်အထားတွေ ပို့ပေးလာနေပြီး၊ ဒါတွေကို သိမ်းဆည်း၊ သုံးသပ်တာတွေလုပ်နေပါတယ်။”

အခုလို မြန်မာနိုင်ငံထဲ မသွားနိုင်သေးချိန်မှာ၊ အင်တာနက်ပေါ်မှာ ရှိထားပြီးသား အထောက်အထားတွေကလွဲပြီး၊ ကျန်တာတွေကို ပို့ပေးဖို့ သူကမှာလိုက်ပါတယ်။

“ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဆီ ပို့ပေးလာတဲ့သူ အားလုံးကို ကျေးဇူးတင်စကား ပြောပြချင်ပါတယ်။ မိတ်ဆွေတို့အားလုံး သတ္တိရှိရှိ အခုလိုလုပ်ဆောင်ပေးတာကို အများကြီးလေးစားမိပါတယ်။ ဆက်သွယ်လာသူအားလုံးအနေနဲ့ အထူးသတိထားပြီး ကိုယ့်လုံခြုံရေးကို ပထမဦးစားပေးစေချင်ပါတယ်။ ဆက်သွယ်ရေးလမ်းကြောင်း အလုံခြုံဆုံးဖြစ်ဖို့၊ ကျွန်တော်တို့ဖက်လည်း အစွမ်းကုန်ကြိုးစားမှာပါ။ ဒါကြောင်မို့ Signal ဖုန်းနံ့ပတ်နဲ့၊ ProntonMail ကနေ ဆက်သွယ်ပို့ပေးဖို့ လုပ်ပေးထားတာပါ။ ဒါတွေက မူရင်းပို့တာကို Code အသွင်ပြောင်း ပို့ပေးတာမို့ လုံခြုံပါတယ်။”

Koumjian ကပဲ ကိုယ်တိုင်ကျူးလွန်ခံခဲ့ရတာ (သို့မဟုတ်) ကိုယ်တိုင် သက်သေ အဖြစ်ကြုံခဲ့ရတာတွေကို ထွက်ဆိုထားချက်တွေလို ခိုင်လုံတာမျိုးကို ဓာတ်ပုံ၊ ဗွီဒီယို စတာတွေနဲ့ မှတ်တမ်းတင်ပြီး ပို့ပေးတာတွေထဲမှာ အရေးကြီးဆုံးအချက်ကို ခုလိုရှင်းပြပါတယ်။

“ဒါတွေအားလုံးထဲကမှ တန်ဖိုးအရှိဆုံး အထောက်အထားမျိုးကတော့ ဒီရာဇဝတ်မူအတွက် ဘယ်လိုပြင်ဆင်ခဲ့တာတွေပါလာတာမျိုးပါ။ ရာဇဝတ်မူမြောက်စေ၊ လက်တွေ့ ကျုးလွန်စေတဲ့အမိန့်မျိုး၊ ဒါမှမဟုတ် အထောက်အထားတွေကို ဖျက်ဆီးပစ်ဖို့ အမိန့်မျိုးပေါ့။ ကျွန်တော်တို့အခု အထူးစိုးရိမ်နေတာက၊ လူသေအလောင်းတွေကိုဖျောက်ဖျက်ဖို့ မကြာခင်က ကြိုးစားခဲ့တာမျိုးတွေပါ။ မိသားစုတွေအနေနဲ့ ဆေးစစ်ခွင့်မရ၊ တကယ့်ဒဏ်ရာတွေကို မှတ်တမ်းတင်ခွင့်မရစေအောင်၊ မီး သင်္ဂြိုဟ်လိုက်တာတွေကြားခဲ့ရပါတယ်။ အခုလိုဖျောက်ဖျက်ပစ်ဖို့ အမိန့်ပေးနေသူတွေကို သတိပေးချင်ပါတယ်၊ အခုလို လုပ်တာသက်သက်ကိုက၊ အပြစ်ရှိတာသိတဲ့ စိတ်ဓာတ် သက်သေဖြစ်ပြီး၊ တာဝန်ရှိကြောင်း သက်သေအဖြစ်သုံးနိုင်ပါတယ်။”

အဲ့ဒီတော့ လက်ရှိရထားပြီးသားအထောက်အထားတွေအပေါ် အရေးပါနိုင်တဲ့ ကနဦး တွေ့ရှိသုံးသပ်ချက်ကိုမေးရာမှာတော့၊ အတိအကျပြောဖို့စောသေးတယ်၊ အချိန်ယူ စီစစ် သုံးသပ်နေရဆဲမို့ပါလို့ဆိုပြီ၊ လက်ရှိထူးခြားတာကို သူက အခုလိုရှင်းပြပါတယ်။

“ကျွန်တော်တို့အနေနဲ့ အခုတွေ့ထားရတာတွေအရ အထူးစိုးရိမ်စရာတွေ ရှိနေပါတယ်။ လူထောင်ဂဏန်းတွေနဲ့ချီပြီး မတရားဖမ်းဆီးနေတဲ့ သဘောပါ။ လုံခြုံရေးတပ်ဖွဲ့တွေက ဒီလူတွေကို လာခေါ်ပြီးသွားရင်၊ သူတို့မိသားစုတွေ ရင်းနှီးသူတွေအနေနဲ့၊ သတင်းအချက်အလက် မရကြတော့ဘူး။ ဒါက လူမသိသူမသိပျောက်ဆုံးမူဆိုင်ရာ နိုင်ငံတကာရာဇဝတ်မူကြီးပါ။ နောက် အကြောင်းပြချက်မပေးဘဲ ဖမ်းသွားတာလည်းပါတော့ လူသားမျိုးနွယ်အပေါ်ကြီးမားတဲ့ ရာဇဝတ်မူ Crime Against Humanity မြောက်နိုင်ပါတယ်။ နောက်မိမိအသက်အန္တရာယ်မရှိဘဲ၊ သတ်ဖြတ်မူတွေကလည်း အလားတူ ရာဇဝတ်မူမျိုးပါ။”

ဒါ့အပြင် အခု မြန်မာနိုင်ငံကကျူးလွန်မူမှာ အရေးပါတာကိုလည်း IIMM အကြီးအကဲက ခုလိုဆက်ရှင်းပြပါတယ်။

“မြန်မာနိုင်ငံကိစ္စမကိုင်တွယ်ခင်တုန်းက ကမ္ဘောဒီးယားက ခမာနီခုံရုံးတွေမှာ တာဝန်ယူခဲ့ပါတယ်၊ ၂၀၁၉ ခုနှစ်ကမှ အဲ့ဒီအလုပ်ကိုနားခဲ့တာပါ။ အဲ့ဒီမှာက ဟိုး ၁၉၇၀ နှစ်တွေတုန်းက ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မူတွေကို ပြန်ကိုင်ရတာဗျ။ အဲ့ဒီတော့ နိုင်ငံတကာ ရာဇဝတ်မူကျူးလွန်အောင် အမိန့်ပေးထားသူ ဘယ်သူမဆို၊ ဘယ်တော့မှ ကောင်းကောင်း အိပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီတရားမျှတမူရရေးက၊ နောက်ဆုံးတချိန်ချိန်မှာ ကိုယ့်အိမ်တံခါးအရောက် လာခေါက်မှာမို့ပါ။ တရားမျှတမူရရေးဆိုတာက အကြာကြီးကို ဆက်ရှင်သန်နိုင်တာမျိုးပါ။”

အဲဒီတော့ အဓိကတာဝန်ရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အဓိက ဘာပြောချင်ပါလဲလို့မေးရာမှာ KoumJian က

“လုံခြုံရေးအဖွဲ့တွေကို ကျွန်တော်အကြံပေးချင်တာ၊ ပြန်သတိပြုစေချင်တာကတော့၊ နိုင်ငံတကာ ဥပဒေအခြေခံအချက်တွေပါ။ အထက်ကအမိန့်ကြောင့် ဒီနိုင်ငံတကာဥပဒေကို ကျူးလွန်ခဲ့ရတာပါလို့၊ ဆင်ခြေပေးလို့ မရပါဘူး။ တကယ်တာဝန်ရှိခဲ့တာက၊ ဒီနိုင်ငံတကာရာဇဝတ်မူမြောက်တဲ့အမိန့်ကို လိုက်နာဖို့ ငြင်းခဲ့ရမှာပါ။ နောက်အမိန့်ပေးနေသူတွေကိုလည်း ပြောချင်ပါတယ်၊ နိုင်ငံတကာဥပဒေတွေအောက်မှာ သူတို့တကယ်တာဝန်ရှိတာက၊ ဒီရာဇဝတ်မူတွေမဖြစ်အောင်နဲ့ အခုလို ရာဇဝတ်မူမှာတာဝန်ရှိသူလာတွေကိုအပြစ်ပေးနိုင်အောင် လိုအပ်တာ၊ သင့်တော်တာ အားလုံးလုပ်ပေးဖို့ပါ။ လုပ်ပေးဖို့ ပျက်ကွက်ခဲ့ရင်တော့၊ နိုင်ငံတကာ ဥပဒေအောက်မှာ တာဝန်ယူတာဝန်ခံရမူရှိလာပါလိမ့်မယ်။ အရင်ပြောခဲ့သလိုပဲ၊ နိုင်ငံတကာ တရားမျှတမူ ရှာဖွေရေးက သက်တမ်းရှည်ကြာတတ်ပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းအပြီး ဆန့်ကျင်ဆန္ဒပြပွဲတွေ နိုင်ငံတဝှမ်း ဆက်လက်ဖြစ်ပေါ်နေရာမှာ၊ စစ်တပ်ဖက်ကလည်း ပစ်ခတ်နှိမ်နင်းမူတွေ ဆက်တိုက်လုပ်ဆောင်လာနေတာမို့ ဒီ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မူတွေ ပိုကြီးမားလာမှာကို နိုင်ငံတကာမှာ အထူးစိုးရိမ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG