သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထောက်ထားမဲ့ မြန်မာ ၁၅ ဦး ထိုင်းရဲဖမ်းဆီး


ထိုင်းနိုင်ငံ၊ နခွန်ပသွမ်ပြည်နယ်၊ Bang Len မြို့နယ်ထဲမှာ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ မြန်မာရွှေပြောင်းအလုပ်သမား ၁၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဥ်။ (ဓာတ်ပုံ-ထိုင်းရဲတပ်ဖွဲ့)

ထိုင်းနိုင်ငံ၊ နခွန်ပသွမ်ပြည်နယ်၊ Bang Len မြို့နယ်ထဲမှာ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း အလုပ်သမားရေးဆောင်ရွက်သူ ဦးမိုးကြိုးက VoA ကိုပြောပါတယ်။

"ထိုင်းနိုင်ငံအလယ်ပိုင်း Nakhon Pathom ပြည်နယ်ထဲမှာ ကြိုတင်သတင်းအရလိုင်စင်အတုနဲ့ကားတစီးကို ဖမ်းလိုက်တာပါ။ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိခဲ့တာပါ ။သူတို့ဟာ မြဝတီ မဲဆောက်ကနေ သဘာဝလမ်းအတိုင်း ကုန်းလမ်းအတိုင်း လူကုန်ကူးသူတွေနဲ့အတူလာခဲ့ကြပြီးထိုင်းနိုင်ငံအလယ်ပိုင်းကို ပွဲစားအစီစဉ်နဲ့လာခဲ့ကြတာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့ကလည်း မယ်ကိုးရွာ ယာယီဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ဒုက္ခသည် ၁၀ ဦးကို မယ်ဟောင်ဆောင်ခရိုင် မယ်လနွိုင်က ဆွေမျိုးသားချင်းတွေဆီ အခကြေးငွေယူးပြီး ပို့ပေးတဲ့ ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သြဂုတ်လ ၁၁ ရက်နေ့မှာ ထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

တရားမဝင် ဝင်ရောက်တဲ့ ဒုက္ခသည် ၁၀ ဦးထဲမှာ ကလေးငယ် ၄ ဦးပါဝင်ပါတယ်။ သူတို့ဟာ မကြာသေးခင်က ထိုင်းမြန်မာနယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာဘက်ကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူတွေ အစုလိုက် မကြာခဏ အဖမ်းခံနေကြရတာပါ။

အထောက်ထားမဲ့ မြန်မာ ၁၅ ဦး ထိုင်းရဲဖမ်းဆီး
please wait

No media source currently available

0:00 0:02:58 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG