သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအကြမ်းဖက် တိုက်ခိုက်ခံရမှု ဒေါ်အောင်ဆန်းစုကြည် ဝမ်းနည်းသဝဏ်လွှာပို့


 ဇူလိုင်လ ၁၀ ရက်နေ့က Amarnath ဟိန္ဒူဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများ Surat လေဆိပ်တွင်ရောက်လာစဉ်
ဇူလိုင်လ ၁၀ ရက်နေ့က Amarnath ဟိန္ဒူဘုရားကျောင်း အကြမ်းဖက်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများ Surat လေဆိပ်တွင်ရောက်လာစဉ်

အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၁၀ ရက်နေ့က အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေအတွက် အထူး ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားတဲ့ သဝဏ်လွှာတစောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီဆီကို ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီ ဆိုးသွမ်းရက်စက်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ပြစ်တင် ရှုတ်ချတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာမှာ ရေးထား ကြောင်းလဲ သံရုံးရဲ့ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

Jammu နဲ့ ကက်ရှ်မီးယားဒေသ Anantnag ခရိုင်မှာရှိတဲ့ Amarnath ဟိန္ဒူဘုရားကျောင်းကို သွားရောက်ဖူးမြော်သူတွေကို ဇူလိုင် ၁၀ ရက်နေ့မှာ အကြမ်းဖက်ဝါဒီတွေ တိုက်ခိုက်တာကြောင့် လူ ၇ ယောက်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အကြမ်းဖက်ဝါဒပုံစံအားလုံးနဲ့ ဒီဝါဒစွဲ လုပ်ဆောင်ချက်အားလုံးကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ ပြစ်တင် ရှုတ်ချကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်ရပ်အတွက် အိန္ဒိယဝန်ကြီးချုပ်နဲ့အတူ အိန္ဒိယလူထု၊ အထူးသဖြင့်တော့ ကျန်ရစ်သူမိသားစုတွေအတွက် မြန်မာနိုင်ငံ အစိုးရကိုယ်စားအနေနဲ့ရော သူကိုယ်တိုင်အနေနဲ့ပါ အလေးအနက် ကိုယ်ချင်းစာနာပါကြောင်းနဲ့ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာထဲမှာ ဖော်ပြထားတယ်လို့ အိန္ဒိယသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG