သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နယ်စပ်ဖွံ့ဖြိုးရေးအတွက် မြန်မာကို အိန္ဒိယ ဒေါ်လာ ၅ သန်းထပ်ပေး


မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Vikram Misri က မြန်မာနိုင်ငံနယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်ကို ဒေါ်လာငါးသန်းတန် ချက်လက်မှတ်ပေးအပ်

အိန္ဒိယနဲ့မြန်မာ၂နိုင်ငံ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကူညီတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ငါးသန်းအိန္ဒိဘက်က ထပ်ပြီးပေးလိုက်တဲ့အကြောင်း အိန္ဒိယနိုင်ငံထုတ် First Post သတင်းမှာမနေ့က ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Vikram Misri က မြန်မာနိုင်ငံနယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရဲအောင်ကို ဒေါ်လာငါးသန်းတန် ချက်လက်မှတ်ပေးအပ်တဲ့အခမ်းအနား တနင်္လာနေ့က ကျင်းပခဲ့ပါတယ်။

၂၀၁၂ခုနှစ်တုန်းကရရှိခဲ့တဲ့ နယ်စပ်ဒေ သဖွံ့ ဖြိုးရေးဆိုင်ရာ ၂နိုင်ငံသဘောတူညီမှုအရ အိန္ဒိယအစိုးရက ဒေါ်လာငါးသန်းထပ်ပေးတာပါ။ ၂၀၁၂ခုမေလမှာ နယ်စပ်ဒေ သဖွံ့ဖြိုးရေး၂နိုင်ငံ သဘောတူစာချွန်လွှာကိုလက်မှတ်ရေးထိုးခဲ့ကြပြီး စုစုပေါင်းဒေါ်လာ၂၅သန်း အိန္ဒိယက မြန်မာနိုင်ငံကို ပေးသွားမှာဖြစ်ပါတယ်။

တကြိမ်ကို ငါးသန်းနှုန်းနဲ့ ငါးကြိမ်ခွဲပြီး ပေးဖို့ သဘောတူခဲ့ကြတာပါ။ ပထမနှစ်စီမံကိန်းအရ စာသင် ကျောင်း ၂၁ခု၊ ကျန်းမာရေးဌာန ၁၇ခုနဲ့ တံတားရှစ်ခုကို ချင်းပြည်နယ်နဲ့နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာတည် ဆောက်ခဲ့တယ်လို့ မြန်မာ နိုင်ငံမှာရှိတဲ့ အိန္ဒိယသံရုံးရဲ့ အင်တာနက်ဝဘ်ဆိုဒ်မှာဖေါ်ပြထားပါတယ်။ ဒုတိယနှစ်စီမံကိန်းအရ ချင်းပြည်နယ်နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ လမ်းမကြီးငါးခုဖေါက်ဖို့ မြန်မာဘက်ကစီစဉ်နေပါပြီ။ ချင်းပြည်နယ်မှာ နောက်ထပ်စာသင်ကျောင်းသုံးခုနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ စာသင်ကျောင်း၈ခုတည်ဆောက်သွားဖို့လည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG