သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယပုိင္ ကပၸလီနဲ႔ နီကုိဘာကၽြန္းေတြက ဌာေနတုိင္းရင္းသားေတြ ကုိဗစ္ကူးစက္ေန


Andaman နဲ႔ နီကိုဗာကၽြန္း

Zawgyi/Unicode

အိႏၵိယႏုိင္ငံ ကမ္းလြန္ေဒသမွာရွိတဲ့ ကပၸလီကၽြန္းနဲ႔ နီကိုဗာကၽြန္းေတြမွာ ေနထိုင္တဲ့ ရွားပါးတဲ ့ ေဒသခံမ်ိဳးႏြယ္စုေတြမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ႔ရတဲ့အတြက္ လူဦးေရသိပ္မက်န္ေတာ့တဲ့ ဒီမ်ိဳးႏြယ္စုေတြ ကြယ္ေပ်ာက္သြားမွာကို စိုးရိမ္ေနၾကပါတယ္။

အခုအခါ လူဦးေရအားျဖင့္ ၅၆ ေယာက္သာ က်န္ေတာ့တဲ့ ကပၸလီကၽြန္းေန ဌာေနမ်ိဳးႏြယ္စုႀကီး ထဲက ၁၀ ေယာက္္ မွာ ဒီေရာဂါအကူးစက္ခံေနရတာေတြ႔ရ တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဒီေဒသကို ျပင္ပကလူေတြ မသြားဖို႔ တားထားေပမယ့္ ဒီမ်ိဳးႏြယ္စုႀကီးထဲက တခ်ိဳ႕ဟာ အိႏၵိယ ကုန္းတြင္းပိုင္း ျပည္မႀကီးမွာ ေနသူေတြနဲ႔ ရင္းႏွီးၿပီး အသြားအလာ ရွိတဲ့ အျပင္ ကၽြန္းစုေဒသရဲ့ ၿမိဳ႕ႀကီးျဖစ္တဲ့ Port Blair မွာ အလုပ္လုပ္ေနသူေတြပါ ရွိေနတာပါ။

ကနဦးက သူတုိ႔ မ်ိဳးႏြယ္စုထဲက အကူးစက္ခံရသူ ၆ ဦးေတြ႔ခဲ့ရေပမယ့္ အားလံုး ျပန္က်န္းမာလာတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ ဒါေပမယ့္ ကၽြန္းစုထဲက ေဝးလံေခါင္ဖ်ား Strait ကၽြန္းမွာ ေနသူ ၄ ဦးမွာပါ ကူးစက္ေနတာကို ဒီသီတင္းပတ္ထဲမွာ ေတြ႔ခဲ့ရတာ ျဖစ္ၿပီးး ၂ ဦးကို ေဆးရံုတင္ထားရသလို ေနာက္ ၂ ဦးကိုေတာ့ သီးျခားခြဲေစာင့္ၾကည့္တဲ့ ဌာနမွာ ထားထားရပါတယ္။

ရာစုႏွစ္ေပါင္းမ်ားစြာ ဒီကၽြန္းစုေတြမွာ ေနထိုင္တဲ့ ဌာေနတုိင္းရင္းသား မ်ိဳးႏြယ္စုေတြဟာ အခုအခါမွာ လူဦးေရ ၉ ၀၀ ေလာက္သာ က်န္ေတာ့တာ ျဖစ္ၿပီး သူတုိ႔ဟာ ျပင္ပ လူေတြနဲ႔ထိေတြ႔ဆက္ဆံမႈ သိပ္မရွိတဲ့ အတြက္ ေရာဂါ ျဖစ္ပြါးရင္ အထူးစိုးရိမ္ရတဲ့ အေနထားမွာ ရွိေနတာပါ။

အခု လူဦးေရ ၅၆ ေယာက္ပဲက်န္ေတာ့တဲ့ ကပၸလီကၽြန္းေန ဌာေနမ်ိဳးႏြယ္စုႀကီးဟာ အဲဒီေဒသကို ၿဗိတိသ ွ် ေတြ သိမ္းပိုက္ထားတဲ့ ၁၉ ရာစု ႏွစ္တုန္းက လူဦးေရ ၅၀၀၀ ေလာက္ ရွိခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


Unicode

အိန္ဒိယနိုင်ငံ ကမ်းလွန်ဒေသမှာရှိတဲ့ ကပ္ပလီကျွန်းနဲ့ နီကိုဗာကျွန်းတွေမှာ နေထိုင်တဲ့ ရှားပါးတဲ့ ဒေသခံမျိုးနွယ်စုတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ့ရတဲ့အတွက် လူဦးရေသိပ်မကျန်တော့တဲ့ ဒီမျိုးနွယ်စုတွေ ကွယ်ပျောက်သွားမှာကို စိုးရိမ်နေကြပါတယ်။

အခုအခါ လူဦးရေအားဖြင့် ၅၆ ယောက်သာ ကျန်တော့တဲ့ ကပ္ပလီကျွန်းနေ ဌာနေမျိုးနွယ်စုကြီး ထဲက၁၀ ယောက် မှာ ဒီရောဂါအကူးစက်ခံနေရတာတွေ့ရ တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီဒေသကို ပြင်ပကလူတွေ မသွားဖို့ တားထားပေမယ့် ဒီမျိုးနွယ်စုကြီးထဲက တချို့ဟာ အိန္ဒိယ ကုန်းတွင်းပိုင်း ပြည်မကြီးမှာ နေသူတွေနဲ့ ရင်းနှီးပြီး အသွားအလာ ရှိတဲ့ အပြင်ကျွန်းစုဒေသရဲ့ မြို့ကြီးဖြစ်တဲ့ Port Blair မှာ အလုပ်လုပ်နေသူတွေပါ ရှိနေတာပါ။

ကနဦးက သူတို့ မျိုးနွယ်စုထဲက အကူးစက်ခံရသူ ၆ ဦးတွေ့ခဲ့ရပေမယ့် အားလုံး ပြန်ကျန်းမာလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့် ကျွန်းစုထဲက ဝေးလံခေါင်ဖျား Strait ကျွန်းမှာ နေသူ ၄ ဦးမှာပါ ကူးစက်နေတာကို ဒီသီတင်းပတ်ထဲမှာ တွေ့ခဲ့ရတာ ဖြစ်ပြီးး ၂ ဦးကို ဆေးရုံတင်ထားရသလို နောက် ၂ ဦးကိုတော့ သီးခြားခွဲစောင့်ကြည့်တဲ့ ဌာနမှာ ထားထားရပါတယ်။

ရာစုနှစ်ပေါင်းများစွာ ဒီကျွန်းစုတွေမှာ နေထိုင်တဲ့ ဌာနေတိုင်းရင်းသား မျိုးနွယ်စုတွေဟာ အခုအခါမှာ လူဦးရေ ၉ ၀၀ လောက်သာ ကျန်တော့တာ ဖြစ်ပြီး သူတို့ဟာ ပြင်ပ လူတွေနဲ့ထိတွေ့ဆက်ဆံမှု သိပ်မရှိတဲ့ အတွက် ရောဂါ ဖြစ်ပွါးရင် အထူးစိုးရိမ်ရတဲ့ အနေထားမှာ ရှိနေတာပါ။

အခု လူဦးရေ ၅၆ ယောက်ပဲကျန်တော့တဲ့ ကပ္ပလီကျွန်းနေ ဌာနေမျိုးနွယ်စုကြီးဟာ အဲဒီဒေသကို ဗြိတိသ ျှ တွေ သိမ်းပိုက်ထားတဲ့ ၁၉ရာစု နှစ်တုန်းက လူဦးရေ ၅၀၀၀ လောက် ရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG