သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စက္တင္ဘာ အင္းစိန္ေထာင္တိုက္ပဲြ ႏွစ္ပတ္လည္က်င္းပ


စက္တင္ဘာ အင္းစိန္ေထာင္တိုက္ပဲြ ႏွစ္ပတ္လည္က်င္းပ

ျမန္မာ့သမို္င္းက အႀကီးဆံုး ေထာင္တြင္းသပိတ္တုိက္ပြဲလုိ႔ ေခၚဆုိလုိ႔ရႏုိင္တဲ့ ၁၉၉၀ ခုႏွစ္က ႏုိင္ငံေရး အက်ဥ္းသားေဟာင္း ေတြရဲ႕ အင္းစိန္ေထာင္တြင္း သပိတ္ေၾကာင့္ အာဏာရွင္ေတြရဲ႕ ကိုင္တြယ္ထိန္းခ်ဳပ္တဲ႔ပံုစံ ေျပာင္းလဲသြားခဲ့တယ္လုိ႔ အဲဒီ သပိတ္တုိက္ပြဲမွာ ကုိယ္တုိင္ ပါ၀င္ခဲ့သူေတြက ေျပာပါတယ္။ ဒါ့အျပင္ ဒီကိစၥကုိ ျဖစ္ရပ္မွန္ ရုပ္ရွင္ရိုက္ႏုိင္ဖို႔ စီစဥ္ေနေၾကာင္း ဒီသပိတ္တုိက္ပြဲ ၂၉ ႏွစ္ျပည့္မွာ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ေတြက ေျပာလိုက္ပါတယ္။ ဒီအေၾကာင္းကုိေတာ့ အခမ္းအနားမွာ ကိုယ္တိုင္သြားေရာက္ သတင္းယူခဲ႔တဲ႔ ကိုေဇာ္ထက္က ေျပာျပေပးမွာပါ။

လြန္ခဲ႔တဲ႔ ၂၉ ႏွစ္ အင္းစိန္ေထာင္တြင္းမွာ ႏို္င္ငံေရးအက်ဥ္းသားေတြက အခ်က္ ၅ခ်က္ကို ေတာင္းဆုိၿပီး ေထာင္တြင္းသပိတ္ ဆင္ႏြဲခဲ႔ပါတယ္။ အဲဒီထဲမွာ ၁၉၉၀ အႏိုင္ရပါတီ ေခါင္းေဆာင္ေတြကို ေနအိမ္အက်ယ္ခ်ဳပ္ကေန လႊတ္ေပးဖို႔၊ ႏိုင္ငံေရးေၾကာင့္ မွားယြင္း အက်ဥ္းခ် ခံရတဲ႔သူေတြ ျပင္ဆင္ေလ်ွာက္ထားခြင့္ရဖို႔၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို အျခား အက်ဥ္းသားေတြနဲ႔ သီးျခားထားေပးဖို႔၊ သတင္းစာနဲ႔ စာေစာင္ ဖတ္ခြင့္ရဖို႔၊ ပံုစံထိုင္ၿပီး ေထာင္အရာရွိေတြကို ဦးညႊတ္ရတာ ပယ္ဖ်က္ေပးဖို႔ ေတာင္းဆိုခဲ႔ၾကတာပါ။

ျမန္မာႏုိင္ငံ စစ္အာဏာရွင္စနစ္ေအာက္က လြတ္ေျမာက္ေရး ဒီမုိကေရစီ အေရးေတာ္ပုံကာလအတြင္း ဒီအင္းစိန္အက်ဥ္းေထာင္ တုိက္ပြဲဟာ အထင္ရွားဆုံး လႈပ္ရွားမႈအျဖစ္ ထင္က်န္ရစ္ခဲ့တယ္လုိ႔ အဲဒီျဖစ္ရပ္မွာ ကုိယ္တုိင္ပါ၀င္ခဲ့တဲ့ ဇာဂနာ ေခၚ ဦးသူရက ေျပာပါတယ္။

“ေထာင္သမိုင္းမွာေတာ႔ အၾကမ္းတမ္းဆံုးကိစၥတခုေပါ႔ ေသတဲ႔သူေတြလည္း ေသ ဒဏ္ရာရတဲ႔ သူလည္းရေပါ႔။ ေသရာပါ အမွတ္ေတြနဲ႔ စသျဖင့္ေပါ႔ အမ်ားၾကီးပါ။ အသက္နဲ႔ရင္းျပီး ရင္ဆိုင္ရတယ္ ဆုိေတာ႔ အဲဒီအျဖစ္အပ်က္ၾကီးက က်ေနာ္တို႔ တိုင္းျပည္မွာ ေတာ္ေတာ္ ရုပ္ဆိုးတဲ႔ အျဖစ္အပ်က္ပါ။ အဲဒီအျဖစ္အပ်က္က ရုပ္ဆိုးေပမဲ႔ ဟိုဘက္က စစ္အစိုးရဘက္ကလည္း သင္ခန္းစာရသြားတယ္။ ဘာရသြားလဲဆိုေတာ႔ ငါတို႔ဒီလို ကိုင္တြယ္လို႔မရေတာ႔ဘူး ျဖစ္လာတယ္။ အဲလိုအေျပာင္းအလဲ ႏွစ္ခုၾကားထဲမွာ ဒါေတြကို က်ေနာ္တို႔ ရုပ္ရွင္ရိုက္တယ္ ဆိုတာလည္း နာက်ည္းခ်င္လို႔မဟုတ္ဘူး မွတ္တမ္းတင္ခ်င္လို႔။”

အာဏာရွင္စနစ္ကုိ တြန္းလွန္တဲ့ လႈပ္ရွားမႈတုိင္းမွာ အမ်ဳိးသမီးေတြလည္း တက္ၾကြစြာ ပါ၀င္ခဲ့ၾကတာပါ။ အဲဒီ အင္းစိန္အက်ဥ္းေထာင္ တုိက္ပြဲအတြင္းမွာလည္း အမ်ဳိးသမီးေတြ ဟာ အမ်ဳိးသားေတြနဲ႔တန္းတူ ညွဥ္းပန္း၊ ႏွိပ္စက္ခံခဲ့ၾကရတယ္ဆုိတာကုိ ဦးသူရက အခုလုိ ေျပာျပပါတယ္။

“မိန္းကေလးေတြပါတယ္ အဲဒီတုန္းကမိန္းကေလးေတြက ၂၀၊ ၂၁ ေတြပဲ ရွိတယ္။ ဒီမွာ ေတြ႔ေနရတယ္။ သူတို႔ေတြ အကုန္လံုးသည္ အဲဒီတုန္းက အၾကီးအက်ယ္ အရုိက္ အႏွက္ခံျပီး၊ ေတာ္ရံုတန္ရံု အရိုက္ခံရတာကို က်ေနာ္မေျပာဘူး အခ်က္ သံုးေလးဆယ္ ခ်ဳပ္ရတယ္။ ေျမၾကီးမွာ ဒီလို ဒရြတ္တိုက္ ဆြဲေခၚသြားျပီးေတာ႔ TE ကားေပၚ အဲဒီလို ပစ္တင္လိုက္တယ္။ အဲဒီကားၾကီးေတြနဲ႔ သာယာဝတီေထာင္တို႔၊ သရက္ေထာင္တို႔ ကိုေရႊ႕ခိုင္းတယ္။”

လက္ရွိအရပ္သားအစိုးရတက္လာတဲ႔ အခ်ိန္အထိ ႏိုင္ငံေရးအက်ဥ္းသားေတြဆိုတာ ရွိေနဆဲျဖစ္ျပီး ၂၀၁၉ ၾသဂုတ္လ ၁လတည္းမွာတင္ ႏိုင္ငံေရးလႈပ္ရွားသူ ၁၀၀ ေက်ာ္ အမႈဖြင့္ တရားစြဲခံထားရပါတယ္။ ႏိုင္ငံေရးအက်ဥ္းသားေတြရဲ႕ အခြင့္အေရးနဲ႔ ရပိုင္ခြင့္ကို စဥ္ဆက္မျပတ္ လုပ္သြားဖို႔လိုေၾကာင္း အင္းစိန္အက်ဥ္းေထာင္ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ျဖစ္တဲ႔ ရန္ကုန္တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ဒီသမုိင္းတေလ်ွာက္မွာကေတာ႔ ႏို္င္ငံေရးအက်ဥ္းသားဆိုတာ ထဲထဲဝင္ဝင္ လက္ခံဖို႔၊ ႏို္င္ငံေရးအက်ဥ္းသားေတြရဲ႕ အက်ဥ္းသား ေဟာင္းေတြရဲ႕ အခြင့္အေရးေတြ ရရွိဖို႔ အတြက္ကေတာ႔ က်ေနာ္တို႔က ေတာက္ေလ်ွာက္ လုပ္ရမွာပဲ။ ဒါက ဘာလဲဆုိေတာ႔ က်ေနာ္တို႔ ႏုိင္ငံက အစိုးရတင္ မဟုတ္ဘူး၊ ႏိုင္ငံတကာကပါ က်ေနာ္တို႔ ႏိုင္ငံမွာရွိတဲ႔ ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြကို အသိအမွတ္ျပဳဖို႔ အတြက္ကေတာ႔ က်ေနာ္တို႔အားလံုး ဆက္ျပီး ၾကိဳးစားေနရမွာပါ။”

လက္ရွိမွာ အစိုးရက ၁၈၉၄ အက်ဥ္းေထာင္ဥပေဒ (အိႏၵိယ ဥပေဒ)နဲ႔ အက်ဥ္းေထာင္လက္စြဲကို ဆက္သံုးေနတုန္းျဖစ္ၿပီး အက်ဥ္းေထာင္တြင္း ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေပးဖို႔လည္း ေတာင္းဆိုေနၾကပါတယ္။

ႏို္င္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း AAPP ရဲ႕ အခ်က္အလက္ေတြ အရဆိုရင္ ျမန္မာျပည္တြင္းမွာ ႏိုင္ငံေရးအက်ဥ္းသား ၆၃၀ ရွိျပီး အေယာက္ ၅၀ အက်ဥ္းက် ခံေနရပါတယ္။ ေထာင္တြင္း အမႈရင္ဆိုင္ ေနရတဲ႔သူက ၁၇၉ ဦးရွိျပီး၊ ျပင္ပမွာ တရားရင္ဆိုင္ေနရသူက ၄၀၁ ဦးရွိပါတယ္။ ေနာက္ပိုင္းႏိုင္ငံေရး လႈပ္ရွားသူအမ်ားစုက ၿငိမ္းစုစီဥပေဒ၊ ရာဇသတ္ႀကီးဥပေဒနဲ႔ ဆက္သြယ္ေရး ဥပေဒေတြနဲ႔ တရားစြဲခံထားရတာလည္း ျဖစ္ပါတယ္။

......................

{Unicode}

မြန်မာ့သမိုင်းက အကြီးဆုံး ထောင်တွင်းသပိတ်တိုက်ပွဲလို့ ခေါ်ဆိုလို့ရနိုင်တဲ့ ၁၉၉၀ ခုနှစ်က နိုင်ငံရေး အကျဉ်းသားဟောင်း တွေရဲ့ အင်းစိန်ထောင်တွင်း သပိတ်ကြောင့် အာဏာရှင်တွေရဲ့ ကိုင်တွယ်ထိန်းချုပ်တဲ့ပုံစံ ပြောင်းလဲသွားခဲ့တယ်လို့ အဲဒီ သပိတ်တိုက်ပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့သူတွေက ပြောပါတယ်။ ဒါ့အပြင် ဒီကိစ္စကို ဖြစ်ရပ်မှန် ရုပ်ရှင်ရိုက်နိုင်ဖို့ စီစဉ်နေကြောင်း ဒီသပိတ်တိုက်ပွဲ ၂၉ နှစ်ပြည့်မှာ နိုင်ငံရေး အကျဉ်းသားဟောင်း တွေက ပြောလိုက်ပါတယ်။ ဒီအကြောင်းကိုတော့ အခမ်းအနားမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုဇော်ထက်က ပြောပြပေးမှာပါ။

လွန်ခဲ့တဲ့ ၂၉ နှစ် အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေက အချက် ၅ချက်ကို တောင်းဆိုပြီး ထောင်တွင်းသပိတ် ဆင်နွဲခဲ့ပါတယ်။ အဲဒီထဲမှာ ၁၉၉၀ အနိုင်ရပါတီ ခေါင်းဆောင်တွေကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးဖို့၊ နိုင်ငံရေးကြောင့် မှားယွင်း အကျဉ်းချ ခံရတဲ့သူတွေ ပြင်ဆင်လျှောက်ထားခွင့်ရဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို အခြား အကျဉ်းသားတွေနဲ့ သီးခြားထားပေးဖို့၊ သတင်းစာနဲ့ စာစောင် ဖတ်ခွင့်ရဖို့၊ ပုံစံထိုင်ပြီး ထောင်အရာရှိတွေကို ဦးညွှတ်ရတာ ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ဒီအင်းစိန်အကျဉ်းထောင် တိုက်ပွဲဟာ အထင်ရှားဆုံး လှုပ်ရှားမှုအဖြစ် ထင်ကျန်ရစ်ခဲ့တယ်လို့ အဲဒီဖြစ်ရပ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဇာဂနာ ခေါ် ဦးသူရက ပြောပါတယ်။

“ထောင်သမိုင်းမှာတော့ အကြမ်းတမ်းဆုံးကိစ္စတခုပေါ့ သေတဲ့သူတွေလည်း သေ ဒဏ်ရာရတဲ့ သူလည်းရပေါ့။ သေရာပါ အမှတ်တွေနဲ့ စသဖြင့်ပေါ့ အများကြီးပါ။ အသက်နဲ့ရင်းပြီး ရင်ဆိုင်ရတယ် ဆိုတော့ အဲဒီအဖြစ်အပျက်ကြီးက ကျနော်တို့ တိုင်းပြည်မှာ တော်တော် ရုပ်ဆိုးတဲ့ အဖြစ်အပျက်ပါ။ အဲဒီအဖြစ်အပျက်က ရုပ်ဆိုးပေမဲ့ ဟိုဘက်က စစ်အစိုးရဘက်ကလည်း သင်ခန်းစာရသွားတယ်။ ဘာရသွားလဲဆိုတော့ ငါတို့ဒီလို ကိုင်တွယ်လို့မရတော့ဘူး ဖြစ်လာတယ်။ အဲလိုအပြောင်းအလဲ နှစ်ခုကြားထဲမှာ ဒါတွေကို ကျနော်တို့ ရုပ်ရှင်ရိုက်တယ် ဆိုတာလည်း နာကျည်းချင်လို့မဟုတ်ဘူး မှတ်တမ်းတင်ချင်လို့။”

အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ လှုပ်ရှားမှုတိုင်းမှာ အမျိုးသမီးတွေလည်း တက်ကြွစွာ ပါဝင်ခဲ့ကြတာပါ။ အဲဒီ အင်းစိန်အကျဉ်းထောင် တိုက်ပွဲအတွင်းမှာလည်း အမျိုးသမီးတွေ ဟာ အမျိုးသားတွေနဲ့တန်းတူ ညှဉ်းပန်း၊ နှိပ်စက်ခံခဲ့ကြရတယ်ဆိုတာကို ဦးသူရက အခုလို ပြောပြပါတယ်။

“မိန်းကလေးတွေပါတယ် အဲဒီတုန်းကမိန်းကလေးတွေက ၂၀၊ ၂၁ တွေပဲ ရှိတယ်။ ဒီမှာ တွေ့နေရတယ်။ သူတို့တွေ အကုန်လုံးသည် အဲဒီတုန်းက အကြီးအကျယ် အရိုက် အနှက်ခံပြီး၊ တော်ရုံတန်ရုံ အရိုက်ခံရတာကို ကျနော်မပြောဘူး အချက် သုံးလေးဆယ် ချုပ်ရတယ်။ မြေကြီးမှာ ဒီလို ဒရွတ်တိုက် ဆွဲခေါ်သွားပြီးတော့ TE ကားပေါ် အဲဒီလို ပစ်တင်လိုက်တယ်။ အဲဒီကားကြီးတွေနဲ့ သာယာဝတီထောင်တို့၊ သရက်ထောင်တို့ ကိုရွှေ့ခိုင်းတယ်။”

လက်ရှိအရပ်သားအစိုးရတက်လာတဲ့ အချိန်အထိ နိုင်ငံရေးအကျဉ်းသားတွေဆိုတာ ရှိနေဆဲဖြစ်ပြီး ၂၀၁၉ သြဂုတ်လ ၁လတည်းမှာတင် နိုင်ငံရေးလှုပ်ရှားသူ ၁၀၀ ကျော် အမှုဖွင့် တရားစွဲခံထားရပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို စဉ်ဆက်မပြတ် လုပ်သွားဖို့လိုကြောင်း အင်းစိန်အကျဉ်းထောင် နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်တဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီသမိုင်းတလျှောက်မှာကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ထဲထဲဝင်ဝင် လက်ခံဖို့၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းသား ဟောင်းတွေရဲ့ အခွင့်အရေးတွေ ရရှိဖို့ အတွက်ကတော့ ကျနော်တို့က တောက်လျှောက် လုပ်ရမှာပဲ။ ဒါက ဘာလဲဆိုတော့ ကျနော်တို့ နိုင်ငံက အစိုးရတင် မဟုတ်ဘူး၊ နိုင်ငံတကာကပါ ကျနော်တို့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို အသိအမှတ်ပြုဖို့ အတွက်ကတော့ ကျနော်တို့အားလုံး ဆက်ပြီး ကြိုးစားနေရမှာပါ။”

လက်ရှိမှာ အစိုးရက ၁၈၉၄ အကျဉ်းထောင်ဥပဒေ (အိန္ဒိယ ဥပဒေ)နဲ့ အကျဉ်းထောင်လက်စွဲကို ဆက်သုံးနေတုန်းဖြစ်ပြီး အကျဉ်းထောင်တွင်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေ အရဆိုရင် မြန်မာပြည်တွင်းမှာ နိုင်ငံရေးအကျဉ်းသား ၆၃၀ ရှိပြီး အယောက် ၅၀ အကျဉ်းကျ ခံနေရပါတယ်။ ထောင်တွင်း အမှုရင်ဆိုင် နေရတဲ့သူက ၁၇၉ ဦးရှိပြီး၊ ပြင်ပမှာ တရားရင်ဆိုင်နေရသူက ၄၀၁ ဦးရှိပါတယ်။ နောက်ပိုင်းနိုင်ငံရေး လှုပ်ရှားသူအများစုက ငြိမ်းစုစီဥပဒေ၊ ရာဇသတ်ကြီးဥပဒေနဲ့ ဆက်သွယ်ရေး ဥပဒေတွေနဲ့ တရားစွဲခံထားရတာလည်း ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG