သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာလူ့အခွင့်အရေးနေ့ မြန်မာနိုင်ငံကျင်းပ


ရန်ကုန်မှာကျင်းပတဲ့နို င်ငံတကာ လူ့အခွင့်အရေးနေ့-
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ အမှာစကားပြောကြား (Equality Myanmar)
ရန်ကုန်မှာကျင်းပတဲ့နို င်ငံတကာ လူ့အခွင့်အရေးနေ့- မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ အမှာစကားပြောကြား (Equality Myanmar)

လူ့အခွင့်အရေးယဉ်ကျေးမှုထွန်းကားပြီး ငြိမ်းချမ်းသောကမ္ဘာကြီးတည်ဆောက်နိုင်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၇ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့“ လူ့အခွင့်အရေးအတွက် ရပ်တည်ကြ #standup4 humanrights” ဆိုတဲ့အတိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လူသားတိုင်း မားမားမတ်မတ် ရပ်တည်ကာကွယ်ကြဖို့ မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။အရပ်သားအစိုးရလက်ထက် နိုင်ငံတကာက ပြစ်တင်ရှုတ်ချဝေဖန်ရတဲ့အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်ရှိနေသေးတာ ဟာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူနိုင်မှု မရှိပဲ ချိုးဖောက်ခံရသူတွေကို ဥပဒေအရ အကာအကွယ်ပေးနိုင်မှု အားနည်းနေသေးတဲ့အတွက်ကြောင့် ရှု့မြင်ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဒီကနေ့ တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ကျရောက်တဲ့ ၆၉ ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနားတွေကို ကမ္ဘာတဝှမ်းမှာ ကျင်းပသလို မြန်မာနိုင်ငံမှာလည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေက ပူးပေါင်းကျင်းပကြပါတယ်။

“ လူ့အခွင့်အရေးအတွက် ရပ်တည်ကြ #standup4 humanrights” ဆိုတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ၂၀၁၇ရဲ့ ဆောင်ပုဒ်ကို ကမ္ဘာကြီးမှာ လူ့အခွင့်အရေးယဉ်ကျေးမှု ထွန်းကားစေဖို့ လူ့အခွင့်အရေးကို အမှန်တကယ် ရရှိခံစားစေဖို့ လူသားတိုင်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုတွေကို မားမားမတ်မတ် ရပ်တည်ကာကွယ်ဖို့ဆိုပြီး ဒီနှစ်အတွက် ကုလသမဂ္ဂအဖွဲ့ကြီးက ရွေးချယ်ခဲ့တာပါ။ # သင်္ကေတ ကိုရွေးချယ်ရတာကတော့ ယနေ့ခတ်ဆိုရှယ်မီဒီယာတွေကနေ ထိရောက်တဲ့ ဆက်ကွယ်ရေးလမ်းကြောင်းတွေကနေ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ အရှိန်မြင့်ဖို့နဲ့ လူသားတိုင်း လူ့အခွင့်အရေး အပေါ် ရပ်တည်ကာကွယ်ကြဖို့ တိုက်တွန်းလာတာကြောင့်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေသေးတာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကြုံနေရဆဲ စိန်ခေါ်မှုတွေနဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က နိုင်ငံတကာ လူ့အခွင့်အရေးနေ့အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့တဲ့အဖွဲ့ဖြစ်တဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ HRDP (Human Rights Defenders and Promoters ) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက VOA မြန်မာပိုင်းကို အခုလိုပြောပြပါတယ်။

"မြန်မာနိုင်ငံမှာလူ့အခွင့်အရေးခြေအနေက စံချိန်စံနှှုန်းတွေနဲ့ မကိုက်ညီသေးပါဘူး။ ဒါပေမယ့် တော်တော်ခက်ခက်ခဲခဲကို ရှေ့ဆက်ပြီး ရုန်းကန်ရဦးမှာပါပဲ။ မြန်မာနိုင်ငံမှာ တချို့ဟာတွေကတော့ မပြည့်စုံပါဘူး။ မပြည့်စုံသေးတာလည်း ရှိဦးမှာပေါ့လေ။ အခုအချိန်မှာတော့ လူ့အခွင့်အရေးဆိုတာက စကားလုံးအားဖြင့်တော့ ယဉ်ပါးသွားပါပြီ။ သို့သော်လည်း အမှန်တကယ်သူတို့ လူ့အခွင့်အရေးနဲ့ အသားမကျနိုင်သေးပါဘူး။ ပြောရရင်တော့ လူ့အခွင့်အရေးဆိုတာ ဘာလဲဆိုတာ ကောင်းကောင်းမသိသေးဘူးလို့ ပြောချင်ပါတယ်။ ကောင်းကောင်းသူတို့ကိုယ်တိုင်မသိရင်တော့ အချိုးဖောက်ခံဖု့ိနီးသွားပါပြီ။ အဲဒီနည်းနဲ့ပဲ ကျနော်တို့တိုင်းပြည်မှာတော့ လူ့အခွင့်အရေးချိုးဖောက်မှု လည်း ဆက်လက်ရှင်သန်နေဆဲပါပဲ။ အစိုးရရော အုပ်ချုပ်သူရော အုပ်ချုပ်ခံရော လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့အတွက်ကို ဒါတွေကို အစိုးရက သင်ပေးရမယ်။ ဥပတွေ လွှတ်တေ်ာထဲကနေ ပြဌာန်းပေးရမယ် အဲဒီနည်းနဲ့ရမှ လူထုရဲ့ သက်သာရာ သက်သာကြောင်းဖြစ်လာမှာပါ။"

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ပြစ်တင်ဝေဖန်ရှုတ်ချခံရလောက်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ ဆိုးဆိုးဝါးဝါးဖြစ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်သူတွေကို ဥပဒေကြောင်းအရ အရေးယူနိုင်ခြင်းမရှိတာ၊ နောက် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေပြဋ္ဌာန်းမှုတွေ အားနည်းနေသေးတာကြောင့်လို့ နိုင်ငံတကာလူ့အခွင့်အရေးနေ့လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်တဲ့အဖွဲ့ဖြစ်တဲ့ AAPPB နိုင်ငံရေးအကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်က ထောက်ပြပါတယ်။

"ဒီကနေ့အစိုးရဟာဆိုရင် ပြည်သူတွေ ရွေးချယ်ထားတဲ့ အစိုးရဖြစ်တယ်ပေါ့။ ဒီအစိုးရကလည်း လူ့အခွင့်အရေးတိုးတက်မြင့်မားအောင် ကာကွယ်ဖို့အတွက် ကြိုးစားနေတာတော့ ကျနော်တို့တွေ့ရတယ်။ တွေ့ပေမယ့်လည်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုမျိုး တိုးတက်လာတဲ့ အခြေအနေမျိုးတော့ ကျနော်တို့ မတွေ့ရဘူး အဓိကတော့ လူ့အခွင့်အရေး ကျူးလွန်ခဲ့တဲ့ လူတွေက ပြစ်ဒဏ်ကနေ ကင်းလွတ်နေတယ်ဆိုတဲ့ အခြေအနေဟာ လူ့အခွင့်အရေး မြင့်တင်ဖို့အတွက် ၊ ကာကယ်ဖို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုလို့မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ကျူးလွန်တဲ့လူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ရမယ်။ အရေးယူဆောင်ရွက်မှုတွေ လုပ်နိုင်တဲ့ ဥပဒေတွေကို ကျနော်တို့ အမြန်ဆုံးပြဌာန်းသင့်တယ်လို့ မြင်ပါတယ်။ ဒီ ၂ ချက်က အဓိကလို့ မြင်ပါတယ်။"

လူ့အခွင့်အရေးကြေညာစာတမ်းပါ အခြေခံလူ့အခွင့်အရေးတွေကို ပြည်သူလူထုက သိရှိပြီး လေးစားလိုက်နာဖို့ ပညာပေးလှုံ့ဆော်မှုတွေ ပိုပြီး အရေးတကြီး လုပ်ဆောင်သင့်တာ အထူးသဖြင် လူမျိုး၊ ဘာသာ၊ အသားအရောင်၊ လိင်စိတ်ခံယူမှု ကွဲပြားမှုစတဲ့ လူသားတိုင်းရဲ့ မတူညီကွဲပြားမှုတွေအပေါ် အခြေခံလူ့အခွင့်အရေးတွေ ချိုးဖောက်ခံရမှု နှိမ်ချဆက်ဆံခံရမှုတွေ ပပျောက်အောင် လူ့အခွင့်အရေးအတွက် လူသားတိုင်းက မားမားမတ်မတ်ရပ်တည်ပေးရမယ့်ဆိုတဲ့ အသိစိတ်ဓာတ်က အရေးကြီးတယ်လို့လည်း Triangle အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ဦးဆောင်သူ မခင်လေးကလည်း ထောက်ပြပါတယ်။

"လူ့အခွင့်အရေးဆိုတာကလည်း ကမ္ဘာမှာ အားလုံးကနေပြီးတော့ သဘောတူ လက်ခံပြီးတော့ ပြဌာန်းထားတဲ့ ကုလသမဂ္ဂရဲ့ ကြေညာစာတန်းထဲမှာ ပါပြီးသား လူတိုင်းမှာ မွေးရာပါအခွင့်အရေးဖြစ်တဲ့အတွက် ဒါကိုလည်း ကျမတို့က အရေးစိုက်ပြီးတော့ သေသေချာချာနဲ့ ကာကွယ်မှုအပိုင်းတွေကို လုပ်ဖို့လိုပါတယ်။ ပြည်သူပြည်သားတွေအားလုံးကလည်း လူ့အခွင့်အရေးချိုးဖောက်မှုဆိုတဲ့ဟာမှာ ဘယ်လိုရှိတယ် သေနတ်နဲ့ ပစ်မှ ၊ တုတ်နဲ့ ရိုက်မှမဟုတ်ပဲနဲ့ လူတဦးတယောက်ကိုပဲ ဖြစ်စေ စပြောဆိုမှုကလည်း ချိုးဖောက်မှုဖြစ်တယ်ဆိုတာကို အထူးသတိထားဖို့လိုမယ်လို့ ကျမမြင်ပါတယ်။"

ကမ္ဘာတဝှမ်းက လူသားတိုင်း လူ့ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်ရေး၊ နောက် စစ်မှန်ပြည့်ဝတဲ့ လူ့အခွင့်အရေး အပြည့်အဝ ခံစားရရှိရေးနဲ့ အစိုးရနဲ့ သက်ဆိုင်တဲ့တာဝန်ရှိသူတွေဘက်က လူ့အခွင့်အရေးအပေါ် အမှန်တကယ်လေးစားလိုက်နာပြီးတော့ဥပဒေအရ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာအရေးယူနိုင်ရေးနဲ့ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ မသန်စွမ်းသူတွေနဲ့ လိင်စိတ်မတူကွဲပြားခံယူသူတွေအပေါ် ချိုးဖောက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဥပဒေတွေ ပြဋ္ဌာန်းပြီး ခိုင်မာစွာ ကာကွယ်ပေးဖို့ကိုလည်း လူ့အခွင့်အရေးအဖွဲ့တွေဘက်က အလေးအနက်တိုက်တွန်းကြတာပါ။

ကုလသမဂ္ဂက နိုင်ငံတိုင်း မဖြစ်မနေလိုက်နာသင့်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းကို အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့တဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် လူ့အခွင့်အရေးနေ့အဖြစ် ကုလသမဂ္ဂအထွေထွေညီလာခံက တရားဝင်သတ်မှတ်ပြီး ကျင်းပလာခဲ့တာဆိုရင် အခုဆိုရင် ၆၉ကြိမ်မြောက်ဖြစ်လာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG