သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ဆန္ဒပြပွဲအကြောင်း လွှတ်တော်တံခါးပိတ်ဆွေးနွေး


အီရန်လွှတ်တော်
အီရန်လွှတ်တော်

အီရန်နိုင်ငံအတွင်း လူသေဆုံးမှုတွေရှိခဲ့တဲ့ ဆန္ဒပြမှု အစီရင်ခံ တင်ပြချက်တွေကို ကြားနာဖို့နဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ စီးပွားရေး အခြေအနေတွေကို ပြန်လည်သုံးသပ်ဖို့အတွက် မနေ့ တနင်္ဂနွေနေ့တုန်းက အီရန်လွတ်တော်မှာ တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။

လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရတဲ့ ဆန္ဒပြမှုတွေ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့ရတဲ့အကြောင်းအရင်းတွေနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီး Abdolrahmani Rahmani Fazli ၊ ထောက်လှမ်းရေးဝန်ကြီး Mahmoud Alavi နဲ့ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Ali Shamkhani တို့ကို ဥပဒေပြုလွှတ်တော်အမတ်တွေမေးမြန်းခဲ့ကြတာပါ။

နှစ်သစ်ကူးအချိန်ခါမှာ သီတင်းတပတ်အကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုအတွင်း လူပေါင်း ၁ ထောင်ကျော် ဖမ်းဆီးခံခဲ့ရပေမယ့် အာမခံနဲ့ ပြန်လွတ်ပေးခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ ဒါပေမယ့် ဆန္ဒပြမှုဖြစ်ပွားအောင် အဓိက လှုံ့ဆော်ခဲ့သူတွေလို့ ထင်ရတဲ့သူတွေကိုတော့ တရားစီရင်ရေး လက်ထဲကို အပ်နှံထားတယ်လို့ Tehran မြို့ အစိုးရရှေ့နေ Abbas Jafari Dolatabadi က ပြောဆိုပြီး သူတို့ကို အလေးအနက် အရေးယူသွားမယ်လို့ ဆိုပါတယ်။ လွတ်တော်အဖွဲ့ဝင် မိုဟာမက် ဇီရာ ခါချိုဝီ ကတော့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့သူတွေ အများစုဟာ အလုပ်လက်မဲ့တွေဖြစ်ကြကြောင်း၊ တက္ကသိုလ်ဘွဲ့ မရကြတဲ့သူတွေဖြစ်ကြောင်း ပြောပါတယ်။

လွတ်တော် အစည်းအဝေးအတွင်း လူတွေရဲ့ အနေအထား၊ စီးပွားရေးအခြေအနေနဲ့ အလုပ်လက်မဲ့ ဆိုင်ရာတွေကို အဓိက ဆွေးနွေးကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း မစ္စတာ ခါချိုဝီ နဲ့ တခြားသူတွေကတော့ ဆန္ဒပြမှုနဲ့ပတ်သက်ပြီး နိုင်ငံခြားအစိုးရတွေ ဖြစ်ကြတဲ့ အမေရိကန်၊ ဆော်ဒီအာရေဗျ နဲ့ အစ္စရေးတို့ကို အပြစ်ဖို့ခဲ့ကြပါတယ်။ စီးပွားရေးအခြေအနေတွေကို အသုံးချပြီးတော့ တိုင်းပြည်ကို ဝင်ရောက်ဖို့ ကြိုးစားကြတဲ့ ရန်သူတွေဖြစ်တယ်လို့ မစ္စတာ ခါချိုဝီ က ICANA သတင်းဌာနကို ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG