သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ မော်ရိုကိုနိုင်ငံအကြား သံတမန်ဆက်ဆံရေး တည်ဆောက်


အစ္စရေးနဲ့ မော်ရိုကို အလံများ
အစ္စရေးနဲ့ မော်ရိုကို အလံများ

(Zawgyi/Unicode)

အာဖရိကတိုက် မြောက်ပိုင်းက အာရပ်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မော်ရိုကို နိုင်ငံက အစ္စရေးလ်နဲ့ ပုံမှန် ဆက်ဆံရေးလုပ်ခဲ့ပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

“ဒီနေ့က သမိုင်းဝင် တိုးတက်မှုရရှိတဲ့ နေ့ဖြစ်ကြောင်း၊ ကျွန်တော်တို့ရဲ့ မိတ်ဆွေ အစ္စရေးလ်နဲ့ မော်ရိုကို ဘုရင့်နိုင်ငံတို့ သံတမန် ဆက်ဆံရေး အပြည့်အဝ ထူထောင်ဖို့ သဘောတူခဲ့ကြပြီလို့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် တိုးတက်မှုကြီး ဖြစ်ကြောင်း” သမ္မတ ထရမ့်က တွစ်တာမှာ ရေးပါတယ်။

အမေရိကန်တို့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ လွန်ခဲ့တဲ့ လေးလအတွင်း အစ္စရေးလ်နိုင်ငံနဲ့ သံတမန် ဆက်ဆံရေး ထူထောင်တဲ့ အာရပ် နိုင်ငံတွေထဲ မော်ရိုကိုက စတုတ္ထမြောက်နိုင်ငံ ဖြစ်လာတာပါ။

မော်ရိုကိုနိုင်ငံထဲ ဆယ်စုနှစ်နဲ့ချီ အငြင်းပွားနေတဲ့ အနောက်ဆာဟာရဒေသအပေါ် မော်ရိုကိုနိုင်ငံက အချုပ်အခြာအာဏာပိုင်ဆိုင်မှု ရှိကြောင်း သမ္မတ ထရမ့်က သဘောတူလိုက်အပြီးမှာ အခု သဘောတူညီချက် ထွက်ပေါ်လာတာပါ။ အိမ်နီးချင်း အယ်လ်ဂျီးရီးယား နိုင်ငံက ထောက်ခံအားပေးနေတဲ့ အဲဒီ ဒေသက မော်ရိုကိုနိုင်ငံနေ ခွဲထွက်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

အနောက် ဆာဟာရ နယ်မြေနဲ့ပတ်သက်ပြီး အငြင်းပွားနေမှုအပေါ် ရေရှည်တည်တံ့ပြီး တရားမျှတတဲ့အဖြေရရှိဖို့က မော်ရိုကိုက ကမ်းလှမ်းထားတဲ့ ကိုယ်ပိုင်အုပ်ချုပ် အဆိုပြုချက်ကို ထောက်ခံပေးဖို့ပဲ ဖြစ်တယ်လို့ သမ္မတ အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မော်ရိုကိုနိုင်ငံကလည်း အစ္စရေးလ်နဲ့ သံတမန် ဆက်ဆံရေး ပြန်လည် စတင်မှာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာပဲ အတည်ပြု ကြေညာလိုက်ပါတယ်။ အနောက်ဆာဟာရဒေသအပေါ် မော်ရိုကိုရဲ့ အချုပ်အခြာ အာဏာရှိမှုအပေါ်အမေရိကန်တို့က အသိအမှတ် ပြု တာကို လည်း သမိုင်းဝင် ဆုံးဖြတ်ချက်အဖြစ် ချီးကျူးလိုက်ပါတယ်။

သမ္မတ ထရမ့်နဲ့ မော်ရိုကို ဘုရင်Mohammed VIတို့ တယ်လီဖုန်းကတဆင့် ဆက်သွယ်ဆွေးနွေးပြီးတဲ့နောက် အစ္စရေးလ်နဲ့ သံတမန် ဆက်ဆံရေးပြန်စမယ်ဆိုတာကို မော်ရိုကို ဘုရင်က ပြောကြောင်း မော်ရိုကို နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မော်ရိုကိုနဲ့ အစ္စရေးလ်တို့အကြား ၁၉၉၀ ခုနှစ်တွေမှာ ဆက်သွယ်ရေးရုံးတွေကိုTel Avivနဲ့ Rabatမြို့တွေမှာ အပြန်အလှန်ထား ရှိခဲ့ ပေမယ့် ၂၀၀၀ ပြည့်နှစ်မှာ ပိတ်ပစ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)









XS
SM
MD
LG