သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေးအဆို ကုလလုံခြုံရေးကောင်စီ မဲခွဲအတည်ပြု


ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က လုံခြုံရေးကောင်စီအစည်းအဝေးမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတို့ကြား အပစ်ရပ်စဲရေးအတွက် မဲပေးခဲ့စဥ်။ (ဇွန် ၁၀၊ ၂၀၂၃၄)
ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က လုံခြုံရေးကောင်စီအစည်းအဝေးမှာ အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွတို့ကြား အပစ်ရပ်စဲရေးအတွက် မဲပေးခဲ့စဥ်။ (ဇွန် ၁၀၊ ၂၀၂၃၄)

၈ လကြာလာပြီဖြစ်တဲ့ အစ္စရေးလ်-ဟာမတ်စ်စစ်ပွဲတွေ အပစ်ရပ်စဲနိုင်ရေး အဆိုပြုချက်တရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပထမဆုံးအကြိမ် မဲခွဲအတည်ပြုလိုက်ပါတယ်။ အဆိုပြုချက်နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိနေတဲ့အတွက်ဆိုပြီး ရုရှားကတော့ မဲမပေးဘဲ ကြားနေခဲ့ပါတယ်။

အဆင့်၃ ဆင့်ပါ အပစ်အခတ်ရပ်စဲရေးအဆိုပြုချက်ကို အစ္စရေးလ်နဲ့ဟာမတ်စ်တို့ သဘောတူမတူ မေးခွန်းတွေရှိနေဆဲဖြစ်ပေမယ့် ကုလလုံခြုံရေးကောင်စီရဲ့ ခိုင်မာတဲ့ထောက်ခံမှုကြောင့် အစ္စရေးလ်နဲ့ဟာမတ်စ်တို့ နှစ်ဘက်စလုံးသဘောတူဖို့ ဖိအားတွေတော့ ဖြစ်လာစေပါတယ်။ ကုလဆိုင်ရာ အစ္စရေးလ်ဒုသံအမတ်ကြီး Noa Furman ကတော့ ဟာမတ်စ်တို့ဖမ်းထားတဲ့ ဓားစာခံတွေအားလုံးပြန်လွတ်လာပြီး ဟာမတ်စ်တို့ရဲ့ စစ်ဖက်နဲ့ အုပ်ချုပ်ရေးစွမ်းရည်တွေ ပြိုကွဲသွားတဲ့အထိ အစ္စရေးလ်ဘက်က ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကုလလုံခြုံရေးကောင်စီမဲပေးပြီးချိန်မှာ ပြောကြားသွားပါတယ်။

အစ္စရေးလ်-ဟာမတ်စ်အပစ်ရပ်နိုင်ရေး ကုလလုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင် ၁၅ နိုင်ငံထဲမှာ ထောက်ခံမဲ ၁၄ မဲနဲ့ တခဲနက်အတည်ပြုနိုင်ခဲ့တာြဖစ်ပါတယ်။ အစ္စရေးလ်နဲ့ဟာမတ်စ်တို့ နှစ်ဘက်စလုံး အပစ်အခတ်ရပ်စဲရေးကို လုံးဝနောက်မကျစေဘဲ အပြည့်အဝအကောင်အထည်ဖော်ကြဖို့ လုံခြုံရေးကောင်စီက ခုအတည်ပြုလိုက်တဲ့ အဆိုပြုချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

ဂါဇာအပစ်ရပ်ရေးအဆို ကုလလုံခြုံရေးကောင်စီ မဲခွဲအတည်ပြု
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG