သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာမတ်စ်ဖမ်းထားတဲ့ ဓါးစားခံနှစ်ဦး အစ္စရေးကယ်တင်


ပြန်လွတ်လာတဲ့ဟာမတ်စ်ရဲ့ဓားစာခံနှစ်ဦး Fernando Marman (ယာ) နဲ့ Louis Har (ဝဲ ဒုတိယလူ) တို့ ဆွေမျိုးသားချင်းများနဲ့ တွေ့ဆုံနှုတ်ဆက်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)
ပြန်လွတ်လာတဲ့ဟာမတ်စ်ရဲ့ဓားစာခံနှစ်ဦး Fernando Marman (ယာ) နဲ့ Louis Har (ဝဲ ဒုတိယလူ) တို့ ဆွေမျိုးသားချင်းများနဲ့ တွေ့ဆုံနှုတ်ဆက်။ (ဖေဖေါ်ဝါရီ ၁၂၊ ၂၀၂၄)

ဟာမတ်စ် စစ်သွေးကြွတွေဖမ်းထားတဲ့ ဓားစာခံ ၂ ယောက်ကို အစ္စရေးက တနင်္လာနေ့မှာ ကယ်တင်လိုက်နိုင်ပါတယ်။ ဒါပေမဲ့ ထောက်ကူလေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းကမြို့မှာ ပါလက်စတိုင်းအနည်းဆုံး ၆၇ ယောက် သေဆုံးသွားကြပါတယ်။

အစ္စရေးနဲ့ အာဂျင်တီးနားနိုင်ငံသားတွေအဖြစ်ခံယူထားကြတဲ့ အသက် ၆၀ အရွယ် Fernando Simon Marman နဲ့ အသက် ၇၀ အရွယ် Louis Har တို့ လွတ်မြောက်ခဲ့ကြတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ သူတို့ နှစ်ယောက်လွတ်လာတာကို အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ကြိုဆိုလိုက်ပြီး လုံးဝ အောင်ပွဲခံတဲ့အထိ ဆက်လက် စစ်ရေးဖိအားပေးမှသာ ဓားစာခံအားလုံး လွတ်မြောက်နိုင်လိမ်မ့ယ်လို့ ပြောပါတယ်။

အောက်တိုဘာလ ၇ ရက်နေ့ ဟာမတ်စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ရာမှာ လူ ၁,၂၀၀ သေဆုံးခဲ့ပြီး လူ ၂၄၀ ကျော်ကို ဟာမတ်စ်ကဖမ်းဆီးသွားခဲ့ရာမှာ နိုဝင်ဘာလအတွင်း တပတ်အပစ်ရပ်တော့ ဓားစာခံ ၁၀၀ ကို လွှတ်ပေးတဲ့အတွက် ဟာမတ်စ် ဖမ်းဆီးထားသူ ၁၀၀ ကျော် ရှိနေပါသေးတယ်။ ဓားစာခံ ၃၁ ယောက်ကတော့ ဖမ်းထားတဲ့အတောအတွင်း သေဆုံး ဒါမှမဟုတ် အသတ်ခံလိုက်ရတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ စစ်ကြောင့် ပါလက်စတိုင်း ၂၈,၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်တယ်လို့ တပ်သားနဲ့အရပ်သားခွဲမထားတဲ့ ဟာမတ်စ် ကျန်းမာရေးဌာနစာရင်းက ဆိုပါတယ်။

ဟာမတ်စ်ဖမ်းထားတဲ့ ဓါးစားခံနှစ်ဦး အစ္စရေးကယ်တင်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG