သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဆႏၵျပပြဲေတြျဖစ္ခဲ့တဲ့ Kenosha ၿမိဳ႕ကုိ ဒီမုိကရက္ပါတီ သမၼတေလာင္း Joe Biden သြားေရာက္


ဒီမုိကရက္ပါတီ သမၼတေလာင္း Joe Biden

(Zawgyi/Unicode)

လူမည္းအမ်ိဳးသား Jacob Blake ကို ရဲက ေသနတ္နဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ဆႏၵျပမႈေတြ ျဖစ္ပြါးေနတဲ့ Wisconsin ျပည္နယ္ Kenosha ၿမိဳ႕မွာ ေဒသခံေတြနဲ႔ ေတြ႔ဆံုပြဲလုပ္ဖို႔ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ဂ်ိဳးဘိုင္ဒင္ဟာ ၾကာသပေတးေန႔မွာ သြားေရာက္ခဲ့ပါတယ္။

ဂ်ိဳးဘိုင္ဒင္က အေမရိကန္ႏိုင္ငံသားေတြ ခံစားေနရတာေတြ ေျပ ေလ်ာ့ ေစဖို႔နဲ႔ ႏိုင္ငံတြင္း ႀကံဳေနရတဲ့ စိန္ေခၚမႈေတြ အေၾကာင္း တက္ေရာက္လာမယ့္ ေဒသခံ တသိန္းေလာက္ကို Michigan ေရ ကန္ႀကီးရဲ့ ကမ္းရိုးမွာ မိန္႔ခြန္းေျပာဖို႔ ရည္ရြယ္ထားတယ္လုိ႔ ဘိုင္ဒင့္ မဲဆြယ္အဖြဲ႔ကေျပာပါတယ္။ လူေတြ စိတ္ဝမ္းမကဲြပဲ စည္းစည္းလံုးလံုးရွိေစခ်င္တယ္လို႔ လည္း ဗုဒၶဟူးေန႔ သတင္းစ ာရွင္းလင္းပြဲမွာ ဂ်ိဳးဘိုင္ဒင္က ေျပာခဲ့တာပါ။

Kenosha ၿမိဳ႕ကို သမၼတ ေဒၚနယ္ထရမ့္ သြားေရာက္ခဲ့ၿပီး ၂ ရက္အၾကာမွာပဲ ဂ်ိဳးဘိုင္ဒင္က ဒီၿမိဳ႕ကို သြားေရာက္တာလည္း ျဖစ္ပါတယ္။ ေသနတ္နဲ႔ အပစ္ခံရသူ Blake ရဲ့ မိသားစုကို ဘိုင္ဒင္က သူ႔ရဲ့ ၾကာသပေတးေန႔ ဒီခရီးစဥ္အတြင္း ေတြ႔ဆံုခဲ့ပါတယ္။ သမၼတ ထရမ့္ လာေရာက္စဥ္ကေတာ့ သူတို႔နဲ႔ မေတြ႔ခဲ့ပါဘူး။ ဒါေပမယ့္ သူေတြ႔ခဲ့သူဟာ Blake မိသားစုရဲ့ သင္းအုပ္ဆရာ ျဖစ္ေၾကာင္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ လူနဲစုေတြအေပၚ ရဲရဲ့ ဆက္ဆံမႈေတြနဲ႔ ခြဲျခားဆက္ဆံမႈ ဆိုင္ရာျပႆနာေတြ ႀကံဳေနရခ်ိန္မွာ ဒီမိုကရက္တစ္ပါတီက ဘိုင္ဒင္နဲ႔ ရီပတ္ဘလစ္ကင္ပါတီ ထရမ့္တို႔ ႏိုင္ငံေရးအရ အသာစီးရေအာင္ ဘယ္လို ႀကိဳးစားေနၾကတယ္ ဆိုတာ ဒီခရီးစဥ္က ျပေနတာပါ။

ေမလတုန္းက Minnesota ျပည္နယ္ Minneapolis မွာ လူမည္းအမ်ိဳးသား George Floyd လူျဖဴရဲ ဖမ္းထားစဥ္ ေသဆံုးခဲ့ရတဲ့ေနာက္ပိုင္းမွာ အေမရိကန္ ႏိုင္ငံတလႊား ခြဲျခားဆက္ဆံမႈ အတြက္ ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့တာ ျဖစ္ၿပီး အခုထိလည္း Floyd ေသဆံုးခဲ့ရတဲ့ ျဖစ္ရပ္လို အလားတူ ျဖစ္ရပ္ေတြ ဆက္ၿပီး ႀကံဳေတြ႔ေနရတာပါ။

တိုက္႐ိုက္ လင့္ခ္


.............

ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ Kenosha မြို့ကို ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden သွားရောက်
(Unicode)

လူမည်းအမျိုးသား Jacob Blake ကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဆန္ဒပြမှုတွေ ဖြစ်ပွါးနေတဲ့ Wisconsin ပြည်နယ် Kenosha မြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံပွဲလုပ်ဖို့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒင်ဟာ ကြာသပတေးနေ့မှာ သွားရောက်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်က အမေရိကန်နိုင်ငံသားတွေ ခံစားနေရတာတွေ ပြေ လျော့ စေဖို့နဲ့ နိုင်ငံတွင်း ကြုံနေရတဲ့ စိန်ခေါ်မှုတွေ အကြောင်း တက်ရောက်လာမယ့် ဒေသခံ တသိန်းလောက်ကို Michigan ရေ ကန်ကြီးရဲ့ ကမ်းရိုးမှာ မိန့်ခွန်းပြောဖို့ ရည်ရွယ်ထားတယ်လို့ ဘိုင်ဒင့် မဲဆွယ်အဖွဲ့ကပြောပါတယ်။ လူတွေ စိတ်ဝမ်းမကွဲပဲ စည်းစည်းလုံးလုံးရှိစေချင်တယ်လို့ လည်း ဗုဒ္ဓဟူးနေ့ သတင်းစ ာရှင်းလင်းပွဲမှာ ဂျိုးဘိုင်ဒင်က ပြောခဲ့တာပါ။

Kenosha မြို့ကို သမ္မတ ဒေါ်နယ်ထရမ့် သွားရောက်ခဲ့ပြီး ၂ ရက်အကြာမှာပဲ ဂျိုးဘိုင်ဒင်က ဒီမြို့ကို သွားရောက်တာလည်း ဖြစ်ပါတယ်။ သေနတ်နဲ့ အပစ်ခံရသူ Blake ရဲ့ မိသားစုကို ဘိုင်ဒင်က သူ့ရဲ့ ကြာသပတေးနေ့ ဒီခရီးစဉ်အတွင်း တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ထရမ့် လာရောက်စဉ်ကတော့ သူတို့နဲ့ မတွေ့ခဲ့ပါဘူး။ ဒါပေမယ့် သူတွေ့ခဲ့သူဟာ Blake မိသားစုရဲ့ သင်းအုပ်ဆရာ ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံမှာ လူနဲစုတွေအပေါ် ရဲရဲ့ ဆက်ဆံမှုတွေနဲ့ ခွဲခြားဆက်ဆံမှု ဆိုင်ရာပြဿနာတွေ ကြုံနေရချိန်မှာ ဒီမိုကရက်တစ်ပါတီက ဘိုင်ဒင်နဲ့ ရီပတ်ဘလစ်ကင်ပါတီ ထရမ့်တို့ နိုင်ငံရေးအရ အသာစီးရအောင် ဘယ်လို ကြိုးစားနေကြတယ် ဆိုတာ ဒီခရီးစဉ်က ပြနေတာပါ။

မေလတုန်းက Minnesota ပြည်နယ် Minneapolis မှာ လူမည်းအမျိုးသား George Floyd လူဖြူရဲ ဖမ်းထားစဉ် သေဆုံးခဲ့ရတဲ့နောက်ပိုင်းမှာ အမေရိကန် နိုင်ငံတလွှား ခွဲခြားဆက်ဆံမှု အတွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး အခုထိလည်း Floyd သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်လို အလားတူ ဖြစ်ရပ်တွေ ဆက်ပြီး ကြုံတွေ့နေရတာပါ။

XS
SM
MD
LG