သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ သတင္းသမားေတြ အေရးယူမခံရေအာင္ ဘယ္လုိလုပ္သင့္သလဲ


ဖမ္းဆီးခံခဲ့ရတဲ့ ႐ိုက္တာသတင္းေထာက္ ကိုဝလုံးနဲ႔ ကိုေက်ာ္စုိးဦးတို႔ လြတ္ေျမာက္ေရး ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပခဲ့ၾကတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၆၊ ၂၀၁၈)

(Zawgyi / Unicode)

သတင္းေထာက္ေတြအေနနဲ႔ သတင္းရယူပိုင္ခြင့္အရ လက္နက္ကိုင္အဖြဲ႔ေတြနဲ႔ ဆက္သြယ္ေမးျမန္း တင္ျပတာေတြအေပၚ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူမခံရေအာင္ ဘယ္လိုလုပ္ေဆာင္သင့္သလဲဆိုတဲ့ အျမင္ေတြကို ကိုမုိးေဇာ္ စုစည္းတင္ျပထားပါတယ္။

သတင္းသမားေတြ သတင္းေမးျမန္းရယူတာနဲ႔ ပတ္သက္ၿပီး အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲဆိုခံရတဲ့အေပၚ အစိုးရက ကာကြယ္ေပးႏုိင္မႈ အေျခအေနနဲ႔ ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ ဗဟိုျပန္ၾကားေရးေကာ္မတီဝင္ စာေရးဆရာ မုံရြာေအာင္ရွင္က သူ႔ရဲ႕ ပုဂၢလိကအျမင္ကို အခုလို ေျပာပါတယ္။

“အခု မတရားသင္း အက္ဥပေဒပဲျဖစ္ျဖစ္၊ အၾကမ္းဖက္ဥပေဒပဲ ျဖစ္ျဖစ္ေပါ့ေလ က်ေနာ္တို႔ ရဲေဘာ္ေတြ၊ သတင္းသမားေတြ ဒုကၡေရာက္ေနတယ္၊ ခံစားေနရတယ္။ ဒီဟာေတြရဲ႕ အေျခခံအေၾကာင္းကေတာ့ က်ေနာ္ထင္တယ္၊ အစိုးရ အစိုးရဆိုတာကေတာ့ တခုလုံးနဲ႔ေတာ့ ဆိုင္တယ္။ သို႔ေသာ္လည္းပဲ က်ေနာ္တို႔မွာက အကန႔္အသတ္ေတြ ရွိတယ္။ အဲဒီအကန႔္အသတ္ေတြကို ေလာေလာဆယ္ အစိုးရအေနနဲ႔က ေက်ာ္လြန္လို႔ မရေသးဘူးလို႔ က်ေနာ္က ျမင္တယ္။ အဲဒါကို ဘယ္လိုေက်ာ္လႊားမလဲ ဆိုရင္ေတာ့ လႊတ္ေတာ္ထဲကပဲ က်ေနာ္တို႔ ေက်ာ္လႊားရမွာပါပဲ။”

လႊတ္ေတာ္မွာ ေမးခြန္းေမးျမန္းတာမ်ိဳးကေန ေျဖရွင္းေဆာင္ရြက္ႏိုင္မယ္လို႔ ျမင္ေၾကာင္း သူက ေျပာပါတယ္။

သတင္းသမားေတြကို ကာကြယ္ႏိုင္ဖို႔ဆိုရင္ သတင္းမီဒီယာဥပေဒကို ထိထိေရာက္ေရာက္ ျပင္ဆင္ေရးဆြဲဖို႔နဲ႔ မီဒီယာေကာင္စီရဲ႕ အခန္းက႑ကို ျမႇင့္တင္ဖို႔ လိုအပ္ေၾကာင္းလည္း မုံရြာေအာင္ရွင္က အႀကံျပဳပါတယ္။

“မီဒီယာဥပေဒက တကယ္ပီျပင္တဲ့ မီဒီယာဥပေဒ ျဖစ္ဖို႔လိုတယ္။ က်ေနာ္တို႔ ၿပီးခဲ့တဲ့ ၂၀၁၄ ေလာက္က အတည္ျပဳထားတဲ့ မီဒီယာဥပေဒဟာ တကယ္တန္းက ဘာမွ ျပည့္စုံတဲ့ မီဒီယာဥပေဒေတာ့ မဟုတ္ဘူး။ အဲဒီေတာ့ ဒီဟာကို ေသေသခ်ာခ်ာ ျပန္ၿပီးေတာ့ တကယ္ ထိထိေရာက္ေရာက္ျဖစ္တဲ့ ေခတ္နဲ႔လည္း ေလ်ာ္ညီတဲ့ မီဒီယာဥပေဒေကာင္းတခု ျပန္ၿပီးေတာ့ လုပ္ၾကရမယ္လို႔ ယူဆတယ္။ ဒါက ဥပေဒပိုင္းေပါ့။ ေနာက္ နံပါတ္ ၂ ကေတာ့ မီဒီယာေကာင္စီရဲ႕ အခန္းက႑ကို ဒီထက္ပိုၿပီးေတာ့ ျမႇင့္တင္ဖို႔ လိုအပ္မယ္လို႔ က်ေနာ္ယူဆတယ္။”

အရပ္ဘက္အဖြဲ႔အစည္းဝင္ တဦးျဖစ္တဲ့ ဦးသြင္လင္းေအာင္က သတင္းမီဒီယာဥပေဒမွာ သတင္းရယူပိုင္ခြင့္ RTI နဲ႔ပတ္သက္လို႔ အာမခံရွိေစဖို႔အတြက္ အခုလို အႀကံျပဳပါတယ္။

“အခုဆိုရင္ ေကာင္စီဥပေဒမွာက RTI နဲ႔ ပတ္သက္တဲ့ အခ်က္ေတြဆို ဘာမွ မရွိဘူး။ သတင္းအခ်က္အလက္ ရဖို႔အတြက္ဆို ေတာင္းလို႔မေပးရင္ ဘာျပန္လုပ္လို႔ရတယ္ ဆုိတဲ့ဟာ မပါဘူး။ အဲဒီထဲမွာ ဘာပဲပါေနလဲဆို ေလာေလာဆယ္ သတင္းသမားေတြဘက္က မွားယြင္းမႈရွိရင္ေတာ့ ဘယ္လိုတာဝန္ယူမယ္၊ ဘယ္လိုညႇိႏႈိင္းမယ္၊ ဘယ္လိုအေရးယူမယ္ဆိုတာ ပါေပမယ့္ သတင္းသမားေတြက ဒီအခ်က္အလက္ေတြကို သက္ဆိုင္ရာ ဌာနေတြက ရေအာင္လို႔ ေတာင္းတဲ့အခါ မရရင္ သက္ဆိုင္ရာဌာနေတြက ဘယ္လို တာဝန္ယူမယ္ဆိုတာ ထိထိေရာက္ေရာက္ ရွင္းရွင္းလင္းလင္း မပါတာမ်ိဳး၊ ဒါက ဥပမာတခုအေနနဲ႔ ေျပာတာပါ။ က်န္တဲ့အခ်က္ေတြလည္း အမ်ားႀကီးရွိတယ္။ ဆိုေတာ့ မီဒီယာေကာင္စီကို ပိုၿပီး အခန္းက႑ျမႇင့္ဖို႔ဆိုရင္ သူေမြးဖြားရာျဖစ္တဲ့ မီဒီယာဥပေဒကို ပိုၿပီး ထိေရာက္ေအာင္ ျပင္ဆင္ဖို႔ လိုပါတယ္။ အဲဒါကို ဆရာတို႔ လႊတ္ေတာ္အေနနဲ႔ တာဝန္ယူေပးပါ။”

ေနာက္ ျပည့္စုံတဲ့ RTI ေခၚ သတင္းရယူပိုင္ခြင့္နဲ႔ ပတ္သက္တဲ့ ဥပေဒ ေပၚေပါက္ဖို႔ကိုလည္း ေဆာင္ရြက္ၾကဖို႔ တိုက္တြန္းပါတယ္။

VOM သတင္းဌာနရဲ႕ အယ္ဒီတာခ်ဳပ္ ဦးေနမ်ိဳးလင္းကေတာ့ အစိုးရဌာနက ေျပာေရးဆိုခြင့္ရွိသူ စာရင္းေတြ ထုတ္ျပန္ထားေပမယ့္ ဆက္သြယ္တဲ့အခါ မရတာေၾကာင့္ သတင္းရယူဖို႔ ခက္ခဲေၾကာင္း ေထာက္ျပ ေျပာဆိုပါတယ္။

ဦးေနမ်ိဳးလင္းက သူ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ အဖမ္းခံရစဥ္ ဥပေဒေၾကာင္းအရ ကာကြယ္ေပးသူရရွိဖို႔ ခက္ခဲတဲ့ အေျခအေနကို ႀကံဳခဲ့ရတာေၾကာင့္ အခုလို အႀကံျပဳ တိုက္တြန္းပါတယ္။

“မီဒီယာသမားေတြ တခုခုျဖစ္ၿပီဆိုရင္ ဥပမာ က်ေနာ္ျဖစ္ၿပီဆိုရင္ ေရွ႕ေန ဘယ္သူ႔ကို ေခၚရမွန္းမသိဘူး။ မီဒီယာေကာင္စီအေနနဲ႔ ဥပေဒအေထာက္အကူျပဳ အဖြဲ႔လိုမ်ိဳး ဖန္တီးေပးသင့္တယ္။ မီဒီယာကို ကာကြယ္ေပးမယ့္ ဥပေဒေထာက္ကူျပဳအဖြဲ႔ သန္သန္မာမာရွိဖို႔ လိုတယ္။”

မႏၱေလးအေျခစိုက္ Voice of Myanmar (VOM) သတင္းဌာန အယ္ဒီတာခ်ဳပ္ျဖစ္တဲ့ ဦးေနမ်ဳိးလင္းကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ ၿပီးခဲ့တဲ့ မတ္လက တရားစဲြဆိုခဲ့သလို ရခိုင္အေျခစိုက္ နိရၪၥရာသတင္းဌာနက သတင္းသမားႏွစ္ဦး ဖမ္းဆီးခံရၿပီး သတင္းဌာနအခ်ိဳ႕ရဲ႕ ၀က္ဘ္ဆုိက္ေတြကိုလည္း အာဏာပိုင္ေတြက ပိတ္ပစ္ခဲ့ပါတယ္။

အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ အေရးယူခံရတာမ်ိဳး မရွိေစဖို႔အတြက္ အၾကမ္းဖက္မႈ က်ဴးလြန္ေအာင္ လႈံ႔ေဆာ္တဲ့ အေရးအသားမ်ိဳး မျဖစ္ေစဖို႔ သတင္းသမားေတြ အေနနဲ႔ သတိထားသင့္ေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးသန္းေဇာ္ေအာင္ကလည္း ေထာက္ျပပါတယ္။

“ဒီမွာကေတာ့ အၾကမ္းဖက္သမားလို႔ က်ေနာ္မေျပာဘူး။ ဘယ္လက္နက္ကိုင္ အဖဲြ႔အစည္းပဲျဖစ္ျဖစ္ ဆက္သြယ္ေဆာင္ရြက္တဲ့အခါမွာ အဓိကအားျဖင့္ လႈံ႔ေဆာ္မႈျဖစ္တဲ့ အေရးအသားမ်ိဳး၊ တင္ဆက္မႈမ်ိဳး မျဖစ္ဖို႔လိုတယ္။ ဥပေဒ ပဋိပကၡကေတာ့ သတင္းမီဒီယာဥပေဒမွာ သတင္းသမားေတြကို သတင္းယူပိုင္ခြင့္၊ သတင္းသိပိုင္ခြင့္နဲ႔ ပတ္သက္ၿပီးေတာ့ အတိအက် ေဖာ္ျပထားၿပီးသား ျဖစ္တယ္။ သတင္းသမားက ဥပေဒနဲ႔အညီ ကိုယ့္ရဲ႕ စည္းကမ္း ေဘာင္ထဲက လုပ္လို႔ရွိရင္ တျခားဥပေဒေတြနဲ႔ အေရးယူတာထက္ သတင္းမီဒီယာ ဥပေဒနဲ႔ပဲ အေရးယူသင့္တယ္။”

အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒနဲ႔ သတင္းသမားေတြ တရားစြဲဆိုခံရတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ျမန္မာဂ်ာနယ္လစ္ကြန္ရက္က ကမကထလုပ္ စီစဥ္ၿပီး ဒီကေန႔လုပ္တဲ့ အြန္လိုင္းေဆြးေႏြးပြဲအတြင္း အဲဒီလို အႀကံျပဳ ေျပာဆိုသြားၾကတာပါ။

ဒီေဆြးေႏြးပြဲမွာ ဦးေဆာင္ေဆြးေႏြးသူေတြအျပင္ သတင္းသမား ၃၀ ေလာက္ ပါဝင္တက္ေရာက္ ေဆြးေႏြးခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------------

(Unicode)

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သတင်းသမားတွေ အရေးယူမခံရအောင် ဘယ်လိုလုပ်သင့်သလဲ

သတင်းထောက်တွေအနေနဲ့ သတင်းရယူပိုင်ခွင့်အရ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်မေးမြန်း တင်ပြတာတွေအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူမခံရအောင် ဘယ်လိုလုပ်ဆောင်သင့်သလဲဆိုတဲ့ အမြင်တွေကို ကိုမိုးဇော် စုစည်းတင်ပြထားပါတယ်။

သတင်းသမားတွေ သတင်းမေးမြန်းရယူတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံရတဲ့အပေါ် အစိုးရက ကာကွယ်ပေးနိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီဝင် စာရေးဆရာ မုံရွာအောင်ရှင်က သူ့ရဲ့ ပုဂ္ဂလိကအမြင်ကို အခုလို ပြောပါတယ်။

“အခု မတရားသင်း အက်ဥပဒေပဲဖြစ်ဖြစ်၊ အကြမ်းဖက်ဥပဒေပဲ ဖြစ်ဖြစ်ပေါ့လေ ကျနော်တို့ ရဲဘော်တွေ၊ သတင်းသမားတွေ ဒုက္ခရောက်နေတယ်၊ ခံစားနေရတယ်။ ဒီဟာတွေရဲ့ အခြေခံအကြောင်းကတော့ ကျနော်ထင်တယ်၊ အစိုးရ အစိုးရဆိုတာကတော့ တခုလုံးနဲ့တော့ ဆိုင်တယ်။ သို့သော်လည်းပဲ ကျနော်တို့မှာက အကန့်အသတ်တွေ ရှိတယ်။ အဲဒီအကန့်အသတ်တွေကို လောလောဆယ် အစိုးရအနေနဲ့က ကျော်လွန်လို့ မရသေးဘူးလို့ ကျနော်က မြင်တယ်။ အဲဒါကို ဘယ်လိုကျော်လွှားမလဲ ဆိုရင်တော့ လွှတ်တော်ထဲကပဲ ကျနော်တို့ ကျော်လွှားရမှာပါပဲ။”

လွှတ်တော်မှာ မေးခွန်းမေးမြန်းတာမျိုးကနေ ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ မြင်ကြောင်း သူက ပြောပါတယ်။

သတင်းသမားတွေကို ကာကွယ်နိုင်ဖို့ဆိုရင် သတင်းမီဒီယာဥပဒေကို ထိထိရောက်ရောက် ပြင်ဆင်ရေးဆွဲဖို့နဲ့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ လိုအပ်ကြောင်းလည်း မုံရွာအောင်ရှင်က အကြံပြုပါတယ်။

“မီဒီယာဥပဒေက တကယ်ပီပြင်တဲ့ မီဒီယာဥပဒေ ဖြစ်ဖို့လိုတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၄ လောက်က အတည်ပြုထားတဲ့ မီဒီယာဥပဒေဟာ တကယ်တန်းက ဘာမှ ပြည့်စုံတဲ့ မီဒီယာဥပဒေတော့ မဟုတ်ဘူး။ အဲဒီတော့ ဒီဟာကို သေသေချာချာ ပြန်ပြီးတော့ တကယ် ထိထိရောက်ရောက်ဖြစ်တဲ့ ခေတ်နဲ့လည်း လျော်ညီတဲ့ မီဒီယာဥပဒေကောင်းတခု ပြန်ပြီးတော့ လုပ်ကြရမယ်လို့ ယူဆတယ်။ ဒါက ဥပဒေပိုင်းပေါ့။ နောက် နံပါတ် ၂ ကတော့ မီဒီယာကောင်စီရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုပြီးတော့ မြှင့်တင်ဖို့ လိုအပ်မယ်လို့ ကျနော်ယူဆတယ်။”

အရပ်ဘက်အဖွဲ့အစည်းဝင် တဦးဖြစ်တဲ့ ဦးသွင်လင်းအောင်က သတင်းမီဒီယာဥပဒေမှာ သတင်းရယူပိုင်ခွင့် RTI နဲ့ပတ်သက်လို့ အာမခံရှိစေဖို့အတွက် အခုလို အကြံပြုပါတယ်။

“အခုဆိုရင် ကောင်စီဥပဒေမှာက RTI နဲ့ ပတ်သက်တဲ့ အချက်တွေဆို ဘာမှ မရှိဘူး။ သတင်းအချက်အလက် ရဖို့အတွက်ဆို တောင်းလို့မပေးရင် ဘာပြန်လုပ်လို့ရတယ် ဆိုတဲ့ဟာ မပါဘူး။ အဲဒီထဲမှာ ဘာပဲပါနေလဲဆို လောလောဆယ် သတင်းသမားတွေဘက်က မှားယွင်းမှုရှိရင်တော့ ဘယ်လိုတာဝန်ယူမယ်၊ ဘယ်လိုညှိနှိုင်းမယ်၊ ဘယ်လိုအရေးယူမယ်ဆိုတာ ပါပေမယ့် သတင်းသမားတွေက ဒီအချက်အလက်တွေကို သက်ဆိုင်ရာ ဌာနတွေက ရအောင်လို့ တောင်းတဲ့အခါ မရရင် သက်ဆိုင်ရာဌာနတွေက ဘယ်လို တာဝန်ယူမယ်ဆိုတာ ထိထိရောက်ရောက် ရှင်းရှင်းလင်းလင်း မပါတာမျိုး၊ ဒါက ဥပမာတခုအနေနဲ့ ပြောတာပါ။ ကျန်တဲ့အချက်တွေလည်း အများကြီးရှိတယ်။ ဆိုတော့ မီဒီယာကောင်စီကို ပိုပြီး အခန်းကဏ္ဍမြှင့်ဖို့ဆိုရင် သူမွေးဖွားရာဖြစ်တဲ့ မီဒီယာဥပဒေကို ပိုပြီး ထိရောက်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ အဲဒါကို ဆရာတို့ လွှတ်တော်အနေနဲ့ တာဝန်ယူပေးပါ။”

နောက် ပြည့်စုံတဲ့ RTI ခေါ် သတင်းရယူပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေ ပေါ်ပေါက်ဖို့ကိုလည်း ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။

VOM သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးနေမျိုးလင်းကတော့ အစိုးရဌာနက ပြောရေးဆိုခွင့်ရှိသူ စာရင်းတွေ ထုတ်ပြန်ထားပေမယ့် ဆက်သွယ်တဲ့အခါ မရတာကြောင့် သတင်းရယူဖို့ ခက်ခဲကြောင်း ထောက်ပြ ပြောဆိုပါတယ်။

ဦးနေမျိုးလင်းက သူ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အဖမ်းခံရစဉ် ဥပဒေကြောင်းအရ ကာကွယ်ပေးသူရရှိဖို့ ခက်ခဲတဲ့ အခြေအနေကို ကြုံခဲ့ရတာကြောင့် အခုလို အကြံပြု တိုက်တွန်းပါတယ်။

“မီဒီယာသမားတွေ တခုခုဖြစ်ပြီဆိုရင် ဥပမာ ကျနော်ဖြစ်ပြီဆိုရင် ရှေ့နေ ဘယ်သူ့ကို ခေါ်ရမှန်းမသိဘူး။ မီဒီယာကောင်စီအနေနဲ့ ဥပဒေအထောက်အကူပြု အဖွဲ့လိုမျိုး ဖန်တီးပေးသင့်တယ်။ မီဒီယာကို ကာကွယ်ပေးမယ့် ဥပဒေထောက်ကူပြုအဖွဲ့ သန်သန်မာမာရှိဖို့ လိုတယ်။”

မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန အယ်ဒီတာချုပ်ဖြစ်တဲ့ ဦးနေမျိုးလင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ပြီးခဲ့တဲ့ မတ်လက တရားစွဲဆိုခဲ့သလို ရခိုင်အခြေစိုက် နိရဉ္စရာသတင်းဌာနက သတင်းသမားနှစ်ဦး ဖမ်းဆီးခံရပြီး သတင်းဌာနအချို့ရဲ့ ဝက်ဘ်ဆိုက်တွေကိုလည်း အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံရတာမျိုး မရှိစေဖို့အတွက် အကြမ်းဖက်မှု ကျူးလွန်အောင် လှုံ့ဆော်တဲ့ အရေးအသားမျိုး မဖြစ်စေဖို့ သတင်းသမားတွေ အနေနဲ့ သတိထားသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်ကလည်း ထောက်ပြပါတယ်။

“ဒီမှာကတော့ အကြမ်းဖက်သမားလို့ ကျနော်မပြောဘူး။ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းပဲဖြစ်ဖြစ် ဆက်သွယ်ဆောင်ရွက်တဲ့အခါမှာ အဓိကအားဖြင့် လှုံ့ဆော်မှုဖြစ်တဲ့ အရေးအသားမျိုး၊ တင်ဆက်မှုမျိုး မဖြစ်ဖို့လိုတယ်။ ဥပဒေ ပဋိပက္ခကတော့ သတင်းမီဒီယာဥပဒေမှာ သတင်းသမားတွေကို သတင်းယူပိုင်ခွင့်၊ သတင်းသိပိုင်ခွင့်နဲ့ ပတ်သက်ပြီးတော့ အတိအကျ ဖော်ပြထားပြီးသား ဖြစ်တယ်။ သတင်းသမားက ဥပဒေနဲ့အညီ ကိုယ့်ရဲ့ စည်းကမ်း ဘောင်ထဲက လုပ်လို့ရှိရင် တခြားဥပဒေတွေနဲ့ အရေးယူတာထက် သတင်းမီဒီယာ ဥပဒေနဲ့ပဲ အရေးယူသင့်တယ်။”

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ သတင်းသမားတွေ တရားစွဲဆိုခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်က ကမကထလုပ် စီစဉ်ပြီး ဒီကနေ့လုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်း အဲဒီလို အကြံပြု ပြောဆိုသွားကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဦးဆောင်ဆွေးနွေးသူတွေအပြင် သတင်းသမား ၃၀ လောက် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG