သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံတက်မယ့် ကန် ဒုသမ္မတ အင်ဒိုနီးရှား ဆိုက်ရောက်


အမေရိကန် ဒုသမ္မတ Kamala Harris အင်ဒိုနီးရှားနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်လာစဥ်။ (စက်တင်ဘာ ၅၊ ၂၀၂၃)
အမေရိကန် ဒုသမ္မတ Kamala Harris အင်ဒိုနီးရှားနိုင်ငံကို အာဆီယံထိပ်သီးအစည်းအဝေးတက်ဖို့ ရောက်လာစဥ်။ (စက်တင်ဘာ ၅၊ ၂၀၂၃)

အမေရိကန် ဒုတိယသမ္မတကင်မ်မလာ ဟဲရစ်စ် ဟာ အင်ဒိုနီးရှားနိုင်ငံ ဆူကာနို ဟတ္တား (Soekarno Hatta) နိုင်ငံတကာလေဆိပ်ကို အင်္ဂါနေ့ညက ရောက်ရှိသွားခဲ့ပြီး အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး ဘူဒီ ဂူနာဒီ ဆာဒီကင် (Budi Gunadi Sadikin) က ကြိုဆိုခဲ့ပါတယ်။ ဒါဟာ အမေရိကန်ဒုတိယသမ္မတရဲ့ တတိယမြောက် အရှေ့တောင်အာရှခရီးစဥ်ဖြစ်ပြီး အာရှအနေနဲ့ဆိုရင်တော့ စတုတ္ထမြောက်ခရီးစဥ် ဖြစ်ပါတယ်။

အမေရိကန်သမ္မတဘိုင်ဒန်ကိုယ်တိုင် အာဆီယံထိပ်သီးအစည်းအဝေးကို မတက်ရောက်ဘဲ ဒုတိယသမ္မတပဲတက်ရောက်တဲ့အတွက် တချို့က မချင့်မရဲ ဖြစ်နေကြတယ်လို့ အေပီသတင်းက ဆိုပါတယ်။ သမ္မတဘိုင်ဒန်က ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကျင်းပမယ့် အိန္ဒိယကိုသွားမှာဖြစ်ပြီး အဲဒီကနေ ဗီယက်နမ်ကို ခရီးဆက်ဖို့ ရှိပါတယ်။

"အာဆီယံက ထိရောက်မှုနည်းလာလေ ခေါင်းဆောင်တွေတက်တာ နည်းသထက်နည်းလာတာနဲ့ ကျနော်တို့ အဆုံးသတ်ကောင်း သတ်သွားနိုင်ပါတယ်"-လို့ ယခင် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း မာတီ နာတာလီဂါဝ (Marty Natalegawa) က ပြောပါတယ်။ ဒေသတွင်းမှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ရှိနေကြောင်း ကမ္ဘာ့ခေါင်းဆောင်တွေယုံကြည်လာအောင် အာဆီယံက ရုန်းကန်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရေးပါတဲ့တိုးတက်မှုမရရှိတာကိုလည်း ဒီ ထိပ်သီး အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက အသိအမှတ်ပြုထားကြတာပါ။ ဒါပေမဲ့ သမ္မတဘိုင်ဒန်က အာဆီယံကို အဖက်မတန် ဥပေက္ခာပြုလိုက်တယ်ဆိုတဲ့ အမြင်ကို အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာဘီ ကတော့ ငြင်းဆိုလိုက်ပြီး အာဆီယံခေါင်းဆောင်တွေနဲ့ ပထမဆုံး ဝါရှင်တန် ထိပ်သီးညီလာခံကို သမ္မတဘိုင်ဒန်က အိမ်ရှင်အဖြစ်ကျင်းပခဲ့တာကို ထောက်ပြလိုက်ပါတယ်။

"တိုင်းပြည်တိုင်းက အခမ်းအနားတရပ်ကျင်းပတဲ့အခါ အမေရိကန်သမ္မတကို လာစေချင်ကြတာပါပဲ။ ဒါပေမဲ့ ဒုတိယသမ္မတရဲ့ခရီးမှာလည်း စိတ်အားထက်သန်မှု ကြီးကြီးမားမား ရှိပါတယ်" လို့ ကင်မ်မလာ ဟဲရစ်စ်ရဲ့ အမျိုးသား လုံခြုံရေး အကြံပေး ဖီးလ် ဂေါ်ဒန် ကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG