သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူတိုက်ခိုက်မှု တာဝန်ရှိသူတွေအရေးယူဖို့ ကုလအကြီးအကဲတိုက်တွန်း


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)

{{Zawgyi/Unicode}}

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက အရပ်သား ၁၀၀ ဝန်းကျင် သေဆုံးအောင် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres က အပြင်းအထန်ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို အရေးယူဖို့ တောင်းဆိုလိုက်ပါတယ်။

သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရရှိသွားကြသူတွေရဲ့ မိသားစုတွေနဲ့အတူ ထပ်တူကြေကွဲဝမ်းနည်းစကားကိုလည်း အတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပြီး ဒဏ်ရာရရှိသူတွေ အရေးပေါ် ကုသရေးနဲ့ အကူအညီရရှိရေးအတွက်ခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုပုံစံအားလုံးကို အတွင်းရေးမှူးချုပ်က ရှုတ်ချလိုက်ပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေနဲ့အညီ အရပ်သားတွေကို အကာအကွယ်ပေးရေးက မူလဘူတ အရေးကြီးဆုံးဖြစ်တယ်လို့လည်း အတွင်းရေးမှူးချုပ် ပြောရေးဆိုခွင့်ရှိသူရဲ့ရုံး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

တိုင်းပြည်တလွှားက ပြည်သူလူထုအပေါ် အကြမ်းဖက်တိုက်ခိုက်နေတာတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၂၆၆၉ နဲ့အညီရပ်လိုက်ဖို့လည်း မြန်မာစစ်တပ်ကို အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။

ကန့်ဘလူမှာတိုက်ခိုက်ခဲ့တာဟာ စစ်တပ်က တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ဥပဒေအရ စောင့်ထိန်းလိုက်နာရမယ့်တာဝန်ရှိပေမဲ့ ဆက်စပ် နိုင်ငံတကာ ဥပဒေတွေကိုလျစ်လျူပြု တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Volker Türk ကလည်း ဧပြီလ ၁၂ ရက်နေ့စွဲ နဲ့ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက ကျူးလွန်ခဲ့တဲ့ အလွန်အကျွံ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်တပ်နဲ့ ဆက်စပ် လက်နက်ကိုင်တပ်တွေမှာ တာဝန်ရှိပြီး တချို့ပြစ်မှုတွေဟာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ မြောက်နိုင်တယ်လို့လည်း သူက ဆိုပါတယ်။ ခုအချိန်မှာ ဆောင်ရွက်‌နေပြီဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးဖြစ်စဉ်အရ မြန်မာစစ်တပ်ခေါင်းဆောင်တွေဟာ သူတို့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တနေ့မှာ အရေးယူခံရလိမ့်မယ်လို့ ခိုင်ခိုင်မာမာယုံကြည်ကြောင်းလည်း ကော်မရှင်နာမင်းကြီး Volker Türk က သူ့ ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

==============

{{Unicode}}







ဆက်စပ်သတင်းများ ...

XS
SM
MD
LG