(Zawgyi/Unicode)
ကရင္ျပည္နယ္က တန္ ၄၀၀၀ ၿမိဳင္ကေလး ဘိလပ္ေျမစက္႐ုံ ပိတ္ေပးဖို႔ ေတာင္းဆိုလႈပ္ရွားခဲ့သူကို ျပည္နယ္အုပ္ခ်ဳပ္ေရးက တရားစြဲထားတဲ့ ေနာက္ဆက္တဲြ အေျခအေနကိုကုိေဇာ္ထက္ တင္ဆက္ေပးမွာပါ။
ကရင္ျပည္နယ္ ဘားအံၿမိဳ႕က ေက်ာက္မီးေသြးေလာင္စာသုံး တန္ ၄၀၀၀ ဘိလပ္ေျမစက္႐ုံေၾကာင့္ အနီးနားေက်း႐ြာေတြ ေရထုညစ္ညမ္းေစတယ္ဆိုၿပီး ေဒသခံနဲ႔သံဃာေတာ္ေတြ ဇန္နဝါရီ ၁၇ရက္မွာ စုေပါင္းဆႏၵျပဆုေတာင္းပဲြ လုပ္ခဲ့တာပါ။ဒီဆုေတာင္းပြဲမွာ သတင္းမီဒီယာေတြကို ေျဖၾကားခဲ့တဲ့ ကရင္ျမစ္ေခ်ာင္း ေစာင့္ၾကည့္ေရး ကြန္ရက္က ေစာသာဘိုးကို ျပည္နယ္အုပ္ခ်ဳပ္ေရးအဖြဲ႕က ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈ ဥပေဒပုဒ္မ ၅၀၅ ( ခ) နဲ႔ တရားစြဲခဲ့ပါတယ္။
ဒီေန႔ ေမလ ၁၈ရက္ ဒုတိယအႀကိမ္တရား႐ုံးခ်ိန္ကို ေစာသာဘိုး လာေရာက္ျခင္းမရွိသလို သူ႔အစားတရား႐ုံးကိုသြားခဲ့တဲ့ ပြင့္လင္းျမင္သာမႈႏွင့္ တာဝန္ယူမႈ တာဝန္ခံမႈ အရပ္ဘက္အဖြဲ႕ MATA အဖြဲ႕က ေစာဟဲေစးက အမႈအေျခေနကို အခုလိုေျပာပါတယ္။
“ ဘယ္သူကစြဲလဲဆိုေတာ့ အေထြေထြအုပ္ခ်ဳပ္ေရးကပဲ လႈိင္ေက်ာ္စိုးဆိုတဲ့တေယာက္၊ ပုဒ္မကေတာ့ ၅၀၅ ( ခ) ေပါ့ေနာ္။ အမိန႔္ခ်ၿပီးတဲ့အခါက်ေတာ့ တရားခံကို မေတြ႕တဲ့အခါက်ေတာ့ က်င့္ထုံးဆိုင္ရာ ဥပေဒပုဒ္မ ၅၁၂ နဲ႔ တရားစစ္မယ္၊ လိုျပသက္ေသ စစ္ၿပီးသြားတာနဲ႔ သူသည္ ၅၀၅ ( ခ) အေနနဲ႔ တရားစြဲခံထိုက္တယ္ဆိုၿပီး သူ႔ကို တရားခံေျပးအျဖစ္သတ္မွတ္မယ္၊ သတ္မွတ္တယ္ဆိုတဲ့ ပုံစံမ်ိဳးခင္ဗ်။”
ေစာသာဘိုးအေနနဲ႔ ေရွ႕ေန႔ ေရွ႕ရပ္နဲ႔ တရားရံုးရင္ဆိုင္မယ္ဆိုရင္ ဥပေဒအရ အရင္ဆုံး အဖမ္းခံၿပီးမွ ေရွ႕ေနကို ေခၚယူရမွာပါ။ ၂၅ရက္ေန႔မွာ အမႈကို ထပ္စစ္ေဆးဖို႔ ၿမိဳ႕နယ္တရား႐ုံးက ႐ုံးခ်ိန္းထပ္ေခၚ ထားပါတယ္။ တရားရံုး စစ္ေဆးၾကားနာမႈေတြကို အယံုအၾကည္မရိွလို႔ သူ႔အေနနဲ႔ တရားရင္ဆိုင္ျခင္းမလုပ္တာလို႔ ေစာသာဘိုးက ေျပာပါတယ္
စီမံကိန္းနဲ႔ပတ္သက္လို႔ ျပည္နယ္အဆင့္၊ ျပည္ေထာင္စုအဆင့္ လုပ္ငန္းနားလည္မႈစာခ်ဳပ္ MOU ေရးထိုးတဲ့အခါမွာ ပြင့္လင္းျမင္သာမႈမရွိသလို၊ သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေအာင္ လုပ္ေဆာင္ ထားတာလည္း မရွိတဲ့အေၾကာင္း တရားစြဲခံရသူ ေစာသာဘိုးက ဗြီအိုေအကိုေျပာပါတယ္။ ၿပီးေတာ့ ဒီတန္ ၄၀၀၀ ဘိလပ္ေျမစက္႐ုံက စစ္တပ္ေနာက္ခံျပဳ ျမန္မာ့စီးပြားေရးလုပ္ငန္း MEC ရဲ႕ ပိုင္ဆိုင္မႈတခုျဖစ္တယ္လို႔ သူက ေျပာပါတယ္။
“အခုတန္ ၄၀၀၀ ဘိလပ္ေျမစက္႐ုံ ဒါ တပ္မေတာ္သားပိုင္တဲ့ MEC ကပိုင္တဲ့ စီမံကိန္းေပါ့။ ဒီစီမံကိန္းမွာ ၾကည့္ရင္ ပြင့္လင္းျမင္သာမႈ အရမ္းကို အားနည္းတယ္။ တႏွစ္ကို တန္ ၄၀၀၀ ထုတ္တဲ့ဟာသည္ ဘ႑ာေငြ ဘယ္ကိုေရာက္ေနသလဲ၊ က်ေနာ္တို႔ ေထာက္ျပ၊ ေျပာဆိုတဲ့အခါမွာ ဒီကုမၸဏီက ေလးစားလိုက္တာျခင္း မရွိသလို၊ အစိုးရဘက္ကလည္း ေလးေလးနက္နက္ အေရးယူျခင္းက မေတြ႕ရဘူး။”
ဘိလပ္ေျမေဖာ္စပ္တဲ့ ကုန္ၾကမ္း တန္နဲ႔ခ်ီ တူးေဖာ္တာမွာလည္း သဘာဝပတ္ဝန္းက်င္ ဆန္းစစ္တာေတြမရွိဘဲ ထုတ္ယူသုံးစြဲေနတယ္လို႔ သူကေျပာပါတယ္။
ျမန္မာႏိုင္ငံဆိုင္ရာ ဥေရာပသမဂၢ EU ရံုးကလည္း လြတ္လပ္တဲ့ သဘာဝပတ္ဝန္းက်င္ ဆန္းစစ္မႈေတြရွိဖို႔၊ ပြင့္လင္းျမင္သာတဲ့ ေဆြးေႏြးမႈေတြရွိလာဖို႔ ေစာသာဘိုးအမႈကိစၥက ေဖာ္ျပေနေၾကာင္း ေမလ ၁၅ရက္မွာ သေဘာထား ထုတ္ျပန္ထားပါတယ္။ MATA အဖြဲ႕အပါအဝင္ တျခားအရပ္ဘက္အဖြဲ႕ ၃၀၀ ေက်ာ္ကလည္း ဒီကိစၥအေပၚအနီးကပ္ေစာင့္ၾကည့္ေနၿပီး ကန႔္ကြက္တဲ့ သေဘာထားေၾကညာခ်က္ေတြလည္း မၾကာေသးခင္က စုေပါင္း ထုတ္ျပန္ထားပါတယ္။
...........
ဘားအံမြို့ တန် ၄၀၀၀ ဘိလပ်မြေစက်ရုံအမှုကြားနာပွဲကို စွဲချက်တင်ခံထားရသူ တက်ရောက်ခြင်းမရှိ
(Unicode)
ကရင်ပြည်နယ်က တန် ၄၀၀၀ မြိုင်ကလေး ဘိလပ်မြေစက်ရုံ ပိတ်ပေးဖို့ တောင်းဆိုလှုပ်ရှားခဲ့သူကို ပြည်နယ်အုပ်ချုပ်ရေးက တရားစွဲထားတဲ့ နောက်ဆက်တွဲ အခြေအနေကိုကိုဇော်ထက် တင်ဆက်ပေးမှာပါ။
ကရင်ပြည်နယ် ဘားအံမြို့က ကျောက်မီးသွေးလောင်စာသုံး တန် ၄၀၀၀ ဘိလပ်မြေစက်ရုံကြောင့် အနီးနားကျေးရွာတွေ ရေထုညစ်ညမ်းစေတယ်ဆိုပြီး ဒေသခံနဲ့သံဃာတော်တွေ ဇန်နဝါရီ ၁၇ရက်မှာ စုပေါင်းဆန္ဒပြဆုတောင်းပွဲ လုပ်ခဲ့တာပါ။ဒီဆုတောင်းပွဲမှာ သတင်းမီဒီယာတွေကို ဖြေကြားခဲ့တဲ့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေး ကွန်ရက်က စောသာဘိုးကို ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ ( ခ) နဲ့ တရားစွဲခဲ့ပါတယ်။
ဒီနေ့ မေလ ၁၈ရက် ဒုတိယအကြိမ်တရားရုံးချိန်ကို စောသာဘိုး လာရောက်ခြင်းမရှိသလို သူ့အစားတရားရုံးကိုသွားခဲ့တဲ့ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အရပ်ဘက်အဖွဲ့ MATA အဖွဲ့က စောဟဲစေးက အမှုအခြေနေကို အခုလိုပြောပါတယ်။
“ ဘယ်သူကစွဲလဲဆိုတော့ အထွေထွေအုပ်ချုပ်ရေးကပဲ လှိုင်ကျော်စိုးဆိုတဲ့တယောက်၊ ပုဒ်မကတော့ ၅၀၅ ( ခ) ပေါ့နော်။ အမိန့်ချပြီးတဲ့အခါကျတော့ တရားခံကို မတွေ့တဲ့အခါကျတော့ ကျင့်ထုံးဆိုင်ရာ ဥပဒေပုဒ်မ ၅၁၂ နဲ့ တရားစစ်မယ်၊ လိုပြသက်သေ စစ်ပြီးသွားတာနဲ့ သူသည် ၅၀၅ ( ခ) အနေနဲ့ တရားစွဲခံထိုက်တယ်ဆိုပြီး သူ့ကို တရားခံပြေးအဖြစ်သတ်မှတ်မယ်၊ သတ်မှတ်တယ်ဆိုတဲ့ ပုံစံမျိုးခင်ဗျ။”
စောသာဘိုးအနေနဲ့ ရှေ့နေ့ ရှေ့ရပ်နဲ့ တရားရုံးရင်ဆိုင်မယ်ဆိုရင် ဥပဒေအရ အရင်ဆုံး အဖမ်းခံပြီးမှ ရှေ့နေကို ခေါ်ယူရမှာပါ။ ၂၅ရက်နေ့မှာ အမှုကို ထပ်စစ်ဆေးဖို့ မြို့နယ်တရားရုံးက ရုံးချိန်းထပ်ခေါ် ထားပါတယ်။ တရားရုံး စစ်ဆေးကြားနာမှုတွေကို အယုံအကြည်မရှိလို့ သူ့အနေနဲ့ တရားရင်ဆိုင်ခြင်းမလုပ်တာလို့ စောသာဘိုးက ပြောပါတယ်
စီမံကိန်းနဲ့ပတ်သက်လို့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လုပ်ငန်းနားလည်မှုစာချုပ် MOU ရေးထိုးတဲ့အခါမှာ ပွင့်လင်းမြင်သာမှုမရှိသလို၊ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ဆောင် ထားတာလည်း မရှိတဲ့အကြောင်း တရားစွဲခံရသူ စောသာဘိုးက ဗွီအိုအေကိုပြောပါတယ်။ ပြီးတော့ ဒီတန် ၄၀၀၀ ဘိလပ်မြေစက်ရုံက စစ်တပ်နောက်ခံပြု မြန်မာ့စီးပွားရေးလုပ်ငန်း MEC ရဲ့ ပိုင်ဆိုင်မှုတခုဖြစ်တယ်လို့ သူက ပြောပါတယ်။
“အခုတန် ၄၀၀၀ ဘိလပ်မြေစက်ရုံ ဒါ တပ်မတော်သားပိုင်တဲ့ MEC ကပိုင်တဲ့ စီမံကိန်းပေါ့။ ဒီစီမံကိန်းမှာ ကြည့်ရင် ပွင့်လင်းမြင်သာမှု အရမ်းကို အားနည်းတယ်။ တနှစ်ကို တန် ၄၀၀၀ ထုတ်တဲ့ဟာသည် ဘဏ္ဍာငွေ ဘယ်ကိုရောက်နေသလဲ၊ ကျနော်တို့ ထောက်ပြ၊ ပြောဆိုတဲ့အခါမှာ ဒီကုမ္ပဏီက လေးစားလိုက်တာခြင်း မရှိသလို၊ အစိုးရဘက်ကလည်း လေးလေးနက်နက် အရေးယူခြင်းက မတွေ့ရဘူး။”
ဘိလပ်မြေဖော်စပ်တဲ့ ကုန်ကြမ်း တန်နဲ့ချီ တူးဖော်တာမှာလည်း သဘာဝပတ်ဝန်းကျင် ဆန်းစစ်တာတွေမရှိဘဲ ထုတ်ယူသုံးစွဲနေတယ်လို့ သူကပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU ရုံးကလည်း လွတ်လပ်တဲ့ သဘာဝပတ်ဝန်းကျင် ဆန်းစစ်မှုတွေရှိဖို့၊ ပွင့်လင်းမြင်သာတဲ့ ဆွေးနွေးမှုတွေရှိလာဖို့ စောသာဘိုးအမှုကိစ္စက ဖော်ပြနေကြောင်း မေလ ၁၅ရက်မှာ သဘောထား ထုတ်ပြန်ထားပါတယ်။ MATA အဖွဲ့အပါအဝင် တခြားအရပ်ဘက်အဖွဲ့ ၃၀၀ ကျော်ကလည်း ဒီကိစ္စအပေါ်အနီးကပ်စောင့်ကြည့်နေပြီး ကန့်ကွက်တဲ့ သဘောထားကြေညာချက်တွေလည်း မကြာသေးခင်က စုပေါင်း ထုတ်ပြန်ထားပါတယ်။