သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေတာ္အတိုင္ပင္ခံနဲ႔ ဆႏၵျပ ကရင္နီလူငယ္မ်ား ေတြ႕ဆံုခဲ့


ကယားျပည္နယ္ေန႔ အခမ္းအနားမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာ (ဓါတ္ပံု-myanmar state counsellor office)

(Zawgyi / Unicode)

ဒီကေန႔ လြိဳင္ေကာ္ၿမိဳ႔မွာ က်င္းပတဲ့ ကယားျပည္နယ္ေန႔ အခမ္းအနားကို တက္ေရာက္လာတဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က တိုင္းရင္းသားေတြၾကား စည္းလံုး ညီညြတ္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ အခမ္းနားအၿပီးမွာ လူထုေဆြးေႏြးပြဲတက္ေရာက္ခဲ့တဲ့ အျပင္ ကရင္နီျပည္ လူငယ္အင္အားစုနဲ႔လည္း သီးျခားေတြ႔ဆံု ေဆြးေႏြးခဲ့ပါတယ္။

ဒီသတင္းအျပည့္အစံုကို ဗီြအုိေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

ဒီကေန႔က်င္းပတဲ့ ၅၈ႀကိမ္ေျမာက္ ကယားျပည္နယ္ေန႔ အခမ္းအနားကို ႏိုင္ငံေတာ္ သမၼတ ဦး၀င္းျမင့္က သ၀ဏ္လႊာေပးပို႔ခဲ့သလို ႏိုင္ငံေတာ္ အတုိင္ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ကလည္း ကိုယ္တိုင္ပါ၀င္ တက္ေရာက္ခဲ့တာပါ။

ဒီအခမ္းအနားမွာ အမွာစကားေျပာၾကားခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာျပည္လို တုိင္းရင္းသားေပါင္းစံု ရိွတဲ့ႏိုင္ငံအတြက္ စည္းလံုးညီညြတ္ေရးဟာ သိပ္ကို အေရး ပါတာေၾကာင့္ စည္းလံုးညီညြတ္ၾကဖို႔ တိုက္တြန္း ခဲ့ပါတယ္။

“ က်မတို႔ႏိုင္ငံဟာ တုိင္းရင္းသားေပါင္းစံုနဲ႔ ဖဲြ႔စည္းထားတဲ့ ႏိုင္ငံတစ္ခုျဖစ္လုိ႔ ဒီႏိုင္ငံဟာ တည္တံ့ ခုိင္ၿမဲဖို႔၊ ေအးခ်မ္းဖို႔၊ သာယာဖုိ႔၊ တုိးတက္ဖို႔ဆုိလို႔ရိွရင္ တိုင္းရင္းသားအခ်င္းခ်င္းၾကားမွာ ညီညႊတ္ဖို႔ အင္မတန္မွ အေရးၾကီးပါတယ္။ ညီညြတ္မႈဆုိတာလည္း စိတ္ဓါတ္ထဲက ၿငိမ္းခ်မ္းေရးလိုပဲ စိတ္ထဲကေန စတဲ့ ကိစၥပါ။ ညီညြတ္မႈရိွဖို႔ဆုိရင္ တန္းတူညီမွ်မႈရိွရမယ္။ မိတ္ေဆြ ႏွစ္ဦးဆုိတာ မိတ္ေဆြလုိ႔ ေခၚႏိုင္ဖုိ႔အတြက္ ႏွစ္ဘက္စလံုးမွာ ညီညီမွ်မွ် ရိွရမယ္။ တဘက္က အမ်ားၾကီး အခြင့္အေရးရေနလုိ႔ရိွရင္ ႏွစ္ဦးဟာ ညီညီမွ်မွ် မိတ္ေဆြ မျဖစ္ႏိုင္ပါဘူး။ ဒါေၾကာင့္ က်မတုိ႔ရဲ့ႏိုင္ငံဟာ တကယ္ပဲ တိုင္းရင္းသားမ်ားအခ်င္းခ်င္းမွာ ညီညြတ္ဖို႔ ေျပလည္ဖုိ႔ ဆုိရင္ တန္းတူညီမွ်မႈရဖို႔ လိုတယ္။ တန္းတူညီမွ်မႈရသင့္သလို ရေနတယ္ဆိုတဲ့ ယံုၾကည္ခ်က္ကလည္း ခိုင္မာလာဖုိ႔ လိုပါတယ္။ ”

ႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကို ေရရွည္ ထိန္းႏုိင္မယ့္ ဖက္ဒရယ္ စနစ္ဆီ ကို စည္းလံုးညီညြတ္မႈနဲ႔ ဦးတည္သြားေန တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

“ တရားဥပေဒအရ က်မတို႔ဟာ အားလံုးညီညီညြတ္ညြတ္နဲ႔ မွ်မွ်တတေနႏိုင္ေအာင္လုိ႔ ထိန္းထားေပးႏိုင္တဲ့စနစ္မို႔လို႔ က်မတုိ႔ ဖက္ဒရယ္စနစ္ကို ဦးတည္တာပါ။ က်မတို႔ ဒီမုိကေရစီကို ဦးတည္တယ္။ ျပည္သူလူထုရဲ့ အခြင့္အေရးေတြကို ကာကြယ္ဖု႔ိ၊ ျပည္သူလူထု႔ တာ၀န္သိစိတ္ေတြကို ျမွင့္တင္ဖုိ႔၊ ျပည္သူလူထုသာလွ်င္ ျပည္သူလူထုရဲ့ အက်ိဳးစီးပြားကို အေကာင္းဆံုး ကာကြယ္ႏိုင္မယ္ဆုိတာကို က်မတုိ႔ ယံုၾကည္လုိ႔။ က်မတို႔ ဖက္ဒရယ္ကို ဦးတည္တယ္။ ဖက္ဒရယ္သာလွ်င္ က်မတုိ႔လို တိုင္းရင္းသားလူမ်ိဳးေပါင္းစံု နဲ႔ ဖဲြ႔စည္းထားတဲ့ ႏိုင္ငံတစ္ခုရဲ့ ေရရွည္ၿငိမ္းခ်မ္းေရးကို ထိန္းသိမ္းႏိုင္မယ္၊ ေရရွည္တည္ၿငိမ္ေရး၊ ေရရွည္ တစ္ဦးနဲ႔ တစ္ဦး ယံုၾကည္မႈေပၚမွာ အေျခခံတဲ့ တိုးတက္ေရးကို ျဖစ္ေစႏိုင္မယ္ဆုိၿပီး က်မတုိ႔ ဖက္ဒရယ္ကို ဦးတည္တာျဖစ္ပါတယ္။ ”

အခမ္းအနားၿပီးေနာက္မွာေတာ့ ျပည္နယ္ခမ္းမမွာ လူထုေတြ႔ဆံုပဲြ ေတြ က်င္းပခဲ့သလို ကရင္နီျပည္ လူငယ္မ်ား အင္အားစုနဲ႔ လည္း ေဒၚေအာင္ဆန္းစုၾကည္က သီးသန္႔ေတြ႔ဆံုခဲ့ပါတယ္။ ကယားျပည္နယ္မွာ ေဒသခံ လူငယ္ေတြနဲ႔ ျပည္နယ္ အုပ္ခ်ဳပ္သူေတြၾကား ဗိုလ္ခ်ဳပ္ေၾကးရုပ္ တည္ေဆာက္ေရးနဲ႔ ပတ္သက္ၿပီး ပဋိပကၡ ႀကီးႀကီးမားမား ရွိေနတာ ျဖစ္ပါတယ္။

ဒီေတြ႔ဆံုပဲြမွာ ဗိုလ္ခ်ဳပ္ေၾကးရုပ္ကိစၥ အျပင္ ကယားျပည္နယ္က တပ္သိမ္းေျမကိစၥ၊ အဖမ္းဆီးခံ ေနရတဲ့ ေတာင္သူမ်ားကိစၥ နဲ႔ လူငယ္မ်ားဆုိင္ရာ မူ၀ါဒကိစၥရပ္ေတြကို ေဆြးေႏြးခဲ့ေၾကာင္း ကရင္နီျပည္လူငယ္မ်ား အင္အားစုရဲ့ ေျပာေရးဆုိခြင့္ရိွသူ ခြန္းေသာမတ္စ္က ေျပာပါတယ္။

“ နံပတ္တစ္ကိစၥျဖစ္တဲ့ ေတာင္သူကိစၥေတြကေတာ့ သူ႔အေနနဲ႔ ဒီ လိြဳင္ေကာ္ကေန ျပန္သြားၿပီးတာနဲ႔ သက္ဆုိင္ရာ၀န္ၾကီးဌာနနဲ႔ တိုင္ပင္ၿပီးေတာ့ တရားစဲြဆုိခံရတဲ့ ေတာင္သူအေရးကို ေရွ႔ေနခ်ဳပ္ရံုးနဲ႔ တုိင္ပင္ၿပီးေတာ့ ကူညီေဆာင္ရြက္သြားမယ္ဆုိတဲ့ဟာေတာ့ ေျပာသြားတယ္ေပါ့။ နံပတ္ႏွစ္ကိစၥျဖစ္တဲ့ ေၾကးရုပ္ကိစၥကေတာ့ တိတိက်က် ခုနက ေတာင္သူကိစၥလုိမ်ိဳး ေျပာသြားတာမ်ိဳး မရိွပါဘူးဗ်။ ေၾကးရုပ္ကိစၥကေတာ့ ျပႆနာေတြကိုေတာ့ ေျပလည္ခိုင္းေစခ်င္တယ္။ သို႔ေသာ္ ဘယ္လုိ ညိွႏိႈင္းေဆာင္ရြက္ၾကမလဲ။ ဘယ္သူေတြပါမလဲဆုိတာတိတိက်က် ေျပာသြားတာမ်ိဳးေတာ့ မရိွဘူး။ နံပတ္သံုးအခ်က္ လူငယ္ေရးရာနဲ႔ပတ္သက္တဲ့ကိစၥ က်ေနာ္တုိ႔ ျပည္နယ္မွာကေတာ့ Youth Center ေတြ တည္ေဆာက္မယ္ဆုိတာကေတာ့ မွတ္တမ္းအျဖစ္နဲ႔ပဲ ျပန္ၿပီးေတာ့ ေျပာသြားတာရိွတယ္။ အေျခအေနကေတာ့ ရွင္းရွင္းေျပာရရင္ေတာ့ ေက်နပ္မႈ သိပ္မရိွဘူးေပါ့ေနာ္။”

ေဒၚေအာင္ဆန္းစုၾကည္ဟာ ကရင္နီျပည္နယ္ လူငယ္အင္အားစုေတြနဲ႔ ေတြ႔ဆံုၿပီးေနာက္မွာ ရပ္မိရပ္ဖေတြနဲ႔ လည္း ေတြ႔ဆံုခဲ့ပါတယ္။ ႏိုင္ငံေရးပါတီေတြနဲ႔ ေတြ႔ဆံုဖုိ႔ကို ျပည္နယ္အစိုးရက စီစဥ္ခဲ့ေပမဲ့ ေတြ႔ဆံုပဲြမွာ ေဆြးေႏြးဖုိ႔ အခ်ိန္မ်ားမ်ား မရႏိုင္တာေၾကာင့္ ႏိုင္ငံေရးပါတီတခ်ိဳ႔က တက္ေရာက္တာ မရိွခဲ့ေၾကာင္း ကယန္းအမ်ိဳးသားပါတီ ဥကၠဌ ခြန္းဘီတူးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဆန္ဒပြကရင်နီလူငယ်များတွေ့ဆုံခဲ့

(Unicode)

ဒီကနေ့ လွိုင်ကော်မြို့မှာ ကျင်းပတဲ့ ကယားပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားတွေကြား စည်းလုံး ညီညွတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အခမ်းနားအပြီးမှာ လူထုဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ အပြင် ကရင်နီပြည် လူငယ်အင်အားစုနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ကျင်းပတဲ့ ၅၈ကြိမ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာပေးပို့ခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့တာပါ။

ဒီအခမ်းအနားမှာ အမှာစကားပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာပြည်လို တိုင်းရင်းသားပေါင်းစုံ ရှိတဲ့နိုင်ငံအတွက် စည်းလုံးညီညွတ်ရေးဟာ သိပ်ကို အရေး ပါတာကြောင့် စည်းလုံးညီညွတ်ကြဖို့ တိုက်တွန်း ခဲ့ပါတယ်။

“ ကျမတို့နိုင်ငံဟာ တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုဖြစ်လို့ ဒီနိုင်ငံဟာ တည်တံ့ ခိုင်မြဲဖို့၊ အေးချမ်းဖို့၊ သာယာဖို့၊ တိုးတက်ဖို့ဆိုလို့ရှိရင် တိုင်းရင်းသားအချင်းချင်းကြားမှာ ညီညွှတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ညီညွတ်မှုဆိုတာလည်း စိတ်ဓါတ်ထဲက ငြိမ်းချမ်းရေးလိုပဲ စိတ်ထဲကနေ စတဲ့ ကိစ္စပါ။ ညီညွတ်မှုရှိဖို့ဆိုရင် တန်းတူညီမျှမှုရှိရမယ်။ မိတ်ဆွေ နှစ်ဦးဆိုတာ မိတ်ဆွေလို့ ခေါ်နိုင်ဖို့အတွက် နှစ်ဘက်စလုံးမှာ ညီညီမျှမျှ ရှိရမယ်။ တဘက်က အများကြီး အခွင့်အရေးရနေလို့ရှိရင် နှစ်ဦးဟာ ညီညီမျှမျှ မိတ်ဆွေ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကျမတို့ရဲ့နိုင်ငံဟာ တကယ်ပဲ တိုင်းရင်းသားများအချင်းချင်းမှာ ညီညွတ်ဖို့ ပြေလည်ဖို့ ဆိုရင် တန်းတူညီမျှမှုရဖို့ လိုတယ်။ တန်းတူညီမျှမှုရသင့်သလို ရနေတယ်ဆိုတဲ့ ယုံကြည်ချက်ကလည်း ခိုင်မာလာဖို့ လိုပါတယ်။ ”

နိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ရေရှည် ထိန်းနိုင်မယ့် ဖက်ဒရယ် စနစ်ဆီ ကို စည်းလုံးညီညွတ်မှုနဲ့ ဦးတည်သွားနေ တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

“ တရားဥပဒေအရ ကျမတို့ဟာ အားလုံးညီညီညွတ်ညွတ်နဲ့ မျှမျှတတနေနိုင်အောင်လို့ ထိန်းထားပေးနိုင်တဲ့စနစ်မို့လို့ ကျမတို့ ဖက်ဒရယ်စနစ်ကို ဦးတည်တာပါ။ ကျမတို့ ဒီမိုကရေစီကို ဦးတည်တယ်။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖု့ိ၊ ပြည်သူလူထု့ တာဝန်သိစိတ်တွေကို မြှင့်တင်ဖို့၊ ပြည်သူလူထုသာလျှင် ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်နိုင်မယ်ဆိုတာကို ကျမတို့ ယုံကြည်လို့။ ကျမတို့ ဖက်ဒရယ်ကို ဦးတည်တယ်။ ဖက်ဒရယ်သာလျှင် ကျမတို့လို တိုင်းရင်းသားလူမျိုးပေါင်းစုံ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုရဲ့ ရေရှည်ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်မယ်၊ ရေရှည်တည်ငြိမ်ရေး၊ ရေရှည် တစ်ဦးနဲ့ တစ်ဦး ယုံကြည်မှုပေါ်မှာ အခြေခံတဲ့ တိုးတက်ရေးကို ဖြစ်စေနိုင်မယ်ဆိုပြီး ကျမတို့ ဖက်ဒရယ်ကို ဦးတည်တာဖြစ်ပါတယ်။ ”

အခမ်းအနားပြီးနောက်မှာတော့ ပြည်နယ်ခမ်းမမှာ လူထုတွေ့ဆုံပွဲ တွေ ကျင်းပခဲ့သလို ကရင်နီပြည် လူငယ်များ အင်အားစုနဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်က သီးသန့်တွေ့ဆုံခဲ့ပါတယ်။ ကယားပြည်နယ်မှာ ဒေသခံ လူငယ်တွေနဲ့ ပြည်နယ် အုပ်ချုပ်သူတွေကြား ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ပဋိပက္ခ ကြီးကြီးမားမား ရှိနေတာ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အပြင် ကယားပြည်နယ်က တပ်သိမ်းမြေကိစ္စ၊ အဖမ်းဆီးခံ နေရတဲ့ တောင်သူများကိစ္စ နဲ့ လူငယ်များဆိုင်ရာ မူဝါဒကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း ကရင်နီပြည်လူငယ်များ အင်အားစုရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ်က ပြောပါတယ်။

“ နံပတ်တစ်ကိစ္စဖြစ်တဲ့ တောင်သူကိစ္စတွေကတော့ သူ့အနေနဲ့ ဒီ လွိုင်ကော်ကနေ ပြန်သွားပြီးတာနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ တိုင်ပင်ပြီးတော့ တရားစွဲဆိုခံရတဲ့ တောင်သူအရေးကို ရှေ့နေချုပ်ရုံးနဲ့ တိုင်ပင်ပြီးတော့ ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ဟာတော့ ပြောသွားတယ်ပေါ့။ နံပတ်နှစ်ကိစ္စဖြစ်တဲ့ ကြေးရုပ်ကိစ္စကတော့ တိတိကျကျ ခုနက တောင်သူကိစ္စလိုမျိုး ပြောသွားတာမျိုး မရှိပါဘူးဗျ။ ကြေးရုပ်ကိစ္စကတော့ ပြဿနာတွေကိုတော့ ပြေလည်ခိုင်းစေချင်တယ်။ သို့သော် ဘယ်လို ညှိနှိုင်းဆောင်ရွက်ကြမလဲ။ ဘယ်သူတွေပါမလဲဆိုတာတိတိကျကျ ပြောသွားတာမျိုးတော့ မရှိဘူး။ နံပတ်သုံးအချက် လူငယ်ရေးရာနဲ့ပတ်သက်တဲ့ကိစ္စ ကျနော်တို့ ပြည်နယ်မှာကတော့ Youth Center တွေ တည်ဆောက်မယ်ဆိုတာကတော့ မှတ်တမ်းအဖြစ်နဲ့ပဲ ပြန်ပြီးတော့ ပြောသွားတာရှိတယ်။ အခြေအနေကတော့ ရှင်းရှင်းပြောရရင်တော့ ကျေနပ်မှု သိပ်မရှိဘူးပေါ့နော်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ ကရင်နီပြည်နယ် လူငယ်အင်အားစုတွေနဲ့ တွေ့ဆုံပြီးနောက်မှာ ရပ်မိရပ်ဖတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ကို ပြည်နယ်အစိုးရက စီစဉ်ခဲ့ပေမဲ့ တွေ့ဆုံပွဲမှာ ဆွေးနွေးဖို့ အချိန်များများ မရနိုင်တာကြောင့် နိုင်ငံရေးပါတီတချို့က တက်ရောက်တာ မရှိခဲ့ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီတူးက ပြောပါတယ်။

XS
SM
MD
LG