သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာက္မဲေဒသလံုၿခံဳေရး ေဒသခံေတြစိုးရိ္မ္


ရွမ္းျပည္နယ္အတြင္း လုံၿခဳံေရးတာဝန္ ထမ္းေဆာင္ေနတဲ့ ျမန္မာ့တပ္မေတာ္သားမ်ား။ (ၾသဂုတ္ ၁၅၊ ၂၀၁၉)

(Zawgyi / Unicode)

စစ္ေရးတင္းမာမႈ ပဋိပကၡေတြ ပစ္ခတ္မႈေတြ ရွိေနတဲ့ ေက်ာက္မဲၿမိဳ႕ အပါအဝင္ ရွမ္းျပည္နယ္ရဲ႕ နယ္ေျမေဒသ တည္ၿငိမ္ေရးနဲ႔ ေဒသတြင္း တရားဥပေဒစိုးမိုးမႈ ရွိေရးေတြမွာ အစိုးရ တာဝန္ရွိသူေတြဘက္က တာဝန္ယူမႈ တာဝန္ခံမႈ အားနည္းခ်က္ေတြနဲ႔ စိန္ေခၚမႈေတြ ရွိေနတယ္လို႔ ရွမ္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ရွမ္းေဒသခံေတြ ေျပာဆိုလုိက္ပါတယ္။ အျပည့္အစုံကို မဆုမြန္ စုစည္းတင္ျပေပးထားပါတယ္။

ရွမ္းျပည္နယ္တြင္း အထူးသျဖင့္ ရွမ္းေျမာက္ဘက္မွာ အစိုးရစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔ေတြၾကား စစ္ေရးတင္းမာမႈေတြ တုိက္ပြဲေတြ မၾကာခဏ ျဖစ္ေနတာေၾကာင့္ ေဒသခံျပည္သူေတြရဲ႕ ေအးခ်မ္းလံုၿခံဳမႈဟာ စိုးရိမ္စရာ ျဖစ္ေနတာပါ။ ဒီလိုအေနအထားမွာ မေန႔ညေနခင္းက ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ပိုင္ေက်းရြာအုပ္စု ပင္ထိန္ရြာက ေနအိမ္မွာ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီရဲ႕ ေက်ာက္မဲၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္အတြက္ ေရြးေကာက္ခံ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ဦးထိုက္ေဇာ္ ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံ သတ္ျဖတ္ခံလိုက္ရတဲ့အတြက္ နယ္ေျမတြင္း တရားဥပေဒစိုးမိုးေရးနဲ႔ လံုၿခံဳေရးအေျခအေနအေပၚ ေဒသခံေတြၾကား ေမးခြန္းထုတ္လာေနတာပါ။

ရွမ္းျပည္နယ္ ေက်ာက္မဲလို အညိဳေရာင္နယ္ေျမအဆင့္ရွိေနတဲ့ နယ္ေျမတြင္း တရားဥပေဒစိုးမိုးမႈ ရွိဖို႔ဆိုတာ ႏုိင္ငံေရးအေျခအေန ေကာင္းေနဖို႔လိုသလို ဘယ္အဖြဲ႔အစည္းမဆို ဒီမိုကေရစီလမ္းေၾကာင္းနဲ႔ ေသြဖည္တဲ့လုပ္ရပ္ေတြ မလုပ္သင့္ဘူးလို႔ ရွမ္းျပည္နယ္လႊတ္ေတာ္ရဲ႕ ေက်ာက္မဲၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းဝင္းက သံုးသပ္ပါတယ္။

"က်ေနာ္တို႔ အႀကံျပဳခ်င္တာကေတာ့ ဘယ္အဖြဲ႔အစည္းမဆို ဒီမိုကေရစီ လမ္းေၾကာင္းနဲ႔ ဆန္႔က်င္ေသြဖည္တဲ့အရာေတြ လုပ္ရပ္ေတြကို မလုပ္တာ အေကာင္းဆံုးေပါ့ေနာ္။ ဘယ္အဖြဲ႔အစည္းကိုမဆို က်ေနာ္တို႔က အဲ့ဒါကိုေျပာခ်င္တယ္။ (ေက်ာက္မဲအမတ္) သူက ဒီမိုကေရစီ ေရြးေကာက္ပြဲအရ ေအာင္ႏုိင္ခဲ့တဲ့သူေလေနာ္။ ဒါေၾကာင့္မို႔လို႔ ဒီမိုကေရစီလမ္းေၾကာင္းနဲ႔ ေသြဖည္သြားမယ္ဆိုရင္ က်ေနာ္တို႔က ဘယ္သူကမွ လက္္မခံႏိုင္ဘူးေပါ့ေနာ္။ က်ေနာ္တို႔ ဒီေက်ာက္မဲဆိုရင္ အညိဳေရာင္နယ္ေျမအဆင့္ ရွိတာကိုးေနာ္။ ဒီအညိဳေရာင္နယ္ေျမမွာ တရားဥပေဒစိုးမိုးမႈရွိဖို႔ ဆိုတာက အျပန္အလွန္ေလးစားမႈ ရွိဖို႔လိုမယ္။ အဓိကကေတာ့ ႏုိင္ငံေရးပါပဲ၊ ႏုိင္ငံေရးအေျခအေနႀကီးက မေကာင္းေသးသေရြ႕ကေတာ့ တရားဥပေဒ စိုးမိုးႏုိင္ဖို႔ မလြယ္ဘူးလို႔ က်ေနာ္တို႔ျမင္တာေပါ့ေနာ္။ အစိုးရအေနနဲ႔ သက္ဆိုင္ရာ ေဒသခံတုိင္းရင္းသားေတြနဲ႔ လက္တြဲပူးေပါင္း ေဆာင္ရြက္ႏုိင္မယ္ဆိုရင္ေတာ့ ပိုၿပီးအဆင္ေျပမယ္လို႔ ဒါကိုျမင္တယ္။"

နယ္ေျမတြင္း တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ ႏိုင္ငံသားေတြရဲ႕ လံုၿခံဳေရးကို တာဝန္ယူထားတဲ့ တပ္မေတာ္အပါအဝင္ လံုၿခံဳေရးပိုင္းဆုိင္ရာ သက္ဆုိင္တဲ့ ဝန္ႀကီးဌာနေတြဘက္က တာဝန္ယူမႈ တာဝန္ခံ ေျဖရွင္းကိုင္တြယ္မႈ အားနည္းေနတဲ့ အေျခအေနျဖစ္ေနလို႔ ေဒသခံေတြရဲ႕ လံုၿခံဳေရးဟာ စိုးရိမ္စရာ အေနအထား ျဖစ္ေနတယ္လို႔ ရွမ္းေဒသခံလူငယ္ စိုင္းေနာ္စိုင္းက ေျပာပါတယ္။

"ဒီေက်ာက္မဲလိုေဒသမွာက ႏွစ္တုိင္းမကဘူး၊ လတုိင္းနီးပါးေတာင္မွ ဒီလိုပစ္ခတ္မႈေတြက ေတာက္ေလွ်ာက္ျဖစ္ေနတာ။ တာဝန္ရွိတဲ့သူေတြက လက္ပိုက္ၾကည့္ေနတာလား ဒါမွမဟုတ္ မမိလို႔ဘဲ သတင္းမထြက္တာလား က်ေနာ္တို႔လည္း နားမလည္ဘူးေလေနာ္။ အဓိက ဒီလံုၿခံဳေရးကေတာ့ နယ္လံုဝန္ႀကီးမွာ အဓိက တာဝန္ရွိတယ္လို႔ေတာ့ က်ေနာ္တို႔ျမင္တယ္။ က်ေနာ္တို႔ထင္တယ္။ ဒါေပမယ့္ အခုလို ျဖစ္ပ်က္ေနတာေတြက ဘာျဖစ္လို႔ တရားခံ တခါမွမမိတာလဲ။ ေနာက္ သူလုပ္တယ္ ကိုယ္လုပ္တယ္ ဆုိတာကလည္း စြပ္စြဲဖို႔ အဆင္မေျပပါဘူး။

“ဒါေပမယ့္ လံုၿခံဳေရးပိုင္းကို တာဝန္ယူရတဲ့ အထူးသျဖင့္ တပ္မေတာ္ေပါ့ေနာ္၊ တပ္မေတာ္ဘက္က အရပ္သားအစိုးရရဲ႕ လက္ေအာက္မွာ မရွိတဲ့အခါက်ေတာ့ အရပ္သားအစိုးရရဲ႕ အာဏာသက္ေရာက္မႈ မရွိေတာ့ ျပည္သူေတြက ဘယ္သူ႔ကိုေျပးၿပီးေတာ့ အားကိုးလို႔ အားကိုးရမွန္းေတာင္ မသိေတာ့ပါဘူးဗ်၊ အဲ့လိုမ်ိဳးျဖစ္ေနတယ္ ျပည္သူလူထုက။ ၅ ႏွစ္သက္တမ္းလည္း ၿပီးသြားၿပီ၊ အားကိုးေလာက္တဲ့ လံုၿခံဳေရးပိုင္းနဲ႔ တရားဥပေဒစိုးမိုးမႈပိုင္းမွာ ဘာတခုမွ က်ေနာ္တို႔ မျမင္ရေသးေတာ့ ေရွ႕ဆက္လည္း က်ေနာ္တို႔ ဘာကိုေမွ်ာ္လင့္ရမွန္းမသိဘူး ျဖစ္ေနတယ္။"

NLD ပါတီ ရွမ္းျပည္နယ္ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ေကာ္မတီ ထုတ္ျပန္ေၾကညာခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)
NLD ပါတီ ရွမ္းျပည္နယ္ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ေကာ္မတီ ထုတ္ျပန္ေၾကညာခ်က္။ (ႏုိဝင္ဘာ ၂၁၊ ၂၀၂၀)


ဒီကေန႔ ႏုိဝင္ဘာလ ၂၂ ရက္ေန႔မွာေတာ့ ေက်ာက္မဲၿမိဳ႕နယ္ ေရြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ႕ နာေရးစ်ာပန က်င္းပၿပီးေတာ့ ႏိုင္ငံေရးအင္အားစုေတြနဲ႔ ေဒသခံေတြ လုိက္လံပို႔ေဆာင္ၾကပါတယ္။ ေသဆံုးမႈအေပၚ ဝမ္းနည္းေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ တအာင္းပေလာင္အမ်ိဳးသားပါတီ (TNP) ကလည္း ဝမ္းနည္းေၾကာင္း သဝဏ္လႊာ ေပးပို႔ခဲ့ပါေသးတယ္။ ဒီအၾကမ္းဖက္လုပ္ရပ္အေပၚ အျပင္းအထန္ ႐ႈတ္ခ်သလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီ အေနနဲ႔ ဖက္ဒရယ္ ဒီမိုကေရစီျပည္ေထာင္စု တည္ေဆာက္ဖို႔ တုိင္းရင္းသားေတြနဲ႔ လက္တြဲတည္ေဆာက္ေနခ်ိန္ ယံုၾကည္မႈမပ်က္ယြင္းေစေရး အျဖစ္မွန္ တရားဝင္မေဖာ္ထုတ္ခင္ ထင္ေၾကးေပးေျပာဆိုမႈ မလုပ္ၾကဖို႔ ရွမ္းျပည္နယ္ ေရြးေကာက္ပြဲေအာင္ႏုိင္ေရး ေကာ္မတီဘက္ကလည္း နိုဝင္ဘာလ ၂၁ ရက္ေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ေၾကညာ ေမတၱာရပ္ခံထားပါတယ္။

ေက်ာက္မဲေဒသလံုၿခံဳေရး ေဒသခံေတြစိုးရိ္မ္
please wait

No media source currently available

0:00 0:03:33 0:00
တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ကျောက်မဲဒေသလုံခြုံရေး ဒေသခံတွေစိုးရိမ်

စစ်ရေးတင်းမာမှု ပဋိပက္ခတွေ ပစ်ခတ်မှုတွေ ရှိနေတဲ့ ကျောက်မဲမြို့ အပါအဝင် ရှမ်းပြည်နယ်ရဲ့ နယ်မြေဒေသ တည်ငြိမ်ရေးနဲ့ ဒေသတွင်း တရားဥပဒေစိုးမိုးမှု ရှိရေးတွေမှာ အစိုးရ တာဝန်ရှိသူတွေဘက်က တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေနဲ့ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ရှမ်းလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ရှမ်းဒေသခံတွေ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ရှမ်းပြည်နယ်တွင်း အထူးသဖြင့် ရှမ်းမြောက်ဘက်မှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတာကြောင့် ဒေသခံပြည်သူတွေရဲ့ အေးချမ်းလုံခြုံမှုဟာ စိုးရိမ်စရာ ဖြစ်နေတာပါ။ ဒီလိုအနေအထားမှာ မနေ့ညနေခင်းက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ပိုင်ကျေးရွာအုပ်စု ပင်ထိန်ရွာက နေအိမ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ကျောက်မဲမြို့နယ် အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့အတွက် နယ်မြေတွင်း တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအခြေအနေအပေါ် ဒေသခံတွေကြား မေးခွန်းထုတ်လာနေတာပါ။

ရှမ်းပြည်နယ် ကျောက်မဲလို အညိုရောင်နယ်မြေအဆင့်ရှိနေတဲ့ နယ်မြေတွင်း တရားဥပဒေစိုးမိုးမှု ရှိဖို့ဆိုတာ နိုင်ငံရေးအခြေအနေ ကောင်းနေဖို့လိုသလို ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖည်တဲ့လုပ်ရပ်တွေ မလုပ်သင့်ဘူးလို့ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ကျောက်မဲမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဝင်းက သုံးသပ်ပါတယ်။

"ကျနော်တို့ အကြံပြုချင်တာကတော့ ဘယ်အဖွဲ့အစည်းမဆို ဒီမိုကရေစီ လမ်းကြောင်းနဲ့ ဆန့်ကျင်သွေဖည်တဲ့အရာတွေ လုပ်ရပ်တွေကို မလုပ်တာ အကောင်းဆုံးပေါ့နော်။ ဘယ်အဖွဲ့အစည်းကိုမဆို ကျနော်တို့က အဲ့ဒါကိုပြောချင်တယ်။ (ကျောက်မဲအမတ်) သူက ဒီမိုကရေစီ ရွေးကောက်ပွဲအရ အောင်နိုင်ခဲ့တဲ့သူလေနော်။ ဒါကြောင့်မို့လို့ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖည်သွားမယ်ဆိုရင် ကျနော်တို့က ဘယ်သူကမှ လက်မခံနိုင်ဘူးပေါ့နော်။ ကျနော်တို့ ဒီကျောက်မဲဆိုရင် အညိုရောင်နယ်မြေအဆင့် ရှိတာကိုးနော်။ ဒီအညိုရောင်နယ်မြေမှာ တရားဥပဒေစိုးမိုးမှုရှိဖို့ ဆိုတာက အပြန်အလှန်လေးစားမှု ရှိဖို့လိုမယ်။ အဓိကကတော့ နိုင်ငံရေးပါပဲ၊ နိုင်ငံရေးအခြေအနေကြီးက မကောင်းသေးသရွေ့ကတော့ တရားဥပဒေ စိုးမိုးနိုင်ဖို့ မလွယ်ဘူးလို့ ကျနော်တို့မြင်တာပေါ့နော်။ အစိုးရအနေနဲ့ သက်ဆိုင်ရာ ဒေသခံတိုင်းရင်းသားတွေနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ်လို့ ဒါကိုမြင်တယ်။"

နယ်မြေတွင်း တည်ငြိမ်အေးချမ်းမှုနဲ့ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ တပ်မတော်အပါအဝင် လုံခြုံရေးပိုင်းဆိုင်ရာ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေဘက်က တာဝန်ယူမှု တာဝန်ခံ ဖြေရှင်းကိုင်တွယ်မှု အားနည်းနေတဲ့ အခြေအနေဖြစ်နေလို့ ဒေသခံတွေရဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ အနေအထား ဖြစ်နေတယ်လို့ ရှမ်းဒေသခံလူငယ် စိုင်းနော်စိုင်းက ပြောပါတယ်။

"ဒီကျောက်မဲလိုဒေသမှာက နှစ်တိုင်းမကဘူး၊ လတိုင်းနီးပါးတောင်မှ ဒီလိုပစ်ခတ်မှုတွေက တောက်လျှောက်ဖြစ်နေတာ။ တာဝန်ရှိတဲ့သူတွေက လက်ပိုက်ကြည့်နေတာလား ဒါမှမဟုတ် မမိလို့ဘဲ သတင်းမထွက်တာလား ကျနော်တို့လည်း နားမလည်ဘူးလေနော်။ အဓိက ဒီလုံခြုံရေးကတော့ နယ်လုံဝန်ကြီးမှာ အဓိက တာဝန်ရှိတယ်လို့တော့ ကျနော်တို့မြင်တယ်။ ကျနော်တို့ထင်တယ်။ ဒါပေမယ့် အခုလို ဖြစ်ပျက်နေတာတွေက ဘာဖြစ်လို့ တရားခံ တခါမှမမိတာလဲ။ နောက် သူလုပ်တယ် ကိုယ်လုပ်တယ် ဆိုတာကလည်း စွပ်စွဲဖို့ အဆင်မပြေပါဘူး။

“ဒါပေမယ့် လုံခြုံရေးပိုင်းကို တာဝန်ယူရတဲ့ အထူးသဖြင့် တပ်မတော်ပေါ့နော်၊ တပ်မတော်ဘက်က အရပ်သားအစိုးရရဲ့ လက်အောက်မှာ မရှိတဲ့အခါကျတော့ အရပ်သားအစိုးရရဲ့ အာဏာသက်ရောက်မှု မရှိတော့ ပြည်သူတွေက ဘယ်သူ့ကိုပြေးပြီးတော့ အားကိုးလို့ အားကိုးရမှန်းတောင် မသိတော့ပါဘူးဗျ၊ အဲ့လိုမျိုးဖြစ်နေတယ် ပြည်သူလူထုက။ ၅ နှစ်သက်တမ်းလည်း ပြီးသွားပြီ၊ အားကိုးလောက်တဲ့ လုံခြုံရေးပိုင်းနဲ့ တရားဥပဒေစိုးမိုးမှုပိုင်းမှာ ဘာတခုမှ ကျနော်တို့ မမြင်ရသေးတော့ ရှေ့ဆက်လည်း ကျနော်တို့ ဘာကိုမျှော်လင့်ရမှန်းမသိဘူး ဖြစ်နေတယ်။"

ဦးထိုက္ေဇာ္ ပစ္ခတ္လုပ္ႀကံခံရမႈအေပၚ ေက်ာက္မဲၿမိဳ႕နယ္ တအာင္းပေလာင္အမ်ိဳးသားပါတီ (TNP) ရဲ႕ ဝမ္းနည္းေၾကာင္း သဝဏ္လႊာ။
ဦးထိုက္ေဇာ္ ပစ္ခတ္လုပ္ႀကံခံရမႈအေပၚ ေက်ာက္မဲၿမိဳ႕နယ္ တအာင္းပေလာင္အမ်ိဳးသားပါတီ (TNP) ရဲ႕ ဝမ္းနည္းေၾကာင္း သဝဏ္လႊာ။


ဒီကနေ့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာတော့ ကျောက်မဲမြို့နယ် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ရဲ့ နာရေးဈာပန ကျင်းပပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ ဒေသခံတွေ လိုက်လံပို့ဆောင်ကြပါတယ်။ သေဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ကျောက်မဲမြို့နယ် တအာင်းပလောင်အမျိုးသားပါတီ (TNP) ကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသေးတယ်။ ဒီအကြမ်းဖက်လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ တိုင်းရင်းသားတွေနဲ့ လက်တွဲတည်ဆောက်နေချိန် ယုံကြည်မှုမပျက်ယွင်းစေရေး အဖြစ်မှန် တရားဝင်မဖော်ထုတ်ခင် ထင်ကြေးပေးပြောဆိုမှု မလုပ်ကြဖို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဘက်ကလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာ မေတ္တာရပ်ခံထားပါတယ်။

XS
SM
MD
LG