သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေက်ာက္ေတာ္စစ္ေရွာင္စခန္း COVID ကူးစက္မႈ စစ္ေဆးေန


မွတ္တမ္းဓါတ္ပံု- ၂၀၁၈ ဒီဇင္ဘာတုန္းက ေတြပရတဲ့ ေက်ာက္ေတာ္ ရွိ စစ္ေရွာင္မ်ား

(Zawgyi/Unicode)

ကူးစက္ျမန္ကပ္ေရာဂါ ကိုဗစ္ေရာဂါပိုး စေတြ႕ခဲ့တဲ့ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕က စစ္ေရွာင္စခန္းတခုမွာ အသြားအလာေတြ ကန႔္သတ္ထားၿပီး ပိုးေတြ႕လူနာနဲ႔ ဆက္စပ္ထိေတြ႕သူေတြမွာ ေရာဂါပိုးရွိ-မရွိ စတင္စစ္ေဆးေနတဲ့ အေၾကာင္း စခန္းထဲက ေနာက္ဆုံးအေျခအေန ကို မဆုမြန္ ေျပာျပေပးမွာပါ။

ရခိုင္လက္နက္ကိုင္တပ္ AA နဲ႔ အစိုးရစစ္တပ္တို႔ၾကား ျပင္းထန္တဲ့တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္သူႏွစ္သိန္းေက်ာ္( ၂၀၀,၀၀၀) စစ္ေဘးကေန လြတ္ေအာင္ တိမ္းေရွာင္ေနၾကရခ်ိန္ျဖစ္ပါတယ္။ ဒီလို လူအစုလိုက္အၿပဳံလိုက္ ခိုလႈံေနထိုင္ေနရတဲ့ စစ္ေရွာင္စခန္းေတြထဲကေက်ာက္ေတာ္ၿမိဳ႕နယ္ သာသနာ့ဗိမၼာန္ စစ္ေရွာင္စခန္းမွာ အသက္ ၈၅ႏွစ္အ႐ြယ္ အဘြားအို တေယာက္ဆီမွာ ကိုဗစ္ ၁၉ ပိုးပထမဆုံး စတင္စစ္ေဆးေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ ဒီကိုဗစ္လူနာ ေရာဂါျပင္းထန္လို႔ စစ္ေတြေဆး႐ုံႀကီးမွာ ေျပာင္းေ႐ႊ႕ၿပီး လိုအပ္တဲ့အေရးေပၚအေျခအေနေတြကို ေစာင့္ၾကည့္ ကုသေပးေနတယ္ ဆိုတာကိုလည္းစစ္ေတြေဆး႐ုံအုပ္ႀကီးက ဗြီအိုေအျမန္မာပိုင္းကို အတည္ျပဳထားပါတယ္။

ေအာက္တိုဘာလ ၂၃ ရက္ေန႔မွာေတာ့ စခန္းတြင္း ကိုဗစ္ပိုးေတြ႕လူနာနဲ႔ ထိေတြ႕ဆက္စပ္မႈရွိသူေတြကို အသုတ္လိုက္ က်န္းမာေရးဦးစီးဌာနကေန စစ္ေဆးေနပါတယ္လို႔ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္က ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေမာင္သန္းစိန္ ကေျပာပါတယ္။

"စစ္ေရွာင္စခန္းမွာ အဘြားႀကီးတေယာက္မွာေတြ႕တယ္ ေတြ႕တဲ့အဘြားကို စစ္ေတြေဆး႐ုံကို Referred ဆက္လုပ္ထားတယ္လို႔ က်န္းမာေရးဌာနကေျပာပါတယ္။ စစ္ေရွာင္စခန္းမွာရွိတဲ့ အဲ့ဒီ့အဘြားႀကီးနဲ႔ေတြ႕ၿပီး ဆက္စပ္တဲ့သူေတြကို က်ေနာ္တို႔ႏွာေခါင္းတို႔ဖတ္တို႔ Swab တို႔ က်န္းမာေရးဌာနကေန ယူေနၾကပါတယ္ ဒီေန႔ေနလည္က ယူၾကပါတယ္ သူတို႔ေလ။က်ေနာ္တို႔က အျဖတ္လိုက္ အျဖတ္လိုက္ေပါ့။ ၅၀ တသုတ္၊ ၃၀ တသုတ္ သူ႔အခန္းအလိုက္ သူ႔အသုတ္အလိုက္ က်န္းမာေရးဌာနကေန ႏွာေခါင္းတို႔ဖတ္ေတြယူေနပါတယ္။ သူနဲ႔ဆက္စပ္တဲ့ ပတ္ဝန္းက်င္ေပါ့ေနာ္။ "

အခုလို ကိုဗစ္ပိုးေတြ႕ထားတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ သာသနာ့ဗိမာန္ စစ္ေဘးေရွာင္စခန္းကို အသြားအလာ အဝင္အထြက္ေတြ ကန႔္သတ္ထားပါတယ္။ ဒီစခန္းထဲမွာပဲ ကြာရမ္တင္းစင္တာ သေဘာမ်ိဳးလုပ္ၿပီးေတာ့ ဒုကၡသည္ေတြအတြက္ လိုအပ္တဲ့ စားဝတ္ေနေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြကို ရပ္မိရပ္ဖေတြ အရပ္ဖက္အဖြဲ႕အစည္းေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြဘက္က ကူညီေပးေနတယ္လို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္က ဆက္ေျပာျပပါတယ္။

"သာသနာ့ဗိမာန္ စခန္းကလည္း စစ္ေဘးေရွာင္စခန္းဆိုေတာ့ အကုန္ဆက္စပ္မိမွာပဲေလ အကုန္လုံးက အဲ့မွာပဲ အုပ္စုဖြဲ႕ၿပီးေနၾကတာကိုး။ Hall Type ခမ္းမပုံစံမ်ိဳးဆိုေတာ့ အတူတူပဲအဲ့လိုေနၾကရတာေလ။ အဲ့ဒီ့ေန႔ကစၿပီး သာသနာ့ဗိမၼာန္ စစ္ေရွာင္စခန္းကို ကြာရမ္တင္းအျဖစ္ က်ေနာ္တို႔ လုပ္ထားလိုက္ပါတယ္ အျပင္ကိုလည္း မထြက္ရဘူး အျပင္လူလည္း မဝင္ရဘူးေပါ့ဗ်ာ။ က်ေနာ္တို႔က စစ္ေရွာင္စခန္းတခုကို Lock Down လုပ္လိုက္တယ္ ဆိုကတည္းကေတာ့- အကုန္လုံးကေန လူ႔အသိုင္းအဝိုင္းတခုလုံးမွာ လိုအပ္တဲ့ကိစၥေတာ္ေတာ္မ်ားမ်ားကို သက္ဆုိင္တဲ့ က်န္းမာေရးဌာနနဲ႔ အုပ္ခ်ဳပ္ေရးဌာနတို႔ ပူးေပါင္းေဆာင္႐ြက္ေပးေနပါတယ္။ ကမ့္ထဲ ကြာရမ္တင္း လုပ္လိုက္တယ္ဆိုတာနဲ႔ အဲ့မွာကြာရမ္တင္း ဝင္ေနရတဲ့သူေတြ အတြက္ စားဖို႔လို- အစခပ္သိမ္းေပါ့ဗ်ာ နိစၥဓူဝ လိုအပ္တဲ့ ကိစၥေတြကိုက်ေနာ္တို႔ဘက္က သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရး ဌာနေတြကို အေၾကာင္းၾကားတယ္ သက္ဆိုင္ရာအစိုးရအဖြဲ႕အစည္းေတြကို အေၾကာင္းၾကားတယ္။ သက္ဆုိင္ရာ ဌာနဆိုင္ရာေတြကို အတတ္ႏိုင္ဆုံး စစ္ေရွာင္စခန္းကလူေတြကို ဂ႐ုစိုက္ေပးဖို႔ ညႇိႏႈိင္းတိုင္ပင္ေဆြးေႏြး ထားတာေတြ ရွိပါတယ္။ က်န္းမာေရးဌာနရယ္ ဒီစစ္ေရွာင္စခန္းမွာ ႀကီးၾကပ္ေနတဲ့ၿမိဳ႕မိၿမိဳ႕ဖေတြရယ္ ၿပီးေတာ့ ဒီ CSO ပူးေပါင္းၿပီးေတာ့ ေဆာင္ရြက္ေနပါတယ္။"

ေက်ာက္ေတာ္မွာက စစ္ေရးတင္းမာမႈေတြ ဆက္ျဖစ္ေနတာပါ။ ဒီေတာ့ စခန္းေတြထဲ လိုအပ္လို႔ ကြာရမ္တင္း ဝင္ေနရတဲ့သူေတြ ေဘးလြတ္ရာ ရပ္ကြက္ထဲ ဝင္ေျပးရတာေတြ ေဘးကင္းမယ့္ေနရာေတြ ဝင္ပုန္းေနရတာေတြ ရွိေနတယ္။ ဒါေၾကာင့္မို႔ ကိုဗစ္ထက္ စစ္က ပိုေၾကာက္ဖို႔ေကာင္းေနတဲ့အခ်ိန္ စစ္ေရွာင္ဒုကၡသည္အခ်င္းခ်င္းၾကား ကူးစက္မႈျဖစ္ႏိုင္တဲ့ အႏၲရာယ္မ်ားတဲ့ အေနအထားလို႔ စစ္ေျပးဒုကၡသည္ေတြကို ကူညီေပးေနတဲ့ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕အတြင္းေရးမႉး ကိုေဇာ္ေဇာ္ထြန္းက ေျပာျပပါတယ္။

"ဒီမွာက ဘာထူးျခားမႈတခုရွိလဲဆိုေတာ့ ေက်ာက္ေတာ္မွာ ကြာရမ္တင္းစင္တာေတြရွိတယ္။ အဲ့ဒီ့ကြာရမ္တင္း စင္တာမွာ ဝင္ေနတဲ့သူေတြက တိုက္ပြဲေတြျဖစ္ေတာ့ တိုက္ပြဲတင္မက လက္နက္ႀကီးေတြပါ က်မွာစိုးလို႔ ကြာရမ္တင္း စင္တာကပါ ထြက္ေျပးခဲ့ရတဲ့ျဖစ္စဥ္ေတြရွိတယ္။ အဲ့ဒီသူေတြက ကြာရမ္တင္းစင္တာကေန ထြက္ေျပးၿပီးေတာ့ ရပ္ကြက္ေတြထဲကို ဝင္သြားၾကတာလည္းရွိတယ္။ အဲ့ဒီ့သူေတြကိုလည္း ျပန္ေခၚႏိုင္တဲ့ အေျခအေန-မရွိခဲ့ဘူးလို႔ က်ေနာ္တို႔သိရတယ္။ တိုက္ပြဲေတြ မ်ားလာတဲ့အခါမွာ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ စိုးရိမ္စိတ္ေတြနည္းသြားၿပီး တိုက္ပြဲကိုပဲ အဓိက စိုးရိမ္ စိတ္ပူေနၾကရတဲ့ အေျခအေနကို ေရာက္သြားတာေပါ့။ အဲ့ဒီ့အခါမွာ ကိုဗစ္နဲ႔ပတ္သက္တဲ့စည္းကမ္းေတြ အရမ္းကိုေလ်ာ့ရဲခဲ့ရတာရွိတယ္။ အဲ့တာေၾကာင့္မို႔လို႔ ေက်ာက္ေတာ္ရဲ႕အေျခအေနက ပိုးကူးစက္ေနတဲ့ အေျခအေနက အခုလက္ရွိ ေတြ႕ရွိထားတာနဲ႔ စာရင္ ဒီလူထုၾကားမွာ ပိုၿပီးေတာ့မွ ရွိႏိုင္တယ္လို႔ က်ေနာ္တို႔ခန႔္မွန္းတယ္။ ေနာက္ၿပီးေတာ့ အခု IDP ကမ့္ေတြထဲမွာ အစိုးရဘက္က အသြားအလာေတြ ကန႔္သတ္ပစ္လိုက္တာ က်ေနာ္တို႔ၾကားတယ္။ ဒါေပမဲ့ အခုပိုးေတြ႕တဲ့ စခန္းမွာဆိုရင္ စစ္ေဘးေရွာင္ေတြက Social Distancing ေနႏိုင္ဖို႔ အေနအထားမွာမရွိဘူး။ ကူးစက္ႏိုင္တဲ့ အေျခအေနေတြ ရွိတဲ့အတြက္ေၾကာင့္ သူတို႔ေတြ အာဟာရမျပတ္ေအာင္လည္း ေထာက္ပံ့မႈေတြ လုပ္ဖို႔လိုပါတယ္ဗ်။"

ဒီကိုဗစ္ေရာဂါပိုး စတင္ေတြ႕ရွိတဲ့ ေက်ာက္ေတာ္စစ္ေဘးေရွာင္စခန္းတြင္း ေရာဂါပိုးျပန႔္ပြားမႈကို ကာကြယ္ႏိုင္ေရး အတြက္ကိုေတာ့ ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ ( ICRC) ဘက္ကအဓိက စခန္းေတြထဲက ေနရပ္စြန႔္ခြာ မိသားစုေတြအတြက္ လိုအပ္တဲ့ ကိုဗစ္ ၁၉ ေရာဂါကာကြယ္ တားဆီးေရးဆိုင္ရာ ေဆးဝါးေထာက္ကူျပဳပစၥည္းေတြနဲ႔ ေက်ာက္ေတာ္ေဆး႐ုံေဟာင္း ေက်ာက္ေတာ္ၿမိဳ႕နယ္ေဆး႐ုံအတြက္ ကိုဗစ္လူနာသီးသန႔္ထားရွိႏိုင္ေရး က်န္းမာေရးစံႏႈန္းနဲ႔ကိုက္ညီတဲ့ အခန္းေတြ စီစဥ္ေပးေနပါတယ္။ရခိုင္ျပည္နယ္အစိုးရ၊ ျပည္ေထာင္စုအစိုးရရဲ႕ COVID 19 ေရာဂါထိန္းခ်ဳပ္ကာကြယ္ႏိုင္ေရး ေဆာင္႐ြက္ခ်က္ေတြကို ဝိုင္းဝန္း ကူညီေထာက္ပံ့ေပးေနတယ္လို႔ ေအာက္တိုဘာလ ၂၁ ရက္ေန႔မွာ ICRC ကလည္း သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကျောက်တော်စစ်ရှောင်စခန်း COVID ကူးစက်မှု စစ်ဆေးနေ

(Unicode)

ကူးစက်မြန်ကပ်ရောဂါ ကိုဗစ်ရောဂါပိုး စတွေ့ခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့က စစ်ရှောင်စခန်းတခုမှာ အသွားအလာတွေ ကန့်သတ်ထားပြီး ပိုးတွေ့လူနာနဲ့ ဆက်စပ်ထိတွေ့သူတွေမှာ ရောဂါပိုးရှိ-မရှိ စတင်စစ်ဆေးနေတဲ့ အကြောင်း စခန်းထဲက နောက်ဆုံးအခြေအနေ ကို မဆုမွန် ပြောပြပေးမှာပါ။

ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် ရခိုင်ပြည်သူနှစ်သိန်းကျော်( ၂၀၀,၀၀၀) စစ်ဘေးကနေ လွတ်အောင် တိမ်းရှောင်နေကြရချိန်ဖြစ်ပါတယ်။ ဒီလို လူအစုလိုက်အပြုံလိုက် ခိုလှုံနေထိုင်နေရတဲ့ စစ်ရှောင်စခန်းတွေထဲကကျောက်တော်မြို့နယ် သာသနာ့ဗိမ္မာန် စစ်ရှောင်စခန်းမှာ အသက် ၈၅နှစ်အရွယ် အဘွားအို တယောက်ဆီမှာ ကိုဗစ် ၁၉ ပိုးပထမဆုံး စတင်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒီကိုဗစ်လူနာ ရောဂါပြင်းထန်လို့ စစ်တွေဆေးရုံကြီးမှာ ပြောင်းရွှေ့ပြီး လိုအပ်တဲ့အရေးပေါ်အခြေအနေတွေကို စောင့်ကြည့် ကုသပေးနေတယ် ဆိုတာကိုလည်းစစ်တွေဆေးရုံအုပ်ကြီးက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုထားပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာတော့ စခန်းတွင်း ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေ့ဆက်စပ်မှုရှိသူတွေကို အသုတ်လိုက် ကျန်းမာရေးဦးစီးဌာနကနေ စစ်ဆေးနေပါတယ်လို့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန် ကပြောပါတယ်။

"စစ်ရှောင်စခန်းမှာ အဘွားကြီးတယောက်မှာတွေ့တယ် တွေ့တဲ့အဘွားကို စစ်တွေဆေးရုံကို Referred ဆက်လုပ်ထားတယ်လို့ ကျန်းမာရေးဌာနကပြောပါတယ်။ စစ်ရှောင်စခန်းမှာရှိတဲ့ အဲ့ဒီ့အဘွားကြီးနဲ့တွေ့ပြီး ဆက်စပ်တဲ့သူတွေကို ကျနော်တို့နှာခေါင်းတို့ဖတ်တို့ Swab တို့ ကျန်းမာရေးဌာနကနေ ယူနေကြပါတယ် ဒီနေ့နေလည်က ယူကြပါတယ် သူတို့လေ။ကျနော်တို့က အဖြတ်လိုက် အဖြတ်လိုက်ပေါ့။ ၅၀ တသုတ်၊ ၃၀ တသုတ် သူ့အခန်းအလိုက် သူ့အသုတ်အလိုက် ကျန်းမာရေးဌာနကနေ နှာခေါင်းတို့ဖတ်တွေယူနေပါတယ်။ သူနဲ့ဆက်စပ်တဲ့ ပတ်ဝန်းကျင်ပေါ့နော်။ "

အခုလို ကိုဗစ်ပိုးတွေ့ထားတဲ့ ကျောက်တော်မြို့နယ် သာသနာ့ဗိမာန် စစ်ဘေးရှောင်စခန်းကို အသွားအလာ အဝင်အထွက်တွေ ကန့်သတ်ထားပါတယ်။ ဒီစခန်းထဲမှာပဲ ကွာရမ်တင်းစင်တာ သဘောမျိုးလုပ်ပြီးတော့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စားဝတ်နေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရပ်မိရပ်ဖတွေ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကူညီပေးနေတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ဆက်ပြောပြပါတယ်။

"သာသနာ့ဗိမာန် စခန်းကလည်း စစ်ဘေးရှောင်စခန်းဆိုတော့ အကုန်ဆက်စပ်မိမှာပဲလေ အကုန်လုံးက အဲ့မှာပဲ အုပ်စုဖွဲ့ပြီးနေကြတာကိုး။ Hall Type ခမ်းမပုံစံမျိုးဆိုတော့ အတူတူပဲအဲ့လိုနေကြရတာလေ။ အဲ့ဒီ့နေ့ကစပြီး သာသနာ့ဗိမ္မာန် စစ်ရှောင်စခန်းကို ကွာရမ်တင်းအဖြစ် ကျနော်တို့ လုပ်ထားလိုက်ပါတယ် အပြင်ကိုလည်း မထွက်ရဘူး အပြင်လူလည်း မဝင်ရဘူးပေါ့ဗျာ။ ကျနော်တို့က စစ်ရှောင်စခန်းတခုကို Lock Down လုပ်လိုက်တယ် ဆိုကတည်းကတော့- အကုန်လုံးကနေ လူ့အသိုင်းအဝိုင်းတခုလုံးမှာ လိုအပ်တဲ့ကိစ္စတော်တော်များများကို သက်ဆိုင်တဲ့ ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာနတို့ ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ကမ့်ထဲ ကွာရမ်တင်း လုပ်လိုက်တယ်ဆိုတာနဲ့ အဲ့မှာကွာရမ်တင်း ဝင်နေရတဲ့သူတွေ အတွက် စားဖို့လို- အစခပ်သိမ်းပေါ့ဗျာ နိစ္စဓူဝ လိုအပ်တဲ့ ကိစ္စတွေကိုကျနော်တို့ဘက်က သက်ဆိုင်ရာ အုပ်ချုပ်ရေး ဌာနတွေကို အကြောင်းကြားတယ် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေကို အကြောင်းကြားတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အတတ်နိုင်ဆုံး စစ်ရှောင်စခန်းကလူတွေကို ဂရုစိုက်ပေးဖို့ ညှိနှိုင်းတိုင်ပင်ဆွေးနွေး ထားတာတွေ ရှိပါတယ်။ ကျန်းမာရေးဌာနရယ် ဒီစစ်ရှောင်စခန်းမှာ ကြီးကြပ်နေတဲ့မြို့မိမြို့ဖတွေရယ် ပြီးတော့ ဒီ CSO ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။"

ကျောက်တော်မှာက စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေတာပါ။ ဒီတော့ စခန်းတွေထဲ လိုအပ်လို့ ကွာရမ်တင်း ဝင်နေရတဲ့သူတွေ ဘေးလွတ်ရာ ရပ်ကွက်ထဲ ဝင်ပြေးရတာတွေ ဘေးကင်းမယ့်နေရာတွေ ဝင်ပုန်းနေရတာတွေ ရှိနေတယ်။ ဒါကြောင့်မို့ ကိုဗစ်ထက် စစ်က ပိုကြောက်ဖို့ကောင်းနေတဲ့အချိန် စစ်ရှောင်ဒုက္ခသည်အချင်းချင်းကြား ကူးစက်မှုဖြစ်နိုင်တဲ့ အန္တရာယ်များတဲ့ အနေအထားလို့ စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောပြပါတယ်။

"ဒီမှာက ဘာထူးခြားမှုတခုရှိလဲဆိုတော့ ကျောက်တော်မှာ ကွာရမ်တင်းစင်တာတွေရှိတယ်။ အဲ့ဒီ့ကွာရမ်တင်း စင်တာမှာ ဝင်နေတဲ့သူတွေက တိုက်ပွဲတွေဖြစ်တော့ တိုက်ပွဲတင်မက လက်နက်ကြီးတွေပါ ကျမှာစိုးလို့ ကွာရမ်တင်း စင်တာကပါ ထွက်ပြေးခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ အဲ့ဒီသူတွေက ကွာရမ်တင်းစင်တာကနေ ထွက်ပြေးပြီးတော့ ရပ်ကွက်တွေထဲကို ဝင်သွားကြတာလည်းရှိတယ်။ အဲ့ဒီ့သူတွေကိုလည်း ပြန်ခေါ်နိုင်တဲ့ အခြေအနေ-မရှိခဲ့ဘူးလို့ ကျနော်တို့သိရတယ်။ တိုက်ပွဲတွေ များလာတဲ့အခါမှာ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်စိတ်တွေနည်းသွားပြီး တိုက်ပွဲကိုပဲ အဓိက စိုးရိမ် စိတ်ပူနေကြရတဲ့ အခြေအနေကို ရောက်သွားတာပေါ့။ အဲ့ဒီ့အခါမှာ ကိုဗစ်နဲ့ပတ်သက်တဲ့စည်းကမ်းတွေ အရမ်းကိုလျော့ရဲခဲ့ရတာရှိတယ်။ အဲ့တာကြောင့်မို့လို့ ကျောက်တော်ရဲ့အခြေအနေက ပိုးကူးစက်နေတဲ့ အခြေအနေက အခုလက်ရှိ တွေ့ရှိထားတာနဲ့ စာရင် ဒီလူထုကြားမှာ ပိုပြီးတော့မှ ရှိနိုင်တယ်လို့ ကျနော်တို့ခန့်မှန်းတယ်။ နောက်ပြီးတော့ အခု IDP ကမ့်တွေထဲမှာ အစိုးရဘက်က အသွားအလာတွေ ကန့်သတ်ပစ်လိုက်တာ ကျနော်တို့ကြားတယ်။ ဒါပေမဲ့ အခုပိုးတွေ့တဲ့ စခန်းမှာဆိုရင် စစ်ဘေးရှောင်တွေက Social Distancing နေနိုင်ဖို့ အနေအထားမှာမရှိဘူး။ ကူးစက်နိုင်တဲ့ အခြေအနေတွေ ရှိတဲ့အတွက်ကြောင့် သူတို့တွေ အာဟာရမပြတ်အောင်လည်း ထောက်ပံ့မှုတွေ လုပ်ဖို့လိုပါတယ်ဗျ။"

ဒီကိုဗစ်ရောဂါပိုး စတင်တွေ့ရှိတဲ့ ကျောက်တော်စစ်ဘေးရှောင်စခန်းတွင်း ရောဂါပိုးပြန့်ပွားမှုကို ကာကွယ်နိုင်ရေး အတွက်ကိုတော့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ( ICRC) ဘက်ကအဓိက စခန်းတွေထဲက နေရပ်စွန့်ခွာ မိသားစုတွေအတွက် လိုအပ်တဲ့ ကိုဗစ် ၁၉ ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ ဆေးဝါးထောက်ကူပြုပစ္စည်းတွေနဲ့ ကျောက်တော်ဆေးရုံဟောင်း ကျောက်တော်မြို့နယ်ဆေးရုံအတွက် ကိုဗစ်လူနာသီးသန့်ထားရှိနိုင်ရေး ကျန်းမာရေးစံနှုန်းနဲ့ကိုက်ညီတဲ့ အခန်းတွေ စီစဉ်ပေးနေပါတယ်။ရခိုင်ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရရဲ့ COVID 19 ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေး ဆောင်ရွက်ချက်တွေကို ဝိုင်းဝန်း ကူညီထောက်ပံ့ပေးနေတယ်လို့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ ICRC ကလည်း သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG