သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း ပြန်လည် လွတ်မြောက်


ဒရုန်းသုံးပြီး ဓာတ်ပုံရိုက်လို့ ဖမ်းဆီထောင်ချခံခဲ့ရသူ ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄/ဓာတ်ပုံ CJ)
ဒရုန်းသုံးပြီး ဓာတ်ပုံရိုက်လို့ ဖမ်းဆီထောင်ချခံခဲ့ရသူ ဓာတ်ပုံသတင်းထောက် ကိုကျော်စွာထွန်း (နိုဝင်ဘာ ၁၄၊ ၂၀၂၄/ဓာတ်ပုံ CJ)

ရန်ကုန်အင်းစိန် အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ဓာတ်ပုံသတင်းထောက် ကျော်စွာထွန်းဟာ လွတ်ရက်စေ့ပြီဖြစ်တဲ့အတွက် ဒီကနေ့ လွတ်မြောက်လာခဲ့ပါတယ်။ စစ်ကောင်စီက သူ့ကို ပုဒ်မ ၅၀၅ (က) နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့က ရန်ကုန်မှာဒရုန်းသုံးပြီး ဓါတ်ပုံရိုက်နေတဲ့ ကိုကျော်စွာထွန်းကို စစ်ကောင်စီ လုံခြုံရေးတပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အခုလို ကိုကျော်စွာထွန်း လွတ်မြောက် လာတာ၀မ်းသာပေမယ့် အကျဥ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ သတင်းသမားတွေ အမြန်ဆုံး လွှတ်ပေးဖို့ဆန္ဒရှိနေကြတယ်လို့ ကိုကျော်စွာထွန်းနဲ့ လုပ်ဖေါ်ကိုင်ဘက် ဓါတ်ပုံသတင်းထောက်တဦးက ဗွီအိုအေကိုပြောပါတယ်။

"ကိုကျော်စွာထွန်း ကျန်းကျန်းမာမာနဲ့ ပြန်လွတ်လာတဲ့အတွက် ကျနော်တို့ ဝမ်းသာတယ်။ ဒါပေမဲ့လည်း ထောင်တွေထဲမှာ မတရားဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့ သူတွေ ကျန်နေပါသေးတယ်။ အခြားသော ဓါတ်ပုံသတင်းထောက်တွေ၊ သတင်းသမားတွေအပါအ၀င် နိုင်ငံရေးအကျဥ်းသမားတွေ အမြန်ဆုံး ပြန်လွတ်စေချင်ပါတယ်။ ထောင်ထဲမှာရှိနေသူတွေရဲ့ ကျန်းမာရေးကို ကျနော်တို့ အလွန် စိုးရိမ်နေကြပါတယ်။ သူတို့အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ပါတယ်။"

ဗွီအိုအေရဲ့ စာရင်းပြုစုချက်အရ စစ်ကောင်စီဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းသမားအရေအတွက် ၄၀ ကျော်နီးပါးရှိနေပါတယ်။ အဲဒီထဲမှာ ဗွီအိုအေ ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်လည်း ပါ၀င်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG