(Zawgyi / Unicode)
လာအိုႏုိင္ငံမွာ မက္သ္အမ္ဖက္တမင္းေဆးျပား ၃၆ သန္းကို ဖမ္းမိလိုက္တယ္လုိ႔ ကုလသမဂၢ မူးယစ္ေဆးဝါးနဲ႔ ရာဇဝတ္မႈဆိုင္ရာ႐ံုး (UNODC) က ဒီကေန႔ေျပာပါတယ္။
"ဒါဟာ လာအိုႏုိင္ငံမွာ မူးယစ္ေဆးဝါး ဖမ္းမိသမွ် ဒုတိယအမ်ားဆံုး ျဖစ္ပါတယ္။ ထိုင္းႏုိင္ငံမွာ ဒီေလာက္ပမာဏ တခါမွ ဖမ္းမမိေသးပါဘူး" လို႔ UNODC ေဒသဆိုင္ရာ ကိုယ္စားလွယ္ Jeremy Douglas က AFP သတင္းဌာနကို ေျပာပါတယ္။
လြန္ခဲ့တဲ့သံုးလက ဘီယာတင္ ထရပ္ကားထဲ ဖြက္သယ္လာတဲ့ မက္သ္ေဆးျပား ၅၅ သန္းကို ဖမ္းမိခဲ့တဲ့ လာအိုေျမာက္ပိုုင္း Bokeo ျပည္နယ္မွာပဲ အခုထပ္ၿပီး ဖမ္းမိတာပါ။
လာအိုႏုိင္ငံဟာ ျမန္မာ၊ ထိုင္းတို႔နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ေရႊႀတိဂံေဒသမွာ ပါဝင္ၿပီး အေရွ႕ေတာင္အာရွေဒသ မူးယစ္ေဆးဝါး လမ္းေၾကာင္းမွာ အဓိက အခ်က္အခ်ာ ေနရာတခု ျဖစ္ပါတယ္။
ထိုင္းႏုိင္ငံက COVID-19 ကာကြယ္ေရး နယ္စပ္ေဒသမွာ ကင္းလွည့္ ေစာင့္ၾကပ္တာေတြ တိုးျမႇင့္လုပ္ေဆာင္ေနတာေၾကာင့္ ျမန္မာႏုိင္ငံ၊ ရွမ္းျပည္နယ္ကေနတဆင့္ မဲေခါင္ျမစ္ကိုျဖတ္ၿပီး ထိုင္းႏုိင္ငံထဲ မက္သ္ မူးယစ္ေဆးဝါး သယ္ပို႔တာမွာ လာအိုႏုိင္ငံဟာ ဆံုခ်က္ေနရာတခု ျဖစ္လာတာပါ။
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးတဲ့ေနာက္ စီးပြားေရးနဲ႔ အသက္ေမြးဝမ္းေၾကာင္း လုပ္ငန္းေတြ ထိခိုက္သြားၿပီး မက္သ္ မူးယစ္ေဆးဝါး ထုတ္လုပ္မႈ မႀကံဳစဘူး ျမင့္တက္လာတဲ့အျပင္ ပိုဆိုးလာေနတယ္လုိ႔ ကၽြမ္းက်င္သူေတြက ေျပာပါတယ္။
ဒါ့အျပင္ တရားဥပေဒစိုးမိုးမႈ ကင္းမဲ့ေနတာေၾကာင့္ မက္သ္ေဆးျပားထုတ္ဖို႔ လိုအပ္တဲ့ ဓာတုပစၥည္းေတြ တ႐ုတ္ႏုိင္ငံကေန ျမန္မာႏုိင္ငံထဲ အမ်ားအားျဖင့္ အထိန္းအကြပ္မဲ့ ဝင္ေနတာနဲ႔အတူ မက္သ္ေဆးျပားထုတ္တဲ့ ေနရာေတြ စိတ္ႀကိဳက္လုပ္ႏုိင္ဖို႔ တကယ့္အေျခအေနေကာင္း ျဖစ္ေနတယ္လုိ႔ AFP သတင္းမွာ ေရးထားပါတယ္။
မက္သ္ေဆးျပားေတြဟာ ထုိင္းေစ်းကြက္အတြက္ ရည္ရြယ္တယ္လို႔ ယူဆရေပမယ့္ အိုက္စ္ မူးယစ္ေဆးဝါးကေတာ့ ၾသစေၾတးလ် အပါအဝင္ ေစ်းပိုရတဲ့ ေစ်းကြက္ေတြအတြက္ ရည္ရြယ္တယ္လုိ႔ UNODC တာဝန္ရွိသူ Douglas က ေျပာပါတယ္။
အာဆီယံေဒသတြင္းမွာ မက္သ္ေဆးျပားေတြ အလြန္အကၽြံ မ်ားေနတာေၾကာင့္ ဘန္ေကာက္ၿမိဳ႕ေတာ္နဲ႔ ေဒသတြင္း တျခားၿမိဳ႕ေတြမွာ မက္သ္ေဆးျပား လက္လီေစ်း အႀကီးအက်ယ္ က်ဆင္းေနတယ္လို႔ AFP သတင္းမွာ ေရးထားပါတယ္။
-----------------------
(Unicode)
လာအိုနိုင်ငံမှာ ဒုတိယမြောက် အရေအတွက်အများဆုံး မူးယစ်ဆေးဝါးများ ဖမ်းမိ
လာအိုနိုင်ငံမှာ မက်သ်အမ်ဖက်တမင်းဆေးပြား ၃၆ သန်းကို ဖမ်းမိလိုက်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က ဒီကနေ့ပြောပါတယ်။
"ဒါဟာ လာအိုနိုင်ငံမှာ မူးယစ်ဆေးဝါး ဖမ်းမိသမျှ ဒုတိယအများဆုံး ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ဒီလောက်ပမာဏ တခါမှ ဖမ်းမမိသေးပါဘူး" လို့ UNODC ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က AFP သတင်းဌာနကို ပြောပါတယ်။
လွန်ခဲ့တဲ့သုံးလက ဘီယာတင် ထရပ်ကားထဲ ဖွက်သယ်လာတဲ့ မက်သ်ဆေးပြား ၅၅ သန်းကို ဖမ်းမိခဲ့တဲ့ လာအိုမြောက်ပိုင်း Bokeo ပြည်နယ်မှာပဲ အခုထပ်ပြီး ဖမ်းမိတာပါ။
လာအိုနိုင်ငံဟာ မြန်မာ၊ ထိုင်းတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ရွှေတြိဂံဒေသမှာ ပါဝင်ပြီး အရှေ့တောင်အာရှဒေသ မူးယစ်ဆေးဝါး လမ်းကြောင်းမှာ အဓိက အချက်အချာ နေရာတခု ဖြစ်ပါတယ်။
ထိုင်းနိုင်ငံက COVID-19 ကာကွယ်ရေး နယ်စပ်ဒေသမှာ ကင်းလှည့် စောင့်ကြပ်တာတွေ တိုးမြှင့်လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ကနေတဆင့် မဲခေါင်မြစ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံထဲ မက်သ် မူးယစ်ဆေးဝါး သယ်ပို့တာမှာ လာအိုနိုင်ငံဟာ ဆုံချက်နေရာတခု ဖြစ်လာတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် စီးပွားရေးနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေ ထိခိုက်သွားပြီး မက်သ် မူးယစ်ဆေးဝါး ထုတ်လုပ်မှု မကြုံစဘူး မြင့်တက်လာတဲ့အပြင် ပိုဆိုးလာနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကြောင့် မက်သ်ဆေးပြားထုတ်ဖို့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံထဲ အများအားဖြင့် အထိန်းအကွပ်မဲ့ ဝင်နေတာနဲ့အတူ မက်သ်ဆေးပြားထုတ်တဲ့ နေရာတွေ စိတ်ကြိုက်လုပ်နိုင်ဖို့ တကယ့်အခြေအနေကောင်း ဖြစ်နေတယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။
မက်သ်ဆေးပြားတွေဟာ ထိုင်းဈေးကွက်အတွက် ရည်ရွယ်တယ်လို့ ယူဆရပေမယ့် အိုက်စ် မူးယစ်ဆေးဝါးကတော့ သြစတြေးလျ အပါအဝင် ဈေးပိုရတဲ့ ဈေးကွက်တွေအတွက် ရည်ရွယ်တယ်လို့ UNODC တာဝန်ရှိသူ Douglas က ပြောပါတယ်။
အာဆီယံဒေသတွင်းမှာ မက်သ်ဆေးပြားတွေ အလွန်အကျွံ များနေတာကြောင့် ဘန်ကောက်မြို့တော်နဲ့ ဒေသတွင်း တခြားမြို့တွေမှာ မက်သ်ဆေးပြား လက်လီဈေး အကြီးအကျယ် ကျဆင်းနေတယ်လို့ AFP သတင်းမှာ ရေးထားပါတယ်။