သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas သေနတ်သမား ကြိုတင်ကြံစည် ကျူးလွန်ကြောင်း ရဲယုံကြည်


သေနတ်သမား Stephen Paddock
သေနတ်သမား Stephen Paddock

အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ လူပေါင်း ၅၉ ယောက်ထက်မနည်း သေဆုံးအောင် ပြစ်ခတ်ခဲ့သူဟာ ကြိုတင်ရည်ရွယ် ကြံစည် ပြစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

သူဘယ်လိုရည်ရွယ်ချက်ကြောင့် ခုလို ပြစ်ခတ်ခဲ့သလဲ ဆိုတာကို စုံစမ်းနေဆဲဖြစ်ပေမဲ့ ကြိုတင်စီစဉ် ပြစ်ခတ်ခဲ့တယ်လို့ ပြောနိုင်ကြောင်း Clark မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူ Joseph Lombardo ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

“သူ့ရဲ့အခန်းထဲမှာတေ့ွရတဲ့ လက်နက်အမျိုးအစားနဲ့ ပမာဏကို ကြည့်ခြင်းဖြင့် ဒီပြစ်ခတ်မှုဟာ သေသေချာချာ ကြိုတင်စီစဉ်ထားတာလို့ ပြောနိုင်ပါတယ်။ ပြစ်ခတ်မှုအတွက် သူ့ဖက်က အားလုံးကို တွက်ချက် လုပ်ကိုင်ခဲ့တယ်ဆိုတာ ကျွန်တော် အသေအချာ ပြောနိုင်ပါတယ်လို့” Vegas မြို့ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူက အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ညတုန်းက ပရိတ်သတ် ၂၀,၀၀၀ ကျော်တဲ့ Country (ကျေးလက်) ဂီတဖျော်ဖြေပွဲက လူအုပ်ထဲကို သေနတ်သမား Stephen Paddock က Mandalay Bay ဟိုတယ် ၃၂ ထပ်မှာရှိတဲ့ ဟိုတယ်ခန်း တခုကနေ ပြစ်ခတ်ခဲ့တာပါ။

အဲဒီဟိုတယ်ခန်းပါတ်လည်ကိုလည်း ကင်မရာတွေ တပ်ဆင်ထားတယ်လို့ ရဲက ပြောပါတယ်။ ၉ မိနစ်လောက်ကြာတဲ့ ပြစ်ခတ်မှုအတွင်း ၅၉ ယောက် ထက်မနည်း သေဆုံးခဲ့ပြီး ၅၂၇ ယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

သူနေရာယူပြစ်ခတ်ခဲ့တဲ့ ဟိုတယ်ခန်းထဲမှာ သေနတ် ၂၃ လက်ကို ရှာဖွေ တေ့ွရှိခဲ့တဲ့ အပြင် သူ့နေအိမ်မှာလည်း နောက်ထပ် သေနတ် ၁၉ လက်အပြင် ထောင်နဲ့ချီတဲ့ ကျည်ဆံတွေ။ ဖေါက်ခွဲရေးပစ္စည်းတွေကို တေ့ွရှိခဲ့ပါတယ်။

ဒီပြစ်ခတ်မှုနဲ့ပါတ်သက်လို့ သေနတ်သမားနဲ့အတူ နေထိုင်သူ အမျိုးသမီးကို မေးမြန်း စုံစမ်းနေတယ်လို့ ရဲကပြောပါတယ်။ အဲဒီအမျိုးသမီးဟာ ဖိလစ်ပိုင်နိုင်ငံမှာ ရောက်နေတယ်လို့ ရဲကပြောပါတယ်။ အသက် ၆၄ နှစ်အရွယ် သေနတ်သမား Paddock ဟာ အင်မတန် စိတ်ရူးပေါက်နေသူ ဖြစ်တယ်လို့ သမ္မတ Trump က ဖော်ပြ ပြောဆိုခဲ့ပါတယ်။

Las Vegas သေနတ်သမား ကြိုတင်ကြံစည် ကျူးလွန်ကြောင်း ရဲယုံကြည်
please wait

No media source currently available

0:00 0:02:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG