သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ထိုင္းဘုရင္ႀကီးေမြးေန႔ ဘုရင္စနစ္လိုလားသူေတြ ေသာင္းေသာင္းဖ်ဖ်


ကြယ္လြန္သူ ထုိင္းဘုရင္ႀကီး Bhumibol Adulyadej ေမြးေန႔ပြဲ ဆင္ႏႊဲေနသူေတြကုိ ႏႈတ္ဆက္ေနတဲ့ လက္ရွိ ထုိင္းဘုရင္ Maha Vajiralongkorn. (ဒီဇင္ဘာ ၅၊ ၂၀၂၀)

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ ကြယ္လြန္သူဘုရင္ႀကီး ေမြးေန႔ပြဲကို ဆင္ႏႊဲေနရာမွာ လြတ္ၿငိမ္းခ်မ္းသားခြင့္ေတြ ေပးခဲ့ၿပီး ဘုရင္စနစ္ကို ေထာက္ခံသူေတြ ေသာင္းနဲ႔ခ်ီ မေန႔က ခ်ီတက္ဆုေတာင္းခဲ့ၾကပါတယ္။

ဘုရင္ႀကီး Bhumibol Adulyadej ရဲ႕ ေမြးေန႔ကို ဆက္သတ္မွတ္ထားတဲ့ ထိုင္းႏိုင္ငံ ဖခင္မ်ားေန႔မွာ သားျဖစ္သူ လက္ရွိဘုရင္က အနည္းဆံုး အက်ဥ္းသားေပါင္း ၃၀,၀၀၀ ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳခဲ့ၿပီး ေနာက္ထပ္ ၂၀၀,၀၀၀ ကိုလည္း ျပစ္ဒဏ္ေတြ ေလွ်ာ့ေပါ့ေပးခဲ့ပါတယ္။

ဘုရင့္နန္းေတာ္အျပင္ဘက္ ကြင္းျပင္ႀကီးမွာ ဖေယာင္းတိုင္ေတြ ထြန္းညိႇၿပီး Drone ေတြပါလႊတ္ကာ အဝါေရာင္ဝတ္ ဘုရင္စနစ္ေထာက္ခံသူ ေသာင္းနဲ႔ခ်ီကလည္း ကြယ္လြန္သူ ဖခင္ႀကီးေမြးေန႔ပြဲကို တက္ေရာက္ခ်ီးျမႇင့္ေပးတဲ့ လက္ရွိဘုရင္ Maha Vajiralongkorn ကို အ႐ုိအေသေပး ႏႈတ္ခြန္းဆက္သခဲ့ၾကပါတယ္။

ဘုရင္မႀကီး Suthida နဲ႔အတူ ဘုရင္ Vajirakongkorn ဟာ ဘုရင့္နန္းေတာ္အျပင္ဘက္မွာ ႀကိဳဆိုႏႈတ္ခြန္းဆက္ေနၾကတဲ့ ဒီ ဘုရင္စနစ္ေထာက္ခံသူ လူအုပ္ႀကီးအၾကား ျဖတ္ေလွ်ာက္ခဲ့ၿပီး အားလံုးကို လက္ေဝွ႔ယမ္း ျပန္ႏႈတ္ဆက္ခဲ့ပါတယ္။

တိုင္းျပည္အတြက္ ကိုယ္က်ိဳးစြန္႔ခဲ့သူလို႔ အမ်ားေလးစားမႈရခဲ့တဲ့ ဖခင္ဘုရင္ႀကီးဟာ ႏွစ္ေပါင္း ၇၀ အုပ္ခ်ဳပ္ခဲ့ၿပီး လြန္ခဲ့တဲ့ ၄ ႏွစ္ကမွ နတ္ရြာစံခဲ့ကာ သူ႔ေမြးေန႔ကို ခုလို ဆက္ဂုဏ္ျပဳလာခဲ့ခ်ိန္ လက္ရွိဘုရင္လက္ထက္မွာေတာ့ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရး ဆႏၵျပပြဲေတြ စျဖစ္လာေနပါတယ္။

ဒီႏွစ္လယ္က စတင္ခဲ့တဲ့ ထိုင္းလူငယ္ေက်ာင္းသားေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲေတြကေန ဝန္ႀကီးခ်ဳပ္ျဖစ္သူ အရင္ စစ္အာဏာသိမ္း ေခါင္းေဆာင္ေဟာင္း ႏုတ္ထြက္ေပးေရးနဲ႔ စစ္တပ္အလိုက် ဖြဲ႔စည္းပံု ေျပာင္းလဲေရးအျပင္ အရင္မေျပာရဲမဆိုရဲ ျဖစ္ခဲ့တဲ့ ဒီဘုရင္စနစ္အာဏာကို ေလွ်ာ့ခ်ဖို႔ အခ်က္ ၁၀ ခ်က္ကိုပါ အတိအက် ေတာင္းဆိုေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကွယ်လွန်သူ ထိုင်းဘုရင်ကြီးမွေးနေ့ ဘုရင်စနစ်လိုလားသူတွေ သောင်းသောင်းဖျဖျ

ထိုင်းနိုင်ငံမှာ ကွယ်လွန်သူဘုရင်ကြီး မွေးနေ့ပွဲကို ဆင်နွှဲနေရာမှာ လွတ်ငြိမ်းချမ်းသားခွင့်တွေ ပေးခဲ့ပြီး ဘုရင်စနစ်ကို ထောက်ခံသူတွေ သောင်းနဲ့ချီ မနေ့က ချီတက်ဆုတောင်းခဲ့ကြပါတယ်။

ဘုရင်ကြီး Bhumibol Adulyadej ရဲ့ မွေးနေ့ကို ဆက်သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံ ဖခင်များနေ့မှာ သားဖြစ်သူ လက်ရှိဘုရင်က အနည်းဆုံး အကျဉ်းသားပေါင်း ၃၀,၀၀၀ ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပြီး နောက်ထပ် ၂၀၀,၀၀၀ ကိုလည်း ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့ပါတယ်။

ဘုရင့်နန်းတော်အပြင်ဘက် ကွင်းပြင်ကြီးမှာ ဖယောင်းတိုင်တွေ ထွန်းညှိပြီး Drone တွေပါလွှတ်ကာ အဝါရောင်ဝတ် ဘုရင်စနစ်ထောက်ခံသူ သောင်းနဲ့ချီကလည်း ကွယ်လွန်သူ ဖခင်ကြီးမွေးနေ့ပွဲကို တက်ရောက်ချီးမြှင့်ပေးတဲ့ လက်ရှိဘုရင် Maha Vajiralongkorn ကို အရိုအသေပေး နှုတ်ခွန်းဆက်သခဲ့ကြပါတယ်။

ဘုရင်မကြီး Suthida နဲ့အတူ ဘုရင် Vajirakongkorn ဟာ ဘုရင့်နန်းတော်အပြင်ဘက်မှာ ကြိုဆိုနှုတ်ခွန်းဆက်နေကြတဲ့ ဒီ ဘုရင်စနစ်ထောက်ခံသူ လူအုပ်ကြီးအကြား ဖြတ်လျှောက်ခဲ့ပြီး အားလုံးကို လက်ဝှေ့ယမ်း ပြန်နှုတ်ဆက်ခဲ့ပါတယ်။

တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ခဲ့သူလို့ အများလေးစားမှုရခဲ့တဲ့ ဖခင်ဘုရင်ကြီးဟာ နှစ်ပေါင်း ၇၀ အုပ်ချုပ်ခဲ့ပြီး လွန်ခဲ့တဲ့ ၄ နှစ်ကမှ နတ်ရွာစံခဲ့ကာ သူ့မွေးနေ့ကို ခုလို ဆက်ဂုဏ်ပြုလာခဲ့ချိန် လက်ရှိဘုရင်လက်ထက်မှာတော့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြပွဲတွေ စဖြစ်လာနေပါတယ်။

ဒီနှစ်လယ်က စတင်ခဲ့တဲ့ ထိုင်းလူငယ်ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကနေ ဝန်ကြီးချုပ်ဖြစ်သူ အရင် စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်း နုတ်ထွက်ပေးရေးနဲ့ စစ်တပ်အလိုကျ ဖွဲ့စည်းပုံ ပြောင်းလဲရေးအပြင် အရင်မပြောရဲမဆိုရဲ ဖြစ်ခဲ့တဲ့ ဒီဘုရင်စနစ်အာဏာကို လျှော့ချဖို့ အချက် ၁၀ ချက်ကိုပါ အတိအကျ တောင်းဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG