သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Breonna Taylor သေဆုံးမှု Louisville မြို့မှာ ဆန္ဒပြပွဲတွေဆက်ဖြစ်


Louisville မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၀)
Louisville မြို့က ဆန္ဒပြပွဲမြင်ကွင်း။ (စက်တင်ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့မှာတော့ ဆန္ဒပြတဲ့သူတွေဟာ မနေ့ သောကြာနေ့ညက ထပ်ပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ပြီးခဲ့တဲ့မတ်လက ရဲတပ်ဖွဲ့က မူးယစ်ဆေးနှိမ်နင်းတဲ့ ဝင်ရောက်စီးနှင်းမှုအတွင်း အရေးပေါ်ဆေးဝန်ထမ်း Breonna Taylor သေဆုံးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ ထပ်ပြီးတော့ ဆန္ဒြ့ပခဲ့ကြတာပါ။

ည ၉ နာရီကျော်ရင် အပြင်မထွက်ရ အမိန့်ထုတ်ထားတာကို ချိုးဖောက်တဲ့အတွက် ဆန္ဒပြတဲ့သူ ၁၅ ယောက်ကို သောကြာနေ့က ဖမ်းဆီးလိုက်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မနေ့က အစောပိုင်းမှာတော့ Breonna Taylor ရဲ့ မိသားစုနဲ့ သူ့တို့ရဲ့ရှေ့နေ Benjamin Crump တို့က ရဲတပ်ဖွဲ့ရဲ့ ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ ရိုက်ထားတဲ့ မှတ်တမ်းဗွီဒီယိုတွေ၊ ရဲတပ်ဖွဲ့ရဲ့ အမှုတွဲ မှတ်တမ်းဖိုင်တွေနဲ့ ဂျူရီအဖွဲ့ရဲ့ အမှုစစ်ဆေးစီရင်ဆုံးဖြတ်ချက် မှတ်တမ်းတွေကို ထုတ်ပြန်ပေးဖို့ Kentucky ပြည်နယ် ရှေ့နေချုပ်ကို တောင်းဆိုခဲ့ကြပါတယ်။

ဂျူရီအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန်က လူမှုအဖွဲ့အစည်းတွေကြားမှာ ရှိနေတဲ့ လူမျိုးရေးခွဲခြားမှုရဲ့ သာဓကတရပ်ဖြစ်ပြီး ဒါက ကျနော်တို့ တလျှောက်လုံး ပြောနေတာတွေကို မီးမောင်းထိုးပြနေတာဖြစ်တယ်လို့ ရှေ့နေ Crump က ပြောလိုက်ပါတယ်။

ဒါ့အပြင် Breonna Taylor ရဲ့ မိခင် Tamika Palmer ကလည်း ရဲတပ်ဖွဲ့နဲ့ ဥပဒေတွေဟာ လူမည်းတွေနဲ့ အသားရောင်ရှိတဲ့ အမျိုးသမီးတွေကို အကာအကွယ်ပေးဖို့အတွက် လုပ်ထားတာမဟုတ်ကြောင်း၊ သူ့အနေနဲ့ တရားစီရင်ရေး စနစ်ပေါ်မှာ အယုံအကြည်မရှိဘူး ဆိုတာကို ဂျူရီ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အတည်ပြုပေးလိုက်တယ်လို့ ပြောလိုက်ပါတယ်။

Breonna Taylor သေဆုံးမှု Louisville မြို့မှာ ဆန္ဒပြပွဲတွေဆက်ဖြစ်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)

Breonna Taylor သဆေုံးမှု Louisville မွို့မှာ ဆန်ဒပွပှဲတှဆေကျဖွဈ






XS
SM
MD
LG