သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မေလးရွားေရာက္ ျမန္မာထိန္းသိမ္းခံ ၁၀၀ ေက်ာ္ ၂ႏိုင္ငံ ကုန္သည္ႀကီးမ်ားက ဌာေနျပန္ပို႔


ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ပုိ႔ခံရတဲ့ျမန္မာမ်ား ( ျမန္မာလူမူ ့ကူူညီေရးအသင္း (မေလးရွား)

(Zawgyi/Unicode)

ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏိုင္ငံမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာအက်ဥ္းသား ၁၂၀ကို ဇန္န၀ါ၇ီလ ၈ ရက္ေန႔ကျမန္မာမေလးရွားကုန္သည္ႀကီးမ်ားအသင္းကစီစဥ္တဲ့ စင္းလံုးဌားေလယာဥ္နဲ႕ ျမန္မာျပည္ကို ျပန္ပို႔ခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ေျပာျပေပးပါမယ္။

ကုိဗစ္ကပ္ေရာဂါကာလ မေလးရွားႏုိင္ငံထဲမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသားေတြကုိ ျမန္မာ မေလးရွားကုန္သည္ႀကီးမ်ားအသင္းအစီစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ ေနာက္ထပ္အေယာက္ ၁၂၀ကုိ ေနရပ္ျပန္ပုိ႔ခဲ့တာပါ။

ဒါဟာ ထိန္းသိမ္းစခန္း ၂ခုက အက်ဥ္းက်ေနသူေတြကို အစုလိုက္ အျပံဳလိုက္ ေနရပ္ျပန္ပို႔ခဲ့တာျဖစ္ေၾကာင္း မေလးရွားႏုိင္ငံအေျခစုိက္ ျမန္မာလူမူကူညီေရးအသင္းဥကၠဌ ဦးစန္း၀င္းက ေျပာပါတယ္။

“မေလးရွားႏိုင္ငံမွာအေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ အဖမ္းခံရတဲ့လူ ၁၂၀ပါ၀င္တယ္။ ၁၂၀ထဲမွာက ျမန္မာႏို္င္ငံကုိ ေအာက္လမ္းကေန( တရားမ၀င္လမ္း)ျပန္သြားတဲ့ ရခုိင္အမ်ဳိးသမီးေလး ကုိယ္၀န္နဲ႔ ပါသြားတယ္ ။ ထိန္းသိမ္းစခန္းထဲမွာပဲ ကေလးမီးဖြားတယ္ ။ အမႊာေလး ေယာက္က်ားေလးတေယာက္ မိန္းကေလးတေယာက္ေမြးတယ္ ရခိုင္ျပည္နယ္ေျမာက္ဦးျမိဳ ့က လာတဲ့သူပါ။

သံအမတ္ႀကီးဦးေအာင္စိုး၀င္း၊ ဒုသံအမတ္ႀကီးဦးသန္းေဌးတို႔ ဦးေဆာင္ၿပီး ျပန္တဲ့သူေတြကို က်န္းမာေရးကိစၥေတြနဲ႔ အားေပးစကားလာေျပာၾကတယ္ ။ အလ်ဳရွင္ေတြက အ၀တ္အစား၊ အသံုးအေဆာင္အစားအေသာက္ေတြလွဴဒါန္းပါတယ္။ အမႊာပူးေမြးတဲ့ မိသားစုက ၈ လေက်ာ္၊ တႏွစ္ေလာက္ေထာင္ထဲမွာ ေနခဲ့ရတယ္ နယ္စပ္စခန္းမွာေပါ့ က်န္တဲ့သူေတြကေတာ့ တႏွစ္ေက်ာ္ ေနတဲ့သူက်န္တဲ့သူေတြက ၈ လေနတဲ့သူ ၆ လေနတဲ့သူေတြရွိတယ္။”

ေနရပ္ျပန္ခြင့္ရသူေတြထဲက တခ်ဳိ႕ဟာ မေလးရွားႏုိင္ငံကုိ ထုိင္းနယ္စပ္ကတဆင့္ တရားမ၀င္ ၀င္ေရာက္လာသူေတြျဖစ္ၾကၿပီး ကပ္ေရာဂါကာလ အေထာက္အထားမဲ့ ေနထုိင္သူေတြကုိ အာဏာပုိင္ေတြ စစ္ေဆးရာမွာ ဖမ္းဆီးခံခဲ့ရတာပါ။

ျမန္မာႏိုင္ငံသားေတြအေနနဲ႕ တရား၀င္ေနရပ္ျပန္ၾကဖို ့တရားမ၀င္တဲ့ နည္းနဲ႔ ေနရပ္ျပန္တာေတြ မလုပ္ၾကဖို႔ ထိန္းသိမ္းစခန္းေတြထဲမွာ ကိုယ္၀န္ေဆာင္အမ်ိုဳးသမီးေတြ အခက္အခဲေတြ႔ႀကံဳရတယ္ လို႔လည္း ဦးစန္း၀င္းက ေျပာျပခဲ့ပါတယ္။

ကပ္ေရာဂါကာလမွာ မေလးရွားႏုိင္ငံက ထိန္းသိမ္းေရးစခန္း ၁၃ ခုမွာရွိတဲ့ ျမန္မာတေထာင္ေက်ာ္ကို ႏို၀င္ဘာကစ ေနရပ္ျပန္ခြင့္ျပဳခဲ့တာပါ။ အခု ေနရပ္ျပန္သူ ၁၂၀ ကေတာ့ ထိန္းသိမ္းေရးစခန္း ၂ခုက အက်ဥ္းက်ျပီးလြတ္ရက္ေစ့သူေတြျဖစ္ပါတယ္။

ခန့္မွန္းေျခ ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကုိင္ေနတဲ့မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါ ကာလအတြင္း စား၀တ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့့့္ ေနရပ္ျပန္ဖုိ႔ျမန္မာသံရံုးမွာ စာရင္းေပးသြင္းထားသူ တေသာင္းေက်ာ္ရွိေနပါတယ္။ ဒီလူေတြကုိ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ့ က်န္းမာေရးမေကာင္းသူေတြကို ဦးစားေပးျပီးေနရပ္ျပန္ပုိ႔ေနတာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ငါးရာေက်ာ္နဲ႔ ကူးစက္သူ တသိန္းႏွစ္ေသာင္း ရွစ္ေထာင္ေက်ာ္ ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ဒီရက္ပုိင္းအတြင္း ေနာက္ထပ္ ကူးစက္မႈေတြေၾကာင့္ ေသာင္းဂဏန္း ေလာက္ ထိ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံသားအက်ဥ္းသားေတြကို ေနရပ္ျပန္ပုိ႔ခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


...........

မလေးရှားရောက် မြန်မာထိန်းသိမ်းခံ ၁၀၀ ကျော် ၂နိုင်ငံ ကုန်သည်ကြီးများက ဌာနေပြန်ပို့

(Unicode)

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအကျဉ်းသား ၁၂၀ကို ဇန်နဝါရီလ ၈ ရက်နေ့ကမြန်မာမလေးရှားကုန်သည်ကြီးများအသင်းကစီစဉ်တဲ့ စင်းလုံးဌားလေယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ကိုဗစ်ကပ်ရာဂါကာလ မလေးရှားနိုင်ငံထဲမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာ မလေးရှားကုန်သည်ကြီးများအသင်းအစီစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၂၀ကို နေရပ်ပြန်ပို့ခဲ့တာပါ။

ဒါဟာ ထိန်းသိမ်းစခန်း ၂ခုက အကျဉ်းကျနေသူတွေကို အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့ခဲ့တာဖြစ်ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဌ ဦးစန်းဝင်းက ပြောပါတယ်။

“မလေးရှားနိုင်ငံမှာအကြောင်း အမျိုးမျိုးကြောင့် အဖမ်းခံရတဲ့လူ ၁၂၀ပါဝင်တယ်။ ၁၂၀ထဲမှာက မြန်မာနိုင်ငံကို အောက်လမ်းကနေ( တရားမဝင်လမ်း)ပြန်သွားတဲ့ ရခိုင်အမျိုးသမီးလေး ကိုယ်ဝန်နဲ့ ပါသွားတယ် ။ ထိန်းသိမ်းစခန်းထဲမှာပဲ ကလေးမီးဖွားတယ် ။ အမွှာလေး ယောက်ကျားလေးတယောက် မိန်းကလေးတယောက်မွေးတယ် ရခိုင်ပြည်နယ်မြောက်ဦးမြို့က လာတဲ့သူပါ။

သံအမတ်ကြီးဦးအောင်စိုးဝင်း၊ ဒုသံအမတ်ကြီးဦးသန်းဌေးတို့ ဦးဆောင်ပြီး ပြန်တဲ့သူတွေကို ကျန်းမာရေးကိစ္စတွေနဲ့ အားပေးစကားလာပြောကြတယ် ။ အလျုရှင်တွေက အဝတ်အစား၊ အသုံးအဆောင်အစားအသောက်တွေလှူဒါန်းပါတယ်။ အမွှာပူးမွေးတဲ့ မိသားစုက ၈ လကျော်၊ တနှစ်လောက်ထောင်ထဲမှာ နေခဲ့ရတယ် နယ်စပ်စခန်းမှာပေါ့ ကျန်တဲ့သူတွေကတော့ တနှစ်ကျော် နေတဲ့သူကျန်တဲ့သူတွေက ၈ လနေတဲ့သူ ၆ လနေတဲ့သူတွေရှိတယ်။”

နေရပ်ပြန်ခွင့်ရသူတွေထဲက တချို့ဟာ မလေးရှားနိုင်ငံကို ထိုင်းနယ်စပ်ကတဆင့် တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကြပြီး ကပ်ရောဂါကာလ အထောက်အထားမဲ့ နေထိုင်သူတွေကို အာဏာပိုင်တွေ စစ်ဆေးရာမှာ ဖမ်းဆီးခံခဲ့ရတာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ တရားဝင်နေရပ်ပြန်ကြဖို့တရားမဝင်တဲ့ နည်းနဲ့ နေရပ်ပြန်တာတွေ မလုပ်ကြဖို့ ထိန်းသိမ်းစခန်းတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုုးသမီးတွေ အခက်အခဲတွေ့ကြုံရတယ် လို့လည်း ဦးစန်းဝင်းက ပြောပြခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာရှိတဲ့ မြန်မာတထောင်ကျော်ကို နိုဝင်ဘာကစ နေရပ်ပြန်ခွင့်ပြုခဲ့တာပါ။ အခု နေရပ်ပြန်သူ ၁၂၀ ကတော့ ထိန်းသိမ်းရေးစခန်း ၂ခုက အကျဉ်းကျပြီးလွတ်ရက်စေ့သူတွေဖြစ်ပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့မလေးရှားမှာ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ တသောင်းကျော်ရှိနေပါတယ်။ ဒီလူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီးနေရပ်ပြန်ပို့နေတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ငါးရာကျော်နဲ့ ကူးစက်သူ တသိန်းနှစ်သောင်း ရှစ်ထောင်ကျော် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နောက်ထပ် ကူးစက်မှုတွေကြောင့် သောင်းဂဏန်း လောက် ထိ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားအကျဉ်းသားတွေကို နေရပ်ပြန်ပို့ခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG