သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာလ မေလးရွားေရာက္ ျမန္မာ ၁၇၀ ေနရပ္ျပန္ပို႔


မေလးရွားႏုိင္ငံကေန ေနရပ္ျပန္ပို႔ခံရတဲ့ အေထာက္အထားမဲ့ ျမန္မာမ်ား။ (ဒီဇင္ဘာ ၃၀၊ ၂၀၂၀။ ဓာတ္ပုံ - ျမန္မာလူမႈကူညီေရးအသင္း-မေလးရွား)

(Zawgyi / Unicode)

ကုိဗစ္ကပ္ေဘးကာလ မေလးရွားႏုိင္ငံမွာ ေရာက္ေနၾကတဲ့ ျမန္မာႏုိင္ငံသား ေနာက္ထပ္ အေယာက္ ၁၇၀ ေက်ာ္ကုိ ဒီဇင္ဘာလ ၃၀ ရက္ေန႔က ေနရပ္ျပန္ပုိ႔ရာမွာ အေထာက္အထားမဲ့ ျမန္မာႏို္င္ငံသားေတြနဲ႔ ထိန္းသိမ္းေရးစခန္းက ျမန္မာ ၅၀ ေက်ာ္ ပါဝင္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအုိေအျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ကုိဗစ္ကပ္ရာဂါကာလ မေလးရွားႏုိင္ငံမွာ ေသာင္တင္ေနသူေတြနဲ႔ ထိန္းသိမ္းခံထားရသူ ျမန္မာႏုိင္ငံသားေတြကုိ သံ႐ုံးအစီအစဥ္နဲ႔ ေနရပ္ျပန္ပုိ႔ေနရာမွာ ေနာက္ထပ္ အေယာက္ ၁၇၀ ေက်ာ္ ေနရပ္ျပန္ပုိ႔ခဲ့တာပါ။ ဒီဇင္ဘာလကုန္ရက္က ျပန္ခြင့္ရသူေတြထဲမွာေတာ့ အေထာက္အထားမဲ့ေတြနဲ႔ လူဝင္မႈႀကီးၾကပ္ေရး စခန္းေတြမွာ ထိန္းသိမ္းခံခဲ့ရသူေတြလည္း ပါဝင္ခဲ့ေၾကာင္း မေလးရွားႏုိင္ငံ အေျခစုိက္ ျမန္မာလူမႈကူညီေရးအသင္း ဥကၠ႒ ဦးစန္းဝင္းက ေျပာပါတယ္။

“ကယ္ဆယ္ေရးေလယာဥ္ အႀကိမ္ ၄၀ ေျမာက္ခရီးစဥ္မွာ ျမန္မာႏုိင္ငံသား အားလံုးေပါင္း ၁၇၀ ဝန္းက်င္ ပါဝင္ပါတယ္။ အဲဒီထဲမွာ က်န္းမာေရးမေကာင္းတဲ့ အေထာက္အထားမဲ့ ျမန္မာႏိုင္ငံသား ၃၅ ေယာက္ ပါဝင္ပါတယ္။ အေၾကာင္းအမ်ဳိးမ်ိဳးနဲ႔ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာႏုိင္ငံသား ၁၇ ေယာက္ ပါဝင္ပါတယ္။ ဒီတႀကိမ္မွာ တရားမဝင္ ျမန္မာႏို္င္ငံသားေတြကို ျပန္ပုိ႔တာ က်န္းမာေရးမေကာင္းတဲ့သူေတြ ျပန္ပို႔တာက ဒုတိယအႀကိမ္ ျဖစ္ပါတယ္။ ပထမတႀကိမ္တုန္းက လူ ၁၀၀ ေက်ာ္ ျပန္သြားၿပီးပါၿပီ။ ဒုတိယအႀကိမ္ စပို႔ေနတာပါ။ ျမန္မာသံ႐ုံးနဲ႔ မေလးရွား လူဝင္မႈႀကီးၾကပ္ေရး (လဝက) တုိ႔ ႏွစ္ဖက္ညႇိႏႈိင္းၿပီး ျပန္ပုိ႔ေပးေနတာ ျဖစ္ပါတယ္။”

သူတို႔ေတြဟာ ထုိင္း-မေလးနယ္စပ္ကေန ခိုးဝင္ၾကသူေတြျဖစ္ၿပီး ကုိဗစ္အေရးေပၚကာလ ေအာ္ပရာစီ စစ္ဆင္ေရးေတြနဲ႔ ဖမ္းဆီးခံရသူေတြ ျဖစ္ၾကပါတယ္။

အက်ဥ္းစခန္းကေန ေနရပ္ျပန္သူေတြနဲ႔ အေထာက္အထားမဲ့ ျမန္မာေတြကိုေတာ့ မေလးရွားႏုိင္ငံက ျမန္မာပရဟိတ အဖဲြ႔အစည္းေတြနဲ႔ ေစတနာရွင္ေတြက အစားအေသာက္နဲ႔ အဝတ္အစားေတြ၊ အေႏြးထည္ေတြနဲ႔ လူနာတင္တဲ့ တြန္းလွည္းေတြကို လွဴဒါန္းေပးခဲ့ပါတယ္။

ကပ္ေရာဂါကာလမွာ ထိန္းသိမ္းေရးစခန္း ၁၃ ခုက ျမန္မာ ၁,၀၀၀ ေက်ာ္ကို ႏုိဝင္ဘာလထဲမွာ ေနရပ္ျပန္ပုိ႔ခဲ့ၿပီး အခုေနာက္ထပ္လည္း ဒီဇင္ဘာလထဲမွာ လြတ္ရက္ေစ့သူေတြကုိ ျပန္လႊတ္ေပးေနတာပါ။

ခန္႔မွန္းေျခ ျမန္မာႏုိင္ငံသား ၅ သိန္းခဲြေလာက္ အလုပ္လုပ္ကုိင္ေနတဲ့ မေလးရွားမွာ ကုိဗစ္ကပ္ေရာဂါကာလအတြင္း စားဝတ္ေနေရးနဲ႔ အလုပ္အကုိင္ အခက္အခဲေတြေၾကာင့့့္ ေနရပ္ျပန္ဖုိ႔ ျမန္မာသံ႐ုံးမွာ စာရင္းေပးသြင္းထားသူ ၁၀,၀၀၀ ေက်ာ္ ရွိေနပါတယ္။ ဒီလူေတြကုိ ကယ္ဆယ္ေရးေလယာဥ္ေတြနဲ႔ က်န္းမာေရးမေကာင္းသူေတြကို ဦးစားေပးၿပီး ေနရပ္ျပန္ပုိ႔ေနတာပါ။

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆုံးသူ ၄၀၀ ေက်ာ္နဲ႔ ကူးစက္သူ ၁၁၀,၀၀၀ ေက်ာ္ရွိေနတဲ့ မေလးရွားႏုိင္ငံမွာ ေနာက္ထပ္ ကူးစက္မႈေတြ တုိးလာေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံသားေတြ ေနရပ္ျပန္ေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကိုဗစ်ကာလ မလေးရှားရောက် မြန်မာ ၁၇၀ နေရပ်ပြန်ပို့

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား နောက်ထပ် အယောက် ၁၇၀ ကျော်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့က နေရပ်ပြန်ပို့ရာမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေနဲ့ ထိန်းသိမ်းရေးစခန်းက မြန်မာ ၅၀ ကျော် ပါဝင်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ကိုဗစ်ကပ်ရာဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ် အယောက် ၁၇၀ ကျော် နေရပ်ပြန်ပို့ခဲ့တာပါ။ ဒီဇင်ဘာလကုန်ရက်က ပြန်ခွင့်ရသူတွေထဲမှာတော့ အထောက်အထားမဲ့တွေနဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေလည်း ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံ အခြေစိုက် မြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“ကယ်ဆယ်ရေးလေယာဉ် အကြိမ် ၄၀ မြောက်ခရီးစဉ်မှာ မြန်မာနိုင်ငံသား အားလုံးပေါင်း ၁၇၀ ဝန်းကျင် ပါဝင်ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေးမကောင်းတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၅ ယောက် ပါဝင်ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၁၇ ယောက် ပါဝင်ပါတယ်။ ဒီတကြိမ်မှာ တရားမဝင် မြန်မာနိုင်ငံသားတွေကို ပြန်ပို့တာ ကျန်းမာရေးမကောင်းတဲ့သူတွေ ပြန်ပို့တာက ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတကြိမ်တုန်းက လူ ၁၀၀ ကျော် ပြန်သွားပြီးပါပြီ။ ဒုတိယအကြိမ် စပို့နေတာပါ။ မြန်မာသံရုံးနဲ့ မလေးရှား လူဝင်မှုကြီးကြပ်ရေး (လဝက) တို့ နှစ်ဖက်ညှိနှိုင်းပြီး ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။”

သူတို့တွေဟာ ထိုင်း-မလေးနယ်စပ်ကနေ ခိုးဝင်ကြသူတွေဖြစ်ပြီး ကိုဗစ်အရေးပေါ်ကာလ အော်ပရာစီ စစ်ဆင်ရေးတွေနဲ့ ဖမ်းဆီးခံရသူတွေ ဖြစ်ကြပါတယ်။

အကျဉ်းစခန်းကနေ နေရပ်ပြန်သူတွေနဲ့ အထောက်အထားမဲ့ မြန်မာတွေကိုတော့ မလေးရှားနိုင်ငံက မြန်မာပရဟိတ အဖွဲ့အစည်းတွေနဲ့ စေတနာရှင်တွေက အစားအသောက်နဲ့ အဝတ်အစားတွေ၊ အနွေးထည်တွေနဲ့ လူနာတင်တဲ့ တွန်းလှည်းတွေကို လှူဒါန်းပေးခဲ့ပါတယ်။

ကပ်ရောဂါကာလမှာ ထိန်းသိမ်းရေးစခန်း ၁၃ ခုက မြန်မာ ၁,၀၀၀ ကျော်ကို နိုဝင်ဘာလထဲမှာ နေရပ်ပြန်ပို့ခဲ့ပြီး အခုနောက်ထပ်လည်း ဒီဇင်ဘာလထဲမှာ လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ပေးနေတာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅ သိန်းခွဲလောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော် ရှိနေပါတယ်။ ဒီလူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီး နေရပ်ပြန်ပို့နေတာပါ။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၄၀၀ ကျော်နဲ့ ကူးစက်သူ ၁၁၀,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ နောက်ထပ် ကူးစက်မှုတွေ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG