သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မန္းသႀကၤန္မွာ ဆႏၵျပဖုိ႔ တက္ႂကြလႈပ္ရွားသူေတြ ျပင္ဆင္


မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)

[ Zawgyi / unicode ]

အခုလာမယ့္ အတာအႀကၤန္ကို ေတာ္လွန္ေသာသႀကၤန္အျဖစ္ ေဖာ္ေဆာင္ၿပီး သႀကၤန္သပိတ္ေတြ ဆင္ႏဲြသြားမွာျဖစ္တယ္လို႔ မႏၱေလး ဆႏၵျပသပိတ္ေခါင္းေဆာင္က ေျပာလိုက္ပါတယ္။ ႏုိင္ငံတ၀န္းစစ္အာဏာရွင္ဆန္႔က်င္ေရးဆႏၵျပပဲြေတြအတြင္း ဆႏၵျပျပည္သူ ၇၀၀ နီးပါး ေသဆုံးခဲ့တာေၾကာင့္ အခုလို စီစဥ္ေနတာျဖစ္တယ္လို႔ သူကေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစုံကိုေတာ့ ကိုရန္ႏုိင္က ေျပာျပေပးမွာျဖစ္ပါတယ္။


အခုႏွစ္ ျမန္မာ့႐ုိးရာအတာသႀကၤန္ပဲြကိုေတာ့ လာမယ့္ ဧၿပီ ၁၃ ရက္ေန႔ အဂၤါေန႔မွာ စတင္မွာျဖစ္ပါတယ္။ ျမန္မာတုိ႔ရဲ႕ ႏွစ္သစ္ကူး ႐ုိးရာအတာသႀကၤန္ပဲြကို ႏွစ္စဥ္ ဧၿပီလလယ္မွာ ဆင္ႏဲြေလ့ရွိေပမယ့္၊ ဒီႏွစ္မွာေတာ့ တုိင္းျပည္တြင္းမွာျဖစ္ခဲ့တဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္လာတဲ့ ဆႏၵျပပဲြေတြနဲ႔ လူ ေသဆုံးမႈေတြေၾကာင့္ အစဥ္အလာအတုိင္း ေရကစားၿပီး ေရသဘင္ပဲြအျဖစ္ ဆင္ႏဲြသြားမွာမဟုတ္ဘဲ၊ ေတာ္လွန္ေသာသႀကၤန္အျဖစ္နဲ႔ သပိတ္ေတြကို ပုံစံမ်ိဳးစုံနဲ႔ ဆင္ႏဲြသြားမွာမယ္လို႔ ေႏြဦးေတာ္လွန္ေရး ဆႏၵျပသပိတ္ေခါင္းေဆာင္ ေဒါက္တာ ေတဇာစန္းက ေျပာပါတယ္။

" ဒီသႀကၤန္ကေတာ့ ျပည္သူလူထုက မိမိတုိ႔ရဲ႕ အသိစိတ္ဓါတ္အရ ေပ်ာ္ရမယ့္ အေပ်ာ္အပါးသႀကၤန္ အေပ်ာ္သႀကၤန္ မဟုတ္ဘူးဆိုတာ အားလုံးက သိထား လက္ခံထားၾကၿပီးသားပါ။ ဘာျဖစ္လုိ႔ က်ေနာ္တို႔ မေပ်ာ္ထိုက္သလဲဆိုေတာ့ အားလုံး သိထားၾကတဲ့အတိုင္းပဲ က်ေနာ္တို႔ ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးခဲ့ရတာ အခုဆို လူ(၆၀၀)ေက်ာ္ ရွိေနၿပီ။ ဖမ္းဆီးခံထားရတာဆိုရင္ ေထာင္နဲ႔ခ်ီ ရွိေနၿပီေပါ့ေနာ္။ ဆိုေတာ့ ဒီသႀကၤန္ကေတာ့ ခါတိုင္း အရင္တုန္းကလို အေပ်ာ္အပါးသႀကၤန္ မဟုတ္ပါဘူး။ အဲဒီေတာ့ က်ေနာ္တို႔ ဒီသႀကၤန္ကာလမွာလည္း က်ေနာ္တို႔လူထု အေနနဲ႔ကေတာ့ အာဏာရွင္ ဆန္႔က်င္ေရး လူထုလႈပ္ရွားမႈေတြ ၊ သပိတ္ေတြကို က်ေနာ္တို႔ ဆက္ၿပီးေတာ့ အသြင္ပုံသ႑န္မ်ဳိးစုံနဲ႔ ေဆာင္ရြက္သြားၾကမွာ ျဖစ္တယ္။ ဒါေၾကာင့္ သႀကၤန္တြင္းမွာလည္းပဲ က်ေနာ္တို႔က ဒီသႀကၤန္ကို အေပ်ာ္သႀကၤန္မဟုတ္ပဲနဲ႔ ေတာ္လွန္ေသာသႀကၤန္ေပ့ါ .. သႀကၤန္သပိတ္ေတြကို ဆက္ၿပီးေတာ့ က်ေနာ္တို႔ ဆင္ႏႊဲေဆာင္ရြက္ သြားၾကမွာျဖစ္ပါတယ္။"

မႏၱေလးၿမိဳက အတာသႀကၤန္ပဲြေတာ္အတြင္း ျမန္မာ့႐ုိးရာယဥ္ေက်းမႈအစဥ္အလာေတြ အေတာ္မ်ားမ်ားကို ေတြ႔ရေလ့ရွိပါတယ္။

ေငြငန္းနဲ႔ အတူ ၊ သႀကၤန္အလွျပယာဥ္ေတြ၊ အကအဖဲြ႔ေတြ၊ ျမန္မာဂီတသံစဥ္ ေတးသီခ်င္းေတြသီဆုိတဲ့ တီး၀ိုင္းေတြနဲ႔ ၿမိဳ႕တြင္းမွာ လွည့္လည္ေဖ်ာ္ေျဖေလ့ရွိၾကၿပီး မႏၱေလးသႀကၤန္ဟာလည္း အစဥ္အလာအားျဖင့္ နာမည္ႀကီးသႀကၤန္တခုျဖစ္ပါတယ္။ ဒါေပမဲ့ စစ္အာဏာသိမ္းမႈေၾကာင့္ မႏၱေလးၿမိဳ႕မွာ သႀကၤန္ပဲြေတြမလုပ္ဖို႔ ေဆာ္ၾသတာေတြရွိေနသလို၊ ၿမိဳ႕ခံေတြကလည္း သႀကၤန္ပဲြကို ဆင္ႏဲြဖို႔ စိတ္မ၀င္စားၾကပဲ ၊ မႏၱေလးၿမိဳ႕ေတာ္၀န္ သႀကၤန္မ႑ပ္ကိုလည္း ျပန္ဖ်က္လိုက္ၿပီျဖစ္တယ္လို႔ မႏၱေလးၿမိဳ႕ခံတဦးက ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီဘက္ကေတာ့ သႀကၤန္ပဲြေတြကို ေနျပည္ေတာ္အပါအ၀င္ ႏုိင္ငံတ၀န္းမွာ က်င္းပဖို႔ စီစဥ္ေနၿပီး၊ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြ၊ ကန္႔သတ္ခ်က္ေတြနဲ႔ အညီ ခြင့္ျပဳသြားမယ္လို႔ ၿပီးခဲ့တဲ့ ရက္ပိုင္းေတြအတြင္း စစ္ေကာင္စီေျပာခြင့္ရက သတင္းစာရွင္းလင္းပဲြအတြင္း ေျပာၾကားခဲ့ပါတယ္။

အခုလို စစ္ေကာင္စီဘက္က စီစဥ္ေနတာေတြဟာ တုိင္းျပည္အတြင္းမွာျဖစ္ပ်က္ေနတာေတြကို အာ႐ုံလႊဲဖို႔ လုပ္ေဆာင္ေနတာ ျဖစ္တာေၾကာင့္၊ ျပည္သူေတြအေနနဲ႔ စစ္ေကာင္စီက က်င္းပတဲ့ အတာသႀကၤန္ပဲြကို ပါ၀င္လိုက္ျခင္းအားျဖင့္ စစ္အာဏာရွင္ ဆန္႔က်င့္ေရး ေႏြဦးေတာ္လွန္ေရအတြင္း ေသဆုံးသြားတဲ့သူေတြ၊ ဖမ္းဆီးခံထားရတဲ့သူေတြအေပၚမွာ မေလးစားရာ ေရာက္တဲ့အတြက္ မပါ၀င္ၾကပဲ ၊ စစ္အာဏာရွင္စနစ္ မက်ဆုံးမခ်င္း ဆက္ၿပီးေတာ့ ေတာ္လွန္ၾကဖို႔ မႏၱေလး က်န္းမာေရးမိသားစု ေတြကလည္း ေၾကျငာခ်က္ထုတ္ျပန္ တုိက္တြန္းထားပါတယ္။ မႏၱေလးၿမိဳ႕မွာ သႀကၤန္ပဲြ မဆင္ႏဲြဖို႔ ေဆာ္ၾသေနၾကသလို၊ တျခားေဒသေတြမွာလည္း အလားတူ သႀကၤန္ပဲြေတြကို မဆင္ႏဲြဖို႔ ဆႏၵျပလူငယ္ေတြက ေဆာ္ၾသထားပါတယ္။

အခုလို ႏုိင္ငံတ၀န္းမွာ သႀကၤန္ပဲြေတြ မဆင္ႏဲြဖို႔ ေဆာ္ၾသေတာင္းဆုိတာေတြရွိေနခ်ိန္မွာပဲ ရခုိင္ျပည္နယ္မွာေတာ့ ရုိးရာသႀကၤန္ပဲြေတြကို ကိုဗစ္ စည္းကမ္းေတြနဲ႔ အညီက်င္းပဖို႔ ခြင့္ျပဳထားသလို၊ က်င္းပဖို႔လည္း စီစဥ္ေနတယ္လို႔ သႀကၤန္ပဲြက်င္းပေရးေကာ္မတီ၀င္တဦးက ၿပီးခဲ့တဲ့ ေသာၾကာေန႔က ဗီအိုေအကို ေျပာထားပါတယ္။

မႏၱေလးၿမိဳ႕မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း ကိုဗစ္ ၁၉ ကပ္ေရာဂါေၾကာင့္ အတာသႀကၤန္ပဲြေတြကို မဆင္ႏဲြလိုက္ရသလို၊ အခုႏွစ္မွာလည္း ႏုိင္ငံေရးအေျခအေနေတြေၾကာင့္ အေပ်ာ္ေရကစားတာေတြလုပ္ေဆာင္သြားမွာ မဟုတ္တဲ့အတြက္ အခုဆုိရင္ မႏၱေလးၿမိဳ႕မွာ သႀကၤန္ပဲြမဆင္ႏဲြတာ ၂ ႏွစ္ ဆက္တုိက္ရွိသြားမွာျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

မန်းသင်္ကြန်မှာ ဆန္ဒပြဖို့ တက်ကြွလှုပ်ရှားသူတွေ ပြင်ဆင်

အခုလာမယ့် အတာအင်္ကြန်ကို တော်လှန်သောသင်္ကြန်အဖြစ် ဖော်ဆောင်ပြီး သင်္ကြန်သပိတ်တွေ ဆင်နွဲသွားမှာဖြစ်တယ်လို့ မန္တလေး ဆန္ဒပြသပိတ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။ နိုင်ငံတဝန်းစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြပြည်သူ ၇၀၀ နီးပါး သေဆုံးခဲ့တာကြောင့် အခုလို စီစဉ်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။


အခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကိုတော့ လာမယ့် ဧပြီ ၁၃ ရက်နေ့ အင်္ဂါနေ့မှာ စတင်မှာဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နှစ်သစ်ကူး ရိုးရာအတာသင်္ကြန်ပွဲကို နှစ်စဉ် ဧပြီလလယ်မှာ ဆင်နွဲလေ့ရှိပေမယ့်၊ ဒီနှစ်မှာတော့ တိုင်းပြည်တွင်းမှာဖြစ်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်လာတဲ့ ဆန္ဒပြပွဲတွေနဲ့ လူ သေဆုံးမှုတွေကြောင့် အစဉ်အလာအတိုင်း ရေကစားပြီး ရေသဘင်ပွဲအဖြစ် ဆင်နွဲသွားမှာမဟုတ်ဘဲ၊ တော်လှန်သောသင်္ကြန်အဖြစ်နဲ့ သပိတ်တွေကို ပုံစံမျိုးစုံနဲ့ ဆင်နွဲသွားမှာမယ်လို့ နွေဦးတော်လှန်ရေး ဆန္ဒပြသပိတ်ခေါင်းဆောင် ဒေါက်တာ တေဇာစန်းက ပြောပါတယ်။

" ဒီသင်္ကြန်ကတော့ ပြည်သူလူထုက မိမိတို့ရဲ့ အသိစိတ်ဓါတ်အရ ပျော်ရမယ့် အပျော်အပါးသင်္ကြန် အပျော်သင်္ကြန် မဟုတ်ဘူးဆိုတာ အားလုံးက သိထား လက်ခံထားကြပြီးသားပါ။ ဘာဖြစ်လို့ ကျနော်တို့ မပျော်ထိုက်သလဲဆိုတော့ အားလုံး သိထားကြတဲ့အတိုင်းပဲ ကျနော်တို့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတာ အခုဆို လူ(၆၀၀)ကျော် ရှိနေပြီ။ ဖမ်းဆီးခံထားရတာဆိုရင် ထောင်နဲ့ချီ ရှိနေပြီပေါ့နော်။ ဆိုတော့ ဒီသင်္ကြန်ကတော့ ခါတိုင်း အရင်တုန်းကလို အပျော်အပါးသင်္ကြန် မဟုတ်ပါဘူး။ အဲဒီတော့ ကျနော်တို့ ဒီသင်္ကြန်ကာလမှာလည်း ကျနော်တို့လူထု အနေနဲ့ကတော့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ၊ သပိတ်တွေကို ကျနော်တို့ ဆက်ပြီးတော့ အသွင်ပုံသဏ္ဍန်မျိုးစုံနဲ့ ဆောင်ရွက်သွားကြမှာ ဖြစ်တယ်။ ဒါကြောင့် သင်္ကြန်တွင်းမှာလည်းပဲ ကျနော်တို့က ဒီသင်္ကြန်ကို အပျော်သင်္ကြန်မဟုတ်ပဲနဲ့ တော်လှန်သောသင်္ကြန်ပေ့ါ .. သင်္ကြန်သပိတ်တွေကို ဆက်ပြီးတော့ ကျနော်တို့ ဆင်နွှဲဆောင်ရွက် သွားကြမှာ ဖြစ်ပါတယ်။ "

မန္တလေးမြိုက အတာသင်္ကြန်ပွဲတော်အတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေ အတော်များများကို တွေ့ရလေ့ရှိပါတယ်။

မႏၱေလးၿမိဳ႕ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)
မႏၱေလးၿမိဳ႕ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)

ငွေငန်းနဲ့ အတူ ၊ သင်္ကြန်အလှပြယာဉ်တွေ၊ အကအဖွဲ့တွေ၊ မြန်မာဂီတသံစဉ် တေးသီချင်းတွေသီဆိုတဲ့ တီးဝိုင်းတွေနဲ့ မြို့တွင်းမှာ လှည့်လည်ဖျော်ဖြေလေ့ရှိကြပြီး မန္တလေးသင်္ကြန်ဟာလည်း အစဉ်အလာအားဖြင့် နာမည်ကြီးသင်္ကြန်တခုဖြစ်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် မန္တလေးမြို့မှာ သင်္ကြန်ပွဲတွေမလုပ်ဖို့ ဆော်သြတာတွေရှိနေသလို၊ မြို့ခံတွေကလည်း သင်္ကြန်ပွဲကို ဆင်နွဲဖို့ စိတ်မဝင်စားကြပဲ ၊ မန္တလေးမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ကိုလည်း ပြန်ဖျက်လိုက်ပြီဖြစ်တယ်လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သင်္ကြန်ပွဲတွေကို နေပြည်တော်အပါအဝင် နိုင်ငံတဝန်းမှာ ကျင်းပဖို့ စီစဉ်နေပြီး၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ အညီ ခွင့်ပြုသွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း စစ်ကောင်စီပြောခွင့်ရက သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အခုလို စစ်ကောင်စီဘက်က စီစဉ်နေတာတွေဟာ တိုင်းပြည်အတွင်းမှာဖြစ်ပျက်နေတာတွေကို အာရုံလွှဲဖို့ လုပ်ဆောင်နေတာ ဖြစ်တာကြောင့်၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီက ကျင်းပတဲ့ အတာသင်္ကြန်ပွဲကို ပါဝင်လိုက်ခြင်းအားဖြင့် စစ်အာဏာရှင် ဆန့်ကျင့်ရေး နွေဦးတော်လှန်ရေအတွင်း သေဆုံးသွားတဲ့သူတွေ၊ ဖမ်းဆီးခံထားရတဲ့သူတွေအပေါ်မှာ မလေးစားရာ ရောက်တဲ့အတွက် မပါဝင်ကြပဲ ၊ စစ်အာဏာရှင်စနစ် မကျဆုံးမချင်း ဆက်ပြီးတော့ တော်လှန်ကြဖို့ မန္တလေး ကျန်းမာရေးမိသားစု တွေကလည်း ကြေငြာချက်ထုတ်ပြန် တိုက်တွန်းထားပါတယ်။ မန္တလေးမြို့မှာ သင်္ကြန်ပွဲ မဆင်နွဲဖို့ ဆော်သြနေကြသလို၊ တခြားဒေသတွေမှာလည်း အလားတူ သင်္ကြန်ပွဲတွေကို မဆင်နွဲဖို့ ဆန္ဒပြလူငယ်တွေက ဆော်သြထားပါတယ်။

အခုလို နိုင်ငံတဝန်းမှာ သင်္ကြန်ပွဲတွေ မဆင်နွဲဖို့ ဆော်သြတောင်းဆိုတာတွေရှိနေချိန်မှာပဲ ရခိုင်ပြည်နယ်မှာတော့ ရိုးရာသင်္ကြန်ပွဲတွေကို ကိုဗစ် စည်းကမ်းတွေနဲ့ အညီကျင်းပဖို့ ခွင့်ပြုထားသလို၊ ကျင်းပဖို့လည်း စီစဉ်နေတယ်လို့ သင်္ကြန်ပွဲကျင်းပရေးကော်မတီဝင်တဦးက ပြီးခဲ့တဲ့ သောကြာနေ့က ဗီအိုအေကို ပြောထားပါတယ်။

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် အတာသင်္ကြန်ပွဲတွေကို မဆင်နွဲလိုက်ရသလို၊ အခုနှစ်မှာလည်း နိုင်ငံရေးအခြေအနေတွေကြောင့် အပျော်ရေကစားတာတွေလုပ်ဆောင်သွားမှာ မဟုတ်တဲ့အတွက် အခုဆိုရင် မန္တလေးမြို့မှာ သင်္ကြန်ပွဲမဆင်နွဲတာ ၂ နှစ် ဆက်တိုက်ရှိသွားမှာဖြစ်ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG