သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မဲေခါင္ေဒသ အျမန္လမ္းေဖာက္လုပ္ဖို႔ ADB က ျမန္မာကို ေဒၚလာ သန္း ၅၀၀ ေခ်းမည္


ဓါတ္ပံု-ADP

(Zawgyi/Unicode)

မဟာမဲေခါင္ ေဒသခြဲ GMS အေရွ႕-အေနာက္ စီးပြားေရး စႀကႍလမ္းေၾကာင္း ဖြံ့ၿဖိဳးတိုးတက္ေရး အစီအစဥ္အရ ျမန္မာနိုင္ငံကို အေမ ရိကန္ ေဒၚလာသန္း၅၀၀နီးပါး ေခ်းေငြ ေထာက္ပံ့ေပးသြားမွာ ျဖစ္ေၾကာင္းအာရွ ဖြံ႔ၿဖိဳးေရးဘဏ္ (ADB)က သတင္းထုတ္ျပန္လိုက္ ပါတယ္။

ပဲခူးၿမိဳ႕နဲ႔က်ိဳက္ထိုၿမိဳ႕အၾကား ၆၄ကီလိုမီတာ (မိုင္ ၄၀ နီးပါး) ရွိတဲ့ အျမန္ေျပးလမ္း တည္ေဆာက္ေရးစီမံကိန္းအတြက္ ေဒၚလာ၄၈၃.၈ သန္း ေငြေခ်းဖို႔ အတည္ျပဳေၾကာင္း ေအာက္တိုဘာလ ၂၉ရက္စြဲနဲ႔ ADB က ေၾကညာလိုက္တာပါ။

GMS အျမန္ေျပးလမ္း ေခတ္မီေရး ဒုတိယ စီမံကိန္းက ရာသီဥတုဒဏ္ခံနိုင္တဲ့ အျမန္ေျပးလမ္း တည္ေဆာက္နိုင္ေရးအတြက္ ျမန္မာ အစိုးရကို အေထာက္အကူေပးနိုင္မွာ ျဖစ္ေၾကာင္းနဲ႔ GMS စီးပြားေရး စၾကၤန္အတြင္း လူနဲ႔ ကုန္စည္ေတြ သယ္ယူပို႔ေဆာင္ေရး ပိုၿပီး လုံျခဳံ ထိေရာက္ေစမွာ ျဖစ္ေၾကာင္း ADB ရဲ့ သယ္ယူပို႔ေဆာင္ေရးဆိုင္ရာ ကၽြမ္းက်င္သူ Shihiru Date က ေျပာပါတယ္။

ဒီ စီမံကိန္းေၾကာင့္ ျမန္မာအေနနဲ႔ ထိုင္းအပါအဝင္ GMS စၾကၤန္အတြင္းက နိုင္ငံေတြနဲ႔ ကုန္သြယ္ေရး၊ ခရီးသြားလာေရးနဲ႔ရင္းႏွီးျမႇုပ္ႏွံ မႈ က႑ေတြ တိုးျမႇင့္ သြားနိုင္မွာ ျဖစ္တယ္လို႔လည္း Date က ေျပာပါတယ္။

ျမန္မာ အစိုးရက သကၠရာဇ္ ၂၀၃၀ အေရာက္မွာ သယ္ယူပို႔ေဆာင္ေရးက႑ကို ျပည္တြင္း စုစုေပါင္း ထုတ္ကုန္ (GDP) ရဲ့ ၃ ရာခိုင္ ႏႈန္းအထိ တိုးျမႇင့္သုံးစြဲသြားဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။ ၂၀၀၅ ခုႏွစ္က ၂၀၁၈ ခုႏွစ္တြင္း အဲဒီ က႑အတြက္ GDP ရဲ့ ၁ ရာခိုင္ ႏႈန္းကိုသာ သုံးစြဲခဲ့တာပါ။

ပဲခူး-က်ိဳက္ထို အျမန္ေျပးလမ္းထဲ ၂.၃ ကီလို( ၁ မိုင္ခြဲ နီးပါး) ရွည္လ်ားတဲ့ စစ္ေတာင္းျမစ္ကူး တံတားလည္း ပါဝင္မွာျဖစ္ပါတယ္။ ဂ်ပန္နိုင္ငံတကာ ဖြံ့ၿဖိဳးတိုးတက္ေရး ေအဂ်င္စီ (JICA) က စစ္ေတာင္း တံတားသစ္ တည္ေဆာက္ေရးအတြက္ ဂ်ပန္ ယန္းေငြ ၂၇.၇၈ ဘီလီယံ (အေမရိကန္ေဒၚလာ ၂၅၄.၈ သန္း) ေခ်းေငြ ေထာက္ပံ့မွာ ျဖစ္ပါတယ္။

GMS စၾကၤန္ေတြ အၾကားနဲ႔ ျမန္မာနိုင္ငံအတြင္း ၿမိဳ႕ျပ-ေက်းလက္ အခ်ိတ္အဆက္မိေရး အေလးထားၿပီး ၂၀၁၂ ခုႏွစ္က စလို႔ ADB က ျမန္မာနိုင္ငံကို သယ္ယူပို႔ေဆာင္ေရး က႑မွာ အဓိက အကူအညီေပးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

မဲခေါင်ဒေသ အမြန်လမ်းဖောက်လုပ်ဖို့ ADB က မြန်မာကို ဒေါ်လာ သန်း ၅၀၀ ချေးမည်

(Unicode)

မဟာမဲခေါင် ဒေသခွဲ GMS အရှေ့-အနောက် စီးပွားရေး စင်္ကြံလမ်းကြောင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြန်မာနိုင်ငံကို အမေ ရိကန် ဒေါ်လာသန်း၅၀၀နီးပါး ချေးငွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်းအာရှ ဖွံ့ဖြိုးရေးဘဏ် (ADB)က သတင်းထုတ်ပြန်လိုက် ပါတယ်။

ပဲခူးမြို့နဲ့ကျိုက်ထိုမြို့အကြား ၆၄ကီလိုမီတာ (မိုင် ၄၀ နီးပါး) ရှိတဲ့ အမြန်ပြေးလမ်း တည်ဆောက်ရေးစီမံကိန်းအတွက် ဒေါ်လာ၄၈၃.၈ သန်း ငွေချေးဖို့ အတည်ပြုကြောင်း အောက်တိုဘာလ ၂၉ရက်စွဲနဲ့ ADB က ကြေညာလိုက်တာပါ။

GMS အမြန်ပြေးလမ်း ခေတ်မီရေး ဒုတိယ စီမံကိန်းက ရာသီဥတုဒဏ်ခံနိုင်တဲ့ အမြန်ပြေးလမ်း တည်ဆောက်နိုင်ရေးအတွက် မြန်မာ အစိုးရကို အထောက်အကူပေးနိုင်မှာ ဖြစ်ကြောင်းနဲ့ GMS စီးပွားရေး စင်္ကြန်အတွင်း လူနဲ့ ကုန်စည်တွေ သယ်ယူပို့ဆောင်ရေး ပိုပြီး လုံခြုံ ထိရောက်စေမှာ ဖြစ်ကြောင်း ADB ရဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကျွမ်းကျင်သူ Shihiru Date က ပြောပါတယ်။

ဒီ စီမံကိန်းကြောင့် မြန်မာအနေနဲ့ ထိုင်းအပါအဝင် GMS စင်္ကြန်အတွင်းက နိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနဲ့ရင်းနှီးမြှုပ်နှံ မှု ကဏ္ဍတွေ တိုးမြှင့် သွားနိုင်မှာ ဖြစ်တယ်လို့လည်း Date က ပြောပါတယ်။

မြန်မာ အစိုးရက သက္ကရာဇ် ၂၀၃၀ အရောက်မှာ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ပြည်တွင်း စုစုပေါင်း ထုတ်ကုန် (GDP) ရဲ့ ၃ ရာခိုင် နှုန်းအထိ တိုးမြှင့်သုံးစွဲသွားဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်က ၂၀၁၈ ခုနှစ်တွင်း အဲဒီ ကဏ္ဍအတွက် GDP ရဲ့ ၁ ရာခိုင် နှုန်းကိုသာ သုံးစွဲခဲ့တာပါ။

ပဲခူး-ကျိုက်ထို အမြန်ပြေးလမ်းထဲ ၂.၃ ကီလို( ၁ မိုင်ခွဲ နီးပါး) ရှည်လျားတဲ့ စစ်တောင်းမြစ်ကူး တံတားလည်း ပါဝင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (JICA) က စစ်တောင်း တံတားသစ် တည်ဆောက်ရေးအတွက် ဂျပန် ယန်းငွေ ၂၇.၇၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၅၄.၈ သန်း) ချေးငွေ ထောက်ပံ့မှာ ဖြစ်ပါတယ်။

GMS စင်္ကြန်တွေ အကြားနဲ့ မြန်မာနိုင်ငံအတွင်း မြို့ပြ-ကျေးလက် အချိတ်အဆက်မိရေး အလေးထားပြီး ၂၀၁၂ ခုနှစ်က စလို့ ADB က မြန်မာနိုင်ငံကို သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာ အဓိက အကူအညီပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG