သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မက္ဆီ ဘာစီလုိနာအသင္းမွာ ၁ ႏွစ္ ဆက္ေနမည္ 


(Zawgyi/Unicode)

ကမာၻေက်ာ္ေဘာလုံးသမား မက္ဆီက ဘာစီလိုနာအသင္းမွာ ၁ ႏွစ္ ဆက္ေနသြားမယ္လို႔ ေျပာလိုက္ပါတယ္။ “သူတသက္လုံးကစားလာခဲ့တဲ့ ဘာစီလိုနာအသင္းကို တရားစဲြတာ တရား႐ုံးမွာ ရင္ဆုိင္ေျဖရွင္းရတာမ်ိဳးမလုပ္ခ်င္တာေၾကာင့္ ဘာစီလိုနာမွာ ဆက္ေနၿပီး ၁ ႏွစ္ ဆက္ကစားသြားဖို႔ ဆုံးျဖတ္လိုက္တယ္”လို႔ Goal.com နဲ႔ အင္တာဗ်ဴးမွာ ေျပာလိုက္ပါတယ္။

သူ႔အေနနဲ႔ အသင္းကေန ထြက္ဖို႔အတြက္ တရား႐ုံးမွာ ေျဖရွင္းခ်င္ရင္ ေျဖရွင္းနုိင္ေပမယ့္၊ ဒီကိစၥကို ဘယ္တုန္းကမွ မစဥ္းစားခဲ့ဘူးလို႔ မက္ဆီက ေျပာပါတယ္။

ဒါ့အျပင္ အသင္းဥကၠ႒ Josep Bartomeu ဟာ ကတိမတည္တဲ့သူျဖစ္တယ္လို႔ မက္ဆီက ေ၀ဖန္လိုက္ပါတယ္။

ဒါ့အျပင္ မက္ဆီက သူ႔အေနနဲ႔ ၿပိဳင္ပဲြေတြကို အေကာင္းဆုံး အဆင့္ျမင့္ဆုံးအေနနဲ႔ ယွဥ္ၿပိဳင္ၿပီးေတာ့ ဆုေတြလုိခ်င္ေၾကာင္း၊ ခ်န္ပီယံလိဂ္မွာလည္း ဆုေတြရတဲ့အထိ ၿပိဳင္ခ်င္ေၾကာင္း၊ အနည္းဆုံးေတာ့ တျခားအသင္းေတြ အႀကိတ္အနယ္ကစားၿပီး၊ ယွဥ္ခ်င္ေၾကာင္း ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ၃ ရာသီမွာ၊ ေရာမ၊ လီဗာပူးလ္ နဲ႔ လစၥဘြန္းၿမိဳ႕ေတြမွာ အႀကီးအက်ယ္ ရႈံးရသလိုမ်ိဳး မရႈံးခ်င္ဘူးလို႔ ေျပာလိုက္ပါတယ္။

ဘာစီလိုနာအသင္းဟာ အခုႏွစ ္လာလီဂါအမွတ္ေပးဖလားကို ေရွ႕ကဦးေဆာင္ေနၿပီးမွ လက္လႊတ္ခဲ့ရသလို၊ ခ်န္ပီယံလိဂ္ကြာတားဖုိင္နယ္မွာ ဘုိင္ယန္ျမဴးနစ္ကို ၈ ဂိုး ၂ ဂိုး နဲ႔ ရႈံးၿပီး အရွက္တကဲြျဖစ္ခဲ့ၿပီး ဒီႏွစ္ေဘာလုံးရာသီမွာ ဖလား ၁ လုံးမွ မရဘဲ အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

.............

မက်ဆီ ဘာစီလိုနာအသင်းမှာ ၁ နှစ် ဆက်နေမည်

(Unicode)

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက ဘာစီလိုနာအသင်းမှာ ၁ နှစ် ဆက်နေသွားမယ်လို့ ပြောလိုက်ပါတယ်။ “သူတသက်လုံးကစားလာခဲ့တဲ့ ဘာစီလိုနာအသင်းကို တရားစွဲတာ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတာမျိုးမလုပ်ချင်တာကြောင့် ဘာစီလိုနာမှာ ဆက်နေပြီး ၁ နှစ် ဆက်ကစားသွားဖို့ ဆုံးဖြတ်လိုက်တယ်”လို့ Goal.com နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

သူ့အနေနဲ့ အသင်းကနေ ထွက်ဖို့အတွက် တရားရုံးမှာ ဖြေရှင်းချင်ရင် ဖြေရှင်းနိုင်ပေမယ့်၊ ဒီကိစ္စကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ မက်ဆီက ပြောပါတယ်။

ဒါ့အပြင် အသင်းဥက္ကဋ္ဌ Josep Bartomeu ဟာ ကတိမတည်တဲ့သူဖြစ်တယ်လို့ မက်ဆီက ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် မက်ဆီက သူ့အနေနဲ့ ပြိုင်ပွဲတွေကို အကောင်းဆုံး အဆင့်မြင့်ဆုံးအနေနဲ့ ယှဉ်ပြိုင်ပြီးတော့ ဆုတွေလိုချင်ကြောင်း၊ ချန်ပီယံလိဂ်မှာလည်း ဆုတွေရတဲ့အထိ ပြိုင်ချင်ကြောင်း၊ အနည်းဆုံးတော့ တခြားအသင်းတွေ အကြိတ်အနယ်ကစားပြီး၊ ယှဉ်ချင်ကြောင်း ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ ရာသီမှာ၊ ရောမ၊ လီဗာပူးလ် နဲ့ လစ္စဘွန်းမြို့တွေမှာ အကြီးအကျယ် ရှုံးရသလိုမျိုး မရှုံးချင်ဘူးလို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ ်လာလီဂါအမှတ်ပေးဖလားကို ရှေ့ကဦးဆောင်နေပြီးမှ လက်လွှတ်ခဲ့ရသလို၊ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး ၂ ဂိုး နဲ့ ရှုံးပြီး အရှက်တကွဲဖြစ်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ဖလား ၁ လုံးမှ မရဘဲ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG