{{Zawgyi/Unicode}}
အေမရိကန္လူမႈကြန္ယက္ Facebook ရဲ ႔မိခင္ကုမၸဏီႀကီးျဖစ္တဲ့ Meta က ဝန္ထမ္း ၁ ေသာင္းေလွ်ာ့မယ္လို႔ အဂၤါေန႔မွာေၾကညာပါတယ္။ ၿပီးခဲ့တဲ့ ၄ လကပဲ Meta ကုမၸဏီက ဝန္ထမ္း ၁၁,၀၀၀ ေလွ်ာ့ခ်ခဲ့တဲ့အတြက္ ဒါဟာ နည္းပညာကုမၸဏီႀကီးတခုက ဒုတိယအေက်ာ့ ဝန္ထမ္းေတြအႀကီးအက်ယ္ေလွ်ာ့ခ်မယ့္အေၾကာင္း ပထမဆုံး ေၾကညာလိုက္တာလည္းျဖစ္ပါတယ္။
Meta ကုမၸဏီဖြဲ႔စည္းပုံ ျပန္လည္ျပင္ဆင္မႈတစိတ္တပိုင္းအျဖစ္ သိပ္အေရးမႀကီးတဲ့ ပေရာဂ်က္ေတြကို ဖ်က္သိမ္းေနခ်ိန္မွာပဲ ဝန္ထမ္းသစ္ခန္႔ထားေရးကိုပါ ေလွ်ာ့ခ်လိုက္တာျဖစ္ပါတယ္။ ဒီသတင္းေၾကာင့္ ႀကိဳေရာင္းႀကိဳဝယ္ အစုရွယ္ယာေစ်းကြက္မွာ Meta ရဲ ႔အစုရွယ္ယာေစ်းေတြ ၂ % တက္သြားပါတယ္။ ၈၉ ဘီလီယံကေန ၉၅ ဘီလီယံၾကားရွိတဲ့ Meta ကုမၸဏီအသုံးစရိတ္ကို ၅ ဘီလီယံထိေလွ်ာ့ခ်ၿပီး ၂၀၂၃ ခုႏွစ္ကို ထိေရာက္မႈရွိတဲ့ ႏွစ္ျဖစ္္ရမယ္လို Meta အမႈေဆာင္ညႊန္ၾကားေရးမွဴးခ်ဳပ္ Mark Zuckerberg ကတိျပဳေျပာဆိုထားတာပါ။
သူ႔ကတိစကားအတုိင္း Meta က ခုလို ေဆာင္ရြက္လိုက္တာလည္းျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံမွာ စီးပြါးေရးက်ဆင္းေနတဲ့အတြက္ ႏုိင္ငံတဝွမ္းမွာ အလုပ္အကုိင္ေလွ်ာ့ခ်ေနၾကတာမွာ Golden Sachs နဲ႔ Morgan Stanley တို႔လို၊ Wall Street ဘဏ္ေတြကေန Amazon နဲ႔ Microsoft တို႔လို နည္းပညာကုမၸဏီႀကီးေတြထိ ပါဝင္ၾကပါတယ္။
၂၀၂၂ ခုနွစ္ ႏွစ္ဆန္းပိုင္းကစၿပီး နည္းပညာလုပ္ငန္းေတြကေနေလွ်ာ့ခ်ခဲ့တဲ့ဝန္ထမ္း ၂၈၀,၀၀၀ ေက်ာ္ရွိၿပီး ၄၀% ကေတာ့ ဒီႏွစ္ထဲမွာ ခန္႔ထားတဲ့သူေတြျဖစ္တယ္ လို႔ ဒီအေရး ေစာင့္ၾကည့္ေနတဲ့ layoffs.fyi အင္တာနက္စာမ်က္နွာမွာေဖာ္ျပထားပါတယ္။
==============
{{Unicode}}
ဖေ့စ်ဘုတ်က ဝန်ထမ်းတသောင်း ထပ်လျှော့မည်
အမေရိကန်လူမှုကွန်ယက် Facebook ရဲ့မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Meta က ဝန်ထမ်း ၁ သောင်းလျှော့မယ်လို့ အင်္ဂါနေ့မှာကြေညာပါတယ်။ ပြီးခဲ့တဲ့ ၄ လကပဲ Meta ကုမ္ပဏီက ဝန်ထမ်း ၁၁,၀၀၀ လျှော့ချခဲ့တဲ့အတွက် ဒါဟာ နည်းပညာကုမ္ပဏီကြီးတခုက ဒုတိယအကျော့ ဝန်ထမ်းတွေအကြီးအကျယ်လျှော့ချမယ့်အကြောင်း ပထမဆုံး ကြေညာလိုက်တာလည်းဖြစ်ပါတယ်။
Meta ကုမ္ပဏီဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်မှုတစိတ်တပိုင်းအဖြစ် သိပ်အရေးမကြီးတဲ့ ပရောဂျက်တွေကို ဖျက်သိမ်းနေချိန်မှာပဲ ဝန်ထမ်းသစ်ခန့်ထားရေးကိုပါ လျှော့ချလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကြောင့် ကြိုရောင်းကြိုဝယ် အစုရှယ်ယာဈေးကွက်မှာ Meta ရဲ့အစုရှယ်ယာဈေးတွေ ၂ % တက်သွားပါတယ်။ ၈၉ ဘီလီယံကနေ ၉၅ ဘီလီယံကြားရှိတဲ့ Meta ကုမ္ပဏီအသုံးစရိတ်ကို ၅ ဘီလီယံထိလျှော့ချပြီး ၂၀၂၃ ခုနှစ်ကို ထိရောက်မှုရှိတဲ့ နှစ်ဖြစ်ရမယ်လို Meta အမှုဆောင်ညွှန်ကြားရေးမှူးချုပ် Mark Zuckerberg ကတိပြုပြောဆိုထားတာပါ။
သူ့ကတိစကားအတိုင်း Meta က ခုလို ဆောင်ရွက်လိုက်တာလည်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ စီးပွါးရေးကျဆင်းနေတဲ့အတွက် နိုင်ငံတဝှမ်းမှာ အလုပ်အကိုင်လျှော့ချနေကြတာမှာ Golden Sachs နဲ့ Morgan Stanley တို့လို၊ Wall Street ဘဏ်တွေကနေ Amazon နဲ့ Microsoft တို့လို နည်းပညာကုမ္ပဏီကြီးတွေထိ ပါဝင်ကြပါတယ်။
၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး နည်းပညာလုပ်ငန်းတွေကနေလျှော့ချခဲ့တဲ့ဝန်ထမ်း ၂၈၀,၀၀၀ ကျော်ရှိပြီး ၄၀% ကတော့ ဒီနှစ်ထဲမှာ ခန့်ထားတဲ့သူတွေဖြစ်တယ် လို့ ဒီအရေး စောင့်ကြည့်နေတဲ့ layoffs.fyi အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။