သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေဒသတုိက္ပဲြျပင္းထန္၊ ၂ ဘက္ ထိခုိက္ေသဆုံးမႈရွိ


ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ ျမန္မာ့တပ္မေတာ္နဲ႕ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲေတြဟာ လြန္ခဲ့တဲ့ရက္ပုိင္းအတြင္း အရွိန္ျမင့္ ျဖစ္ေပၚခဲ့တယ္လုိ႔ ႏွစ္ဘက္ တာ၀န္ရွိသူေတြကေျပာပါတယ္။

ဒီရက္ပိုင္းအတြင္းျဖစ္ပြားတဲ့တိုက္ပြဲမွာ ျမန္မာစစ္တပ္ဖက္ကထိခိုက္ က်ဆုံး မႈမ်ားျပားသလို စစ္လက္နက္ပစၥည္းေတြကိုလဲ သိမ္းဆီးရရွိခဲ့တယ္လို႕ AAဖက္ကေျပာပါတယ္။ AA ဘက္က အဲဒီလုိ ေျပာဆုိတဲ့အေပၚ တပ္မေတာ္တာ၀န္ရွိသူေတြက ျငင္းဆိုထားပါတယ္။ ရခိုင္ေဒသ စစ္ေရးေနာက္ဆုံးအေျခအေနကိုေတာ့ ဗီြအိုေအ ျမန္မာ ပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ဒီကေန႕ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္(၃) ၿမိဳ႕နယ္မွာ ျမန္မာစစ္တပ္နဲ႕ရခိုင္လက္နက္ကိုင္AAအဖြဲ႕တို႕ တိုက္ပြဲျဖစ္ပြားခဲ့တယ္ လို႕ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦးက အခုလိုေျပာပါတယ္။

“ပုဏၰားကြ်န္းေျမာက္ျခမ္းဆိုလဲ ဒီေန႕ျဖစ္တာဘဲ။ အဲတာရဲ႕ေျမာက္ဖက္ေပါ့ ဆက္ျပီးေတာ့ျဖစ္ေနတယ္။ ေက်ာက္ေတာ္ရဲ႕ ေျမာက္ဖက္ေပါ့ေနာ္။ ဒါကခဏေလးပဲ။ ပန္းေျမာင္းရဲ႕အေရွ႕ဖက္ ပန္းေျမာင္း ေတာင္ေၾကာ တ၀ိုက္။”

ဒီကေန႕ ပုဏၰားကြ်န္းေျမာက္ျခမ္း၊ ေက်ာက္ေတာ္ျမိဳ႕နယ္ေျမာက္ဖက္ျခမ္းနဲ႕ မင္းျပားျမိဳ႕နယ္ ပန္းေျမာင္းအေရွ႕ဖက္ ေတာင္တန္းေပၚမွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ တိုက္ပြဲျဖစ္ပြား ေနစဲလို႕ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦး ကေျပာပါတယ္။ ဒီလိုျဖစ္တဲ့တိုက္ပဲြ အတြင္းထိခိုက္မႈ ကိုေတာ့မသိရွိေသးဘူးလို႕ လဲဆိုပါတယ္။

ရခိုင္လက္နက္ကိုင္ AAအဖြဲ႕ေျပာခြင့္ ရခိုင္သုခကေတာ့ မင္းျပားဖက္မွာ တိုက္ပြဲျဖစ္ေနေၾကာင္း အတည္ျပဳခဲ့ေပမဲ့ အေသးစိတ္ကိုမသိရွိေသးဘူးလို႕ေျပာပါတယ္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔ကေန ၂၁ ရက္အတြင္း ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပားနဲ႔ ပုဏၰားကၽြန္းၿမိဳ႕နယ္ေတြမွာ တပ္မေတာ္နဲ႔ တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ျပီး ႏွစ္ဘက္က်ဆုံးမႈေတြ မ်ားျပားခဲ့တယ္လို႔ AA ဘက္ကေန ဒီကေန႕မွာ သတင္းထုတ္ျပန္ထားပါတယ္။ ဒီလို တိုက္ပြဲအေျခအေနကို AAေျပာခြင့္ရ ခိုင္သုခက အခုလိုေျပာပါတယ္။

“(၁၉)ရက္ေန႕မွာ မနက္(၆)နာရီကေန ေန႕လယ္(၁၂)နာရီအထိ ေျမာက္ဦးျမိဳ႕နယ္လက္ကာရြာမွာ တိုက္ပြဲအျပင္းအထန္ ျဖစ္တာေပါ့။ အဲဒီတိုက္ပြဲမွာေတာ့ ရန္သူဖက္ကေနျပီးေတာ့ အနည္းဆုံး (၁၀)ဦးအထက္ က်ဆုံးတာရွိတယ္။ ဒဏ္ရာရတဲ့ဥစၥာ လဲ အဲဒီမွာ(၁၀)ဦးအထက္ရွိတယ္။ မနက္(၈)နာရီခြဲေလာက္မွာေတာ့ အဲဒီလက္ကာရြာဖက္ကိုစစ္ကူလိုက္လာတဲ့ ေနာက္ ကဗမာစစ္တပ္ရဲ႕ စစ္ေၾကာင္းတခုကို ကြ်န္ေတာ္တို႕ ေ၀သာလီရြာအနားမွာေနျပီးေတာ့ ၾကားျဖတ္တိုက္ခိုက္တာရွိတယ္။ လက္ကာရြာအနားမွာျဖစ္တဲ့တိုက္ပြဲအတြင္းမွာေတာ့ ဗမာစစ္တပ္ဆီကေနကြ်န္ေတာ္တို႕ စစ္လက္နက္ပစၥည္းေတြ သိမ္း ဆီး ရမိတာရွိတယ္။ (၁၉)ရက္ေန႔မွာလဲ ဒီမင္းျပားျမိဳ႕နယ္ ေက်ာ္ကရြာရဲ႕ အေရွ႕ေျမာက္ဖက္ေပါ့ေနာ္ ေတာင္တန္းေပၚမွာ လဲဘဲ အဲဒီမွာတိုက္ပြဲတၾကိမ္ျဖစ္တာရွိတယ္။ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေအာင္မေက်ာ္ရြာရဲ႕ေျမာက္ဖက္ မင္းမေခ်ာင္းထဲမွာလဲ တိုက္ပြဲ တၾကိမ္ျဖစ္တာရွိတယ္။ ျဖစ္တဲ့တိုက္ပြဲမွာေတာ့ဗမာစစ္တပ္ဖက္က အနည္းဆုံး (၁၀)ဦး အထက္ က်ဆုံးတာရွိတယ္။ အဲတာကြ်န္ေတာ္တို႕ဖက္ကမ်က္ျမင္ေပါ့။ ေအာက္တိုဘာ (၂၀)ရက္ေန႕မွာ ေျမာက္ဦးၿမိဳ႕နယ္ လက္ကာတံတားအနီးမွာ အင္အား(၅၀)ေလာက္ပါတဲ့ ရန္သူ႕စစ္ေၾကာင္းတခုကို ကြ်န္ေတာ္တို႕ ရခိုင့္တပ္ေတာ္ကြန္မန္ဒိုေတြက ၾကားျဖတ္ တိုက္ခိုက္ ခဲ့တာရွိတယ္။ ျခံဳျပီးေတာ့ ေျပာရမယ္ဆိုရင္ေတာ့ (၁၉)ရက္ကေန(၂၁)ရက္အတြင္းမွာ ရန္သူဖက္က က်ဆုံးတဲ့ဦးေရက တပ္မ(၅၅)က လက္ေအာက္ခံတပ္ေတြ ဘက္ကက်ဆုံးတာ(၃၅)ဦးအထက္မွာရွိတယ္။ ဒဏ္ရာရတဲ့ သူလဲ(၃၀) အထက္ရွိ တာေပါ့။ ကြ်န္ေတာ္တို႕ဖက္ကလဲဘဲ က်ဆုံးတာတခ်ိဳ႕ရွိတယ္။ ေနာက္ဒဏ္ရာရသူ တခ်ိဳ႕လဲရွိတယ္ဗ်။”

ေ၀သာလီနဲ႕လက္ကာေက်းရြာတိုက္ပြဲမွာ RPG-7 ဗံုးသီး( ၁၅) လံုး၊ ၆၀ မမဗံုးသီး(၂၀) လံုး၊ ဆက္သြယ္ေရးစက္ႀကီး(၂) လံုး၊ မိုင္း၊ လက္နက္ခဲယမ္း၊ ေဆးဝါးပစၥည္း၊ MA က်ည္(၃၅၁၇ ေတာင့္)၊ အပါအဝင္ စစ္အသံုးအေဆာင္ပစၥည္း ဖုန္း နဲ႕ ဆက္စပ္ပစၥည္း ရိကၡာအခိ်ဳ႕ စာရြက္စာတမ္းအခိ်ဳ႕ကို AA ဘက္က သိမ္းဆည္းရမိခဲ့တယ္လို႕ ထုတ္ျပန္ထားပါတယ္။

ေအာက္တိုဘာ(၂၀)ရက္ေန႕မွာလဲ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အုတ္ေတာင္ရြာ အေရွ႕ေျမာက္ဖက္၊ "အ႐ိုးက်ေတာင္တန္း" ေပၚနဲ႕ ခ်င္းျပည္နယ္၊ ပလက္၀ျမိဳ႕နယ္၊ ခေမာင္း၀ရြာေျမာက္ဘက္ ေတာင္တန္းေပၚမွာလဲ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႕ ခိုင္သုခ ကေျပာပါတယ္။

AAဖက္က ထုတ္ျပန္ထားသလို ျမန္မာစစ္တပ္ဖက္က ထိခိုက္က်ဆုံးမႈမ်ားျပားတယ္ ဆိုတာကိုေတာ့ ဗိုလ္မွဴးႀကီး ၀င္းေဇာ္ဦး ကျငင္းဆိုပါတယ္။

“အဲဒီေလာက္လဲက်တာ ဒဏ္ရာရတာ ဒဏ္ရာရတာအနည္းအက်ဥ္းဘဲ။ သူေျပာတဲ့ အေရအတြက္လဲ မဟုတ္ဘုူး။ တိုက္ပြဲ ျဖစ္တဲ့ ေနာက္ေတာ့ဗ်ာ ႏွစ္ဦးႏွစ္ဖက္ေတာ့ ဒဏ္ရာရတာဘဲ။ ကြ်န္ေတာ္ ေျပာခ်င္တာက သူတို႕ေျပာတဲ့ Data ေတြ မွားတယ္။”

ေအာက္တုိဘာလ ၂၁ ရက္ေန႔ကလည္း ဘူးသီးေတာင္ျမိဳ႕နယ္္နဲ႔ မင္းျပားၿမိဳ႕နယ္တို႔က ရြာတခ်ဳိ႕မွာ ပစ္ခတ္ မွဳျဖစ္ပြါးခဲ့ျပီး အမ်ိဳးသမီး(၃)ဦးထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။

ေအာက္တိုဘာလ(၁၉)ရက္ေန႕လက္ကာေက်းရြာနဲ႕ေ၀သာလီေက်းရြာအၾကားတိုက္ပြဲအတြင္း စစ္ေရွာင္ေ၀သာလီ ရြာသားတခ်ိဳ႕ စစ္ေဘးတိမ္းေရွာင္ရာမွာ ကေလးငယ္ႏွစ္ဦး ေလွေမွာက္ေသဆုံးမွဳေတြရွိခဲ့ပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းေဒသေတြမွာ ျမန္မာစစ္တပ္နဲ႕AAတို႕အၾကား(၁၀)လေက်ာ္အၾကာ တိုက္ပြဲျဖစ္စဥ္ကာလ အတြင္း အရပ္သား(၉၀)ေက်ာ္ ေသဆုံးျပီး (၁၂၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႕ ရခိုင္ျပည္နယ္လႊတ္ေတာ္ ကိုယ္စား လွယ္ ေတြကေျပာပါတယ္။

........................

{Unicode}

ရခိုင်ဒေသတိုက်ပွဲပြင်းထန်၊ ၂ ဘက် ထိခိုက်သေဆုံးမှုရှိ

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့အကြား တိုက်ပွဲတွေဟာ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း အရှိန်မြင့် ဖြစ်ပေါ်ခဲ့တယ်လို့ နှစ်ဘက် တာဝန်ရှိသူတွေကပြောပါတယ်။ ဒီရက်ပိုင်းအတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဖက်ကထိခိုက် ကျဆုံး မှုများပြားသလို စစ်လက်နက်ပစ္စည်းတွေကိုလဲ သိမ်းဆီးရရှိခဲ့တယ်လို့ AAဖက်ကပြောပါတယ်။ AA ဘက်က အဲဒီလို ပြောဆိုတဲ့အပေါ် တပ်မတော်တာဝန်ရှိသူတွေက ငြင်းဆိုထားပါတယ်။ ရခိုင်ဒေသ စစ်ရေးနောက်ဆုံးအခြေအနေကိုတော့ ဗွီအိုအေ မြန်မာ ပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် မြို့နယ်(၃) မြို့နယ်မှာ မြန်မာစစ်တပ်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ် လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အခုလိုပြောပါတယ်။

“ပုဏ္ဏားကျွန်းမြောက်ခြမ်းဆိုလဲ ဒီနေ့ဖြစ်တာဘဲ။ အဲတာရဲ့မြောက်ဖက်ပေါ့ ဆက်ပြီးတော့ဖြစ်နေတယ်။ ကျောက်တော်ရဲ့ မြောက်ဖက်ပေါ့နော်။ ဒါကခဏလေးပဲ။ ပန်းမြောင်းရဲ့အရှေ့ဖက် ပန်းမြောင်း တောင်ကြော တဝိုက်။”

ဒီကနေ့ ပုဏ္ဏားကျွန်းမြောက်ခြမ်း၊ ကျောက်တော်မြို့နယ်မြောက်ဖက်ခြမ်းနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းအရှေ့ဖက် တောင်တန်းပေါ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ တိုက်ပွဲဖြစ်ပွား နေစဲလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကပြောပါတယ်။ ဒီလိုဖြစ်တဲ့တိုက်ပွဲ အတွင်းထိခိုက်မှု ကိုတော့မသိရှိသေးဘူးလို့ လဲဆိုပါတယ်။

ရခိုင်လက်နက်ကိုင် AAအဖွဲ့ပြောခွင့် ရခိုင်သုခကတော့ မင်းပြားဖက်မှာ တိုက်ပွဲဖြစ်နေကြောင်း အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ကိုမသိရှိသေးဘူးလို့ပြောပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ကနေ ၂၁ ရက်အတွင်း ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုတွေ များပြားခဲ့တယ်လို့ AA ဘက်ကနေ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို တိုက်ပွဲအခြေအနေကို AAပြောခွင့်ရခိုင်သုခက အခုလိုပြောပါတယ်။

“(၁၉)ရက်နေ့မှာ မနက်(၆)နာရီကနေ နေ့လယ်(၁၂)နာရီအထိ မြောက်ဦးမြို့နယ်လက်ကာရွာမှာ တိုက်ပွဲအပြင်းအထန် ဖြစ်တာပေါ့။ အဲဒီတိုက်ပွဲမှာတော့ ရန်သူဖက်ကနေပြီးတော့ အနည်းဆုံး (၁၀)ဦးအထက် ကျဆုံးတာရှိတယ်။ ဒဏ်ရာရတဲ့ဥစ္စာ လဲ အဲဒီမှာ(၁၀)ဦးအထက်ရှိတယ်။ မနက်(၈)နာရီခွဲလောက်မှာတော့ အဲဒီလက်ကာရွာဖက်ကိုစစ်ကူလိုက်လာတဲ့ နောက် ကဗမာစစ်တပ်ရဲ့ စစ်ကြောင်းတခုကို ကျွန်တော်တို့ ဝေသာလီရွာအနားမှာနေပြီးတော့ ကြားဖြတ်တိုက်ခိုက်တာရှိတယ်။ လက်ကာရွာအနားမှာဖြစ်တဲ့တိုက်ပွဲအတွင်းမှာတော့ ဗမာစစ်တပ်ဆီကနေကျွန်တော်တို့ စစ်လက်နက်ပစ္စည်းတွေ သိမ်း ဆီး ရမိတာရှိတယ်။ (၁၉)ရက်နေ့မှာလဲ ဒီမင်းပြားမြို့နယ် ကျော်ကရွာရဲ့ အရှေ့မြောက်ဖက်ပေါ့နော် တောင်တန်းပေါ်မှာ လဲဘဲ အဲဒီမှာတိုက်ပွဲတကြိမ်ဖြစ်တာရှိတယ်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်မကျော်ရွာရဲ့မြောက်ဖက် မင်းမချောင်းထဲမှာလဲ တိုက်ပွဲ တကြိမ်ဖြစ်တာရှိတယ်။ ဖြစ်တဲ့တိုက်ပွဲမှာတော့ဗမာစစ်တပ်ဖက်က အနည်းဆုံး (၁၀)ဦး အထက် ကျဆုံးတာရှိတယ်။ အဲတာကျွန်တော်တို့ဖက်ကမျက်မြင်ပေါ့။ အောက်တိုဘာ (၂၀)ရက်နေ့မှာ မြောက်ဦးမြို့နယ် လက်ကာတံတားအနီးမှာ အင်အား(၅၀)လောက်ပါတဲ့ ရန်သူ့စစ်ကြောင်းတခုကို ကျွန်တော်တို့ ရခိုင့်တပ်တော်ကွန်မန်ဒိုတွေက ကြားဖြတ် တိုက်ခိုက် ခဲ့တာရှိတယ်။ ခြုံပြီးတော့ ပြောရမယ်ဆိုရင်တော့ (၁၉)ရက်ကနေ(၂၁)ရက်အတွင်းမှာ ရန်သူဖက်က ကျဆုံးတဲ့ဦးရေက တပ်မ(၅၅)က လက်အောက်ခံတပ်တွေ ဘက်ကကျဆုံးတာ(၃၅)ဦးအထက်မှာရှိတယ်။ ဒဏ်ရာရတဲ့ သူလဲ(၃၀) အထက်ရှိ တာပေါ့။ ကျွန်တော်တို့ဖက်ကလဲဘဲ ကျဆုံးတာတချို့ရှိတယ်။ နောက်ဒဏ်ရာရသူ တချို့လဲရှိတယ်ဗျ။”

ဝေသာလီနဲ့လက်ကာကျေးရွာတိုက်ပွဲမှာ RPG-7 ဗုံးသီး( ၁၅) လုံး၊ ၆၀ မမဗုံးသီး(၂၀) လုံး၊ ဆက်သွယ်ရေးစက်ကြီး(၂) လုံး၊ မိုင်း၊ လက်နက်ခဲယမ်း၊ ဆေးဝါးပစ္စည်း၊ MA ကျည်(၃၅၁၇ တောင့်)၊ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်း ဖုန်း နဲ့ ဆက်စပ်ပစ္စည်း ရိက္ခာအချို့ စာရွက်စာတမ်းအချို့ကို AA ဘက်က သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ(၂၀)ရက်နေ့မှာလဲ ဘူးသီးတောင်မြို့နယ်၊ အုတ်တောင်ရွာ အရှေ့မြောက်ဖက်၊ "အရိုးကျတောင်တန်း" ပေါ်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ခမောင်းဝရွာမြောက်ဘက် တောင်တန်းပေါ်မှာလဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ခိုင်သုခ ကပြောပါတယ်။

AAဖက်က ထုတ်ပြန်ထားသလို မြန်မာစစ်တပ်ဖက်က ထိခိုက်ကျဆုံးမှုများပြားတယ် ဆိုတာကိုတော့ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကငြင်းဆိုပါတယ်။

“အဲဒီလောက်လဲကျတာ ဒဏ်ရာရတာ ဒဏ်ရာရတာအနည်းအကျဉ်းဘဲ။ သူပြောတဲ့ အရေအတွက်လဲ မဟုတ်ဘုူး။ တိုက်ပွဲ ဖြစ်တဲ့ နောက်တော့ဗျာ နှစ်ဦးနှစ်ဖက်တော့ ဒဏ်ရာရတာဘဲ။ ကျွန်တော် ပြောချင်တာက သူတို့ပြောတဲ့ Data တွေ မှားတယ်။”

အောက်တိုဘာလ ၂၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ်နဲ့ မင်းပြားမြို့နယ်တို့က ရွာတချို့မှာ ပစ်ခတ် မှုဖြစ်ပွါးခဲ့ပြီး အမျိုးသမီး(၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အောက်တိုဘာလ(၁၉)ရက်နေ့လက်ကာကျေးရွာနဲ့ဝေသာလီကျေးရွာအကြားတိုက်ပွဲအတွင်း စစ်ရှောင်ဝေသာလီ ရွာသားတချို့ စစ်ဘေးတိမ်းရှောင်ရာမှာ ကလေးငယ်နှစ်ဦး လှေမှောက်သေဆုံးမှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်နဲ့AAတို့အကြား(၁၀)လကျော်အကြာ တိုက်ပွဲဖြစ်စဉ်ကာလ အတွင်း အရပ်သား(၉၀)ကျော် သေဆုံးပြီး (၁၂၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် တွေကပြောပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG