သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္မႈဆႏၵျပပဲြ ဂီတအႏုပညာနဲ႔ ပါဝင္လာသူမ်ား


စစ္အာဏာရွင္ဆန္႔က်င္ဆႏၵျပသူမ်ားကို ရန္ကုန္ၿမိဳ႕မွာ ေတြ႔ရ။ (ေဖေဖာ္ဝါရီ ၁၆၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္တဲ့ လမ္းေပၚထြက္ ဆႏၵျပပဲြေတြမွာ လူတန္းစားေပါင္းစုံက၊ ပုံစံမ်ဳိးစုံနဲ႔ ပါဝင္ေနၾကပါတယ္။ ဂီတအႏုပညာ ကၽြမ္းက်င္သူ လူငယ္တခ်ဳိ႕ကလည္း ဆႏၵျပပဲြေတြမွာ ေတးဂီတနဲ႔ အားေပးေနၾကတာပါ။ ရန္ကုန္ၿမိဳ႕က ဆႏၵျပပဲြေတြက ထူးထူးျခားျခား ေတးဂီတနဲ႔ ပါဝင္လႈပ္ရွားေနသူေတြအေၾကာင္းကုိေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၲာထြန္းက ေျပာျပပါမယ္။

ဆႏၵျပပဲြေတြ သီတင္း တပတ္ေက်ာ္လာတဲ့အထိ ဆက္လက္ အရွိန္ေကာင္းေနသလုိ၊ အလႊာအသီးသီးက ပုံစံအမ်ဳိးမ်ဳိးနဲ႔ ပါ၀င္လႈပ္ရွား ေနၾကတာပါ။ ရန္ကုန္ၿမိဳ႕မွာဆုိရင္လည္း ဂီတအႏုပညာနဲ႔ ေဖ်ာ္ေျဖရင္း ဆႏၵျပလႈပ္ရွားေနသူေတြ ရွိပါတယ္။ ေျမနီကုန္း ဂုံးေက်ာ္တံတားေအာက္က ယူကလီ ဂီတာအေသးေလးေတြနဲ႔ တီးခတ္ ေဖ်ာ္ေျဖေနတဲ့ လူငယ္တခ်ဳိ႕ကေတာ့ ဆႏၵျပလႈပ္ရွားမႈေတြ အခ်ိန္ၾကာလာတာနဲ႔အမွ် စိတ္ဖိစီးမႈေတြက သက္သာရာရေအာင္ ရည္ရြယ္တယ္လုိ႔ ေျပာၾကပါတယ္။

“ဂီတဆိုတာကေတာ့ အကုန္လုံးအတြက္ စိတ္ခြန္အားလည္းေပးတယ္။ အပန္းလည္း ေျပေစတယ္။ အခုကေတာ့ လူေတြက ညဆိုရင္လည္း ေကာင္းေကာင္းမအိပ္ရဘူး။ ေျခာက္လွန္႔တာတို႔ ဘာတို႔ရွိတယ္။ အခုက ျပည္သူေတြကလည္း အကုန္လုံးလည္း မထြက္ႏိုင္ၾကေတာ့ဘူး။ အရင္ဆိုရင္ ဒီမွာက လူအင္အား ဒီထက္ပိုမ်ားတယ္ဗ်ာ။ ဆႏၵျပတဲ့ လူအင္အားလည္း ပိုမ်ားတယ္ဗ်ာ။ ခုက်ေတာ့ ညပိုင္းမွာလည္း အင္အားနည္းသြားေတာ့ မထြက္ႏိုင္ၾကေတာ့ဘူး။ ဆိုေတာ့ က်ေနာ္တို႔၊ ဘာလို႔ ဂီတနဲ႔ ဒီလိုလုပ္လဲဆိုေတာ့ က်ေနာ့္အျမင္ေတာ့ ႏွစ္ခ်က္ေပါ့။ က်ေနာ္တို႔ကလည္း ေရာက္တဲ့ေနရာကေန ကိုယ္တတ္ကြၽမ္းတဲ့ အႏုပညာနဲ႔ ဒီေတာ္လွန္ေရးထဲမွာ ပါဝင္တယ္ေပါ့။ ေနာက္တစ္ခ်က္က က်ေနာ္တို႔ ဒီဂီတနဲ႔ ဆႏၵျပတဲ့သူပဲျဖစ္ျဖစ္၊ ပါဝင္တဲ့သူပဲျဖစ္ျဖစ္ က်ေနာ္တို႔ရဲ႕ ဂီတသံေလးၾကားလိုက္တာနဲ႔ စိတ္အားတက္ေစခ်င္တဲ့ ရည္႐ြယ္ခ်က္ရယ္၊ ၿပီးေတာ့ အပန္းလည္းေျပေစခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ က်ေနာ္တို႔ ဒီ group ကေနၿပီးေတာ့ ဦးစီးၿပီးေတာ့ လုပ္တာျဖစ္ပါတယ္ခင္ဗ်။”

ရန္ကုန္ၿမိဳ႕က ဆႏၵျပသူေတြ အဓိက စုေ၀းရာ ေျမနီကုန္းမွာပဲ လူငယ္တခ်ဳိ႕ဟာလည္း ေတးသီခ်င္းေတြ၊ သံခ်ပ္ေတြကုိ ဂီတနဲ႔ တဲြဖက္ၿပီး ဆႏၵျပပဲြေတြမွာ ပါ၀င္လႈပ္ရွားေနၾကပါတယ္။

“ညီမတို႔ ဒီအဖြဲ႕က လူငယ္ေတြအဖြဲ႕ေပါ့ေႏွာ္၊ သူငယ္ခ်င္းေတြနဲ႔ ဒီနားမွာပဲ၊ ဒီေန႔နဲ႔ ဆိုလို႔ရွိရင္ ၁၀ ရက္ ေလာက္ေတာ့ ရွိသြားၿပီေပါ့ေနာ္။ စစခ်င္းတုန္းက က်မတို႔ ကိုယ့္အဖြဲ႕ေလးနဲ႔ကိုယ္ ဒီအတိုင္း အထိုင္ သပိတ္ေလးေတြေပါ့၊ ေရွ႕ကေန တိုင္ေပးတယ္၊ ေနာက္ေတာ့ တစ္ေယာက္ ဒရမ္အေသးေလးနဲ႔ေပါ့ေနာ္.... တစ္ေယာက္တည္းသမားက ညီမတို႔နဲ႔ အတူ ပါဝင္အားျဖည့္ေပးတယ္။ ခု က်မတို႔က ေသြးသစၥာသီခ်င္းနဲ႔ေပါ့၊ သံခ်ပ္တိုင္တယ္။ ဒီမွာပဲ အထိုင္သပိတ္လုပ္တယ္။ အစကေတာ့ တစ္ေယာက္တည္းေပမဲ့ အခုကက်ေတာ့ အခ်ိဳ႕ ဝါသနာရွင္ေလးေတြကလည္း ဒီေနရာေလးမွာ ပါဝင္အားျဖည့္ေပးတယ္ေပါ့ေနာ္။ ဒီေသြးသစၥာသီခ်င္းေလးနဲ႔ တီးတဲ့ခါ တခ်ိဳ႕က်ေတာ့ သူတို႔စိတ္ထဲမွာ အားတက္သလို ခံစားရတယ္ဆိုၿပီးေတာ့ ဒီတီးဝိုင္းရွိတဲ့ ေနရာေလးေတြမွာလာၿပီး ေတာ့ Join ၾကတာမ်ိဳးေတြ ရွိတယ္ေပါ့။”

ရန္ကုန္ အပါအ၀င္ ျမန္မာႏုိင္ငံ ေနရာအႏွံ႔ ဆႏၵျပပဲြေတြေၾကာင့္ လုံၿခံဳေရးတပ္ဖဲြ႔ေတြ တုိးျမွင့္ခ်ထားတဲ့ၾကားကပဲ လမ္းေပၚထြက္ ဆႏၵျပလႈပ္ရွားမႈေတြ ဆက္လက္ေပၚေပါက္ေနတာပါ။ ဆႏၵျပလႈပ္ရွားမႈေတြကုိ ဆက္ထိန္းထားႏုိင္ေအာင္ အႏုပညာနဲ႔ ႀကိဳးပမ္းတာဟာ နည္းလမ္းေကာင္းတခုအျဖစ္နဲ႔ ယူဆသူေတြလည္း ရွိပါတယ္။

“လူတိုင္းက သီခ်င္းသံၾကားလို႔ရွိရင္ Notice (သတိထားမိတာေပါ့) ျဖစ္တာပဲေပါ့။ အခုဆိုရင္ ဆႏၵျပတာက လမ္းမွာၾကည့္လာတာေလ... လွည္းတန္းတို႔ဘာတို႔ဆိုရင္ အရင္က လူေတြျပည့္လွ်ံေနတာပဲ ခုဆိုရင္ နည္းနည္း ရွင္းသြားတယ္ေပါ့။ ဒီလိုမ်ိဳးေတြနဲ႔ (ဂီတ၊ သီခ်င္း) ဆက္လုပ္မွာပဲ အဆင္ေျပမယ္လို႔ထင္တယ္။ ေနာက္ပိုင္းကို ေသြးေအးသြားမွာကို နည္းနည္းစိုးရိမ္တယ္ေပါ့ေနာ္။ ဒီလို သီခ်င္းနဲ႔ ျမဴးျမဴးႂကြႂကြေလးဆိုလို႔ရွိရင္ အကုန္လုံးက ပိုၿပီးေတာ့ အားတက္လာမယ္ေပါ့ေနာ္။ ဒီလိုမ်ိဳး ဗီႏိုင္းေတြလည္း ေဝမယ္ဆိုလို႔ရွိရင္ အဆင္ေျပမယ္ထင္ပါတယ္။”

အၾကမ္းမဖက္တဲ့ အာဏာဖီဆန္ေရး လႈပ္ရွားမႈမွာ ပါ၀င္ဖုိ႔ တုိက္တြန္းမႈေတြ ထြက္ေပၚခဲ့ၿပီးေနာက္ ရန္ကုန္၊ မႏၱေလးနဲ႔ ေနျပည္ေတာ္ အပါအဝင္ ျမန္မာႏုိင္ငံအႏွံ႔ ဆႏၵျပလႈပ္ရွားမႈေတြ ဆက္တုိက္ေပၚေပါက္ေနတာပါ။ ဝန္ထမ္းေတြ၊ အလုပ္သမားေတြ အပါအ၀င္ လူတန္းစားေပါင္းစုံ ပါ၀င္လာတဲ့ လႈပ္ရွားမႈေတြကုိ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြက မၾကာေသးခင္ကစ အင္အားသုံး ႏွိမ္နင္းတဲ့ ျဖစ္ရပ္တခ်ဳိ႕လည္း ရွိခဲ့ပါတယ္။ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းကေတာ့ ၿငိမ္းခ်မ္းတဲ့ လႈပ္ရွားမႈေတြကုိ အင္အားသုံးႏွိမ္နင္းတာေတြ၊ ဖမ္းဆီးတာေတြ မလုပ္ဖုိ႔လည္း ေတာင္းဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲ ဂီတအနုပညာနဲ့ပါဝင်လာသူများ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေမှာ လူတန်းစားပေါင်းစုံက၊ ပုံစံမျိုးစုံနဲ့ ပါဝင်နေကြပါတယ်။ ဂီတအနုပညာ ကျွမ်းကျင်သူ လူငယ်တချို့ကလည်း ဆန္ဒပြပွဲတွေမှာ တေးဂီတနဲ့ အားပေးနေကြတာပါ။ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေက ထူးထူးခြားခြား တေးဂီတနဲ့ ပါဝင်လှုပ်ရှားနေသူတွေအကြောင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ဆန္ဒပြပွဲတွေ သီတင်း တပတ်ကျော်လာတဲ့အထိ ဆက်လက် အရှိန်ကောင်းနေသလို၊ အလွှာအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှား နေကြတာပါ။ ရန်ကုန်မြို့မှာဆိုရင်လည်း ဂီတအနုပညာနဲ့ ဖျော်ဖြေရင်း ဆန္ဒပြလှုပ်ရှားနေသူတွေ ရှိပါတယ်။ မြေနီကုန်း ဂုံးကျော်တံတားအောက်က ယူကလီ ဂီတာအသေးလေးတွေနဲ့ တီးခတ် ဖျော်ဖြေနေတဲ့ လူငယ်တချို့ကတော့ ဆန္ဒပြလှုပ်ရှားမှုတွေ အချိန်ကြာလာတာနဲ့အမျှ စိတ်ဖိစီးမှုတွေက သက်သာရာရအောင် ရည်ရွယ်တယ်လို့ ပြောကြပါတယ်။

“ဂီတဆိုတာကတော့ အကုန်လုံးအတွက် စိတ်ခွန်အားလည်းပေးတယ်။ အပန်းလည်း ပြေစေတယ်။ အခုကတော့ လူတွေက ညဆိုရင်လည်း ကောင်းကောင်းမအိပ်ရဘူး။ ခြောက်လှန့်တာတို့ ဘာတို့ရှိတယ်။ အခုက ပြည်သူတွေကလည်း အကုန်လုံးလည်း မထွက်နိုင်ကြတော့ဘူး။ အရင်ဆိုရင် ဒီမှာက လူအင်အား ဒီထက်ပိုများတယ်ဗျာ။ ဆန္ဒပြတဲ့ လူအင်အားလည်း ပိုများတယ်ဗျာ။ ခုကျတော့ ညပိုင်းမှာလည်း အင်အားနည်းသွားတော့ မထွက်နိုင်ကြတော့ဘူး။ ဆိုတော့ ကျနော်တို့၊ ဘာလို့ ဂီတနဲ့ ဒီလိုလုပ်လဲဆိုတော့ ကျနော့်အမြင်တော့ နှစ်ချက်ပေါ့။ ကျနော်တို့ကလည်း ရောက်တဲ့နေရာကနေ ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဒီတော်လှန်ရေးထဲမှာ ပါဝင်တယ်ပေါ့။ နောက်တစ်ချက်က ကျနော်တို့ ဒီဂီတနဲ့ ဆန္ဒပြတဲ့သူပဲဖြစ်ဖြစ်၊ ပါဝင်တဲ့သူပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ဂီတသံလေးကြားလိုက်တာနဲ့ စိတ်အားတက်စေချင်တဲ့ ရည်ရွယ်ချက်ရယ်၊ ပြီးတော့ အပန်းလည်းပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီ group ကနေပြီးတော့ ဦးစီးပြီးတော့ လုပ်တာဖြစ်ပါတယ်ခင်ဗျ။”

ရန်ကုန်မြို့က ဆန္ဒပြသူတွေ အဓိက စုဝေးရာ မြေနီကုန်းမှာပဲ လူငယ်တချို့ဟာလည်း တေးသီချင်းတွေ၊ သံချပ်တွေကို ဂီတနဲ့ တွဲဖက်ပြီး ဆန္ဒပြပွဲတွေမှာ ပါဝင်လှုပ်ရှားနေကြပါတယ်။

“ညီမတို့ ဒီအဖွဲ့က လူငယ်တွေအဖွဲ့ပေါ့နှော်၊ သူငယ်ချင်းတွေနဲ့ ဒီနားမှာပဲ၊ ဒီနေ့နဲ့ ဆိုလို့ရှိရင် ၁၀ ရက် လောက်တော့ ရှိသွားပြီပေါ့နော်။ စစချင်းတုန်းက ကျမတို့ ကိုယ့်အဖွဲ့လေးနဲ့ကိုယ် ဒီအတိုင်း အထိုင် သပိတ်လေးတွေပေါ့၊ ရှေ့ကနေ တိုင်ပေးတယ်၊ နောက်တော့ တစ်ယောက် ဒရမ်အသေးလေးနဲ့ပေါ့နော်.... တစ်ယောက်တည်းသမားက ညီမတို့နဲ့ အတူ ပါဝင်အားဖြည့်ပေးတယ်။ ခု ကျမတို့က သွေးသစ္စာသီချင်းနဲ့ပေါ့၊ သံချပ်တိုင်တယ်။ ဒီမှာပဲ အထိုင်သပိတ်လုပ်တယ်။ အစကတော့ တစ်ယောက်တည်းပေမဲ့ အခုကကျတော့ အချို့ ဝါသနာရှင်လေးတွေကလည်း ဒီနေရာလေးမှာ ပါဝင်အားဖြည့်ပေးတယ်ပေါ့နော်။ ဒီသွေးသစ္စာသီချင်းလေးနဲ့ တီးတဲ့ခါ တချို့ကျတော့ သူတို့စိတ်ထဲမှာ အားတက်သလို ခံစားရတယ်ဆိုပြီးတော့ ဒီတီးဝိုင်းရှိတဲ့ နေရာလေးတွေမှာလာပြီး တော့ Join ကြတာမျိုးတွေ ရှိတယ်ပေါ့။”

ရန်ကုန် အပါအဝင် မြန်မာနိုင်ငံ နေရာအနှံ့ ဆန္ဒပြပွဲတွေကြောင့် လုံခြုံရေးတပ်ဖွဲ့တွေ တိုးမြှင့်ချထားတဲ့ကြားကပဲ လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်လက်ပေါ်ပေါက်နေတာပါ။ ဆန္ဒပြလှုပ်ရှားမှုတွေကို ဆက်ထိန်းထားနိုင်အောင် အနုပညာနဲ့ ကြိုးပမ်းတာဟာ နည်းလမ်းကောင်းတခုအဖြစ်နဲ့ ယူဆသူတွေလည်း ရှိပါတယ်။

“လူတိုင်းက သီချင်းသံကြားလို့ရှိရင် Notice (သတိထားမိတာပေါ့) ဖြစ်တာပဲပေါ့။ အခုဆိုရင် ဆန္ဒပြတာက လမ်းမှာကြည့်လာတာလေ... လှည်းတန်းတို့ဘာတို့ဆိုရင် အရင်က လူတွေပြည့်လျှံနေတာပဲ ခုဆိုရင် နည်းနည်း ရှင်းသွားတယ်ပေါ့။ ဒီလိုမျိုးတွေနဲ့ (ဂီတ၊ သီချင်း) ဆက်လုပ်မှာပဲ အဆင်ပြေမယ်လို့ထင်တယ်။ နောက်ပိုင်းကို သွေးအေးသွားမှာကို နည်းနည်းစိုးရိမ်တယ်ပေါ့နော်။ ဒီလို သီချင်းနဲ့ မြူးမြူးကြွကြွလေးဆိုလို့ရှိရင် အကုန်လုံးက ပိုပြီးတော့ အားတက်လာမယ်ပေါ့နော်။ ဒီလိုမျိုး ဗီနိုင်းတွေလည်း ဝေမယ်ဆိုလို့ရှိရင် အဆင်ပြေမယ်ထင်ပါတယ်။”

အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်ဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအနှံ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်ပေါ်ပေါက်နေတာပါ။ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ အပါအဝင် လူတန်းစားပေါင်းစုံ ပါဝင်လာတဲ့ လှုပ်ရှားမှုတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မကြာသေးခင်ကစ အင်အားသုံး နှိမ်နင်းတဲ့ ဖြစ်ရပ်တချို့လည်း ရှိခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ငြိမ်းချမ်းတဲ့ လှုပ်ရှားမှုတွေကို အင်အားသုံးနှိမ်နင်းတာတွေ၊ ဖမ်းဆီးတာတွေ မလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG