သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္း စစ္ဒုကၡသည္မ်ားအက်ပ္အတည္း ပိုႀကီးလာ


မင္းကင္း၊ Mingin (Credit to MIMU)

[[Zawgyi/Unicode]]

စစ္ေကာင္စီက နယ္ေျမရွင္းလင္းေရးလုပ္ေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ထဲက ေအာက္ကင္းေက်း႐ြာမွာ မီးမေလာင္ဘဲ က်န္ရွိတဲ့ ေနအိမ္ေတြ မီးထပ္ရႈိ႕ခံရၿပီး ႐ြာလုံးကြၽတ္နီးပါး ေလာင္ကြၽမ္းသြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။ ယင္းမာပင္ ဆားလင္းႀကီးနဲ႔ ေ႐ႊဘိုၿမိဳ႕နယ္က စစ္ေဘးဒုကၡသည္ေတြမွာလည္း အကူအညီေတြလိုအပ္ေနပါတယ္။ စစ္ကိုင္းတိုင္းအတြင္းက စစ္ဒုကၡသည္ေတြရဲ႕အေျခအေန ရန္ကုန္က သတင္းေပးပို႔ထားပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီး မင္းကင္းၿမိဳ႕နယ္ ခ်င္းတြင္းျမစ္ေဘးမွာ တည္ရွိတဲ့ ေအာက္ကင္းေက်း႐ြာက ေနအိမ္ေတြကို ေမလ ၂၇ ရက္ မနက္ပိုင္းကစၿပီး စစ္ေကာင္စီတပ္ေတြက မီးရႈိ႕ သြားတယ္လို႔ ေဒသခံေတြကေျပာတာပါ။ ေနအိမ္ေတြမီးရႈိ႕ခံရတာေၾကာင့္ အိမ္ေျခ ၁၀၀ ေက်ာ္ရွိတဲ့ ေအာက္ကင္းေက်း႐ြာဟာ ႐ြာလုံးကြၽတ္ မီးေလာင္ကြၽမ္းသြားပါတယ္။ မီးရႈိ႕ၿပီးထြက္ခြါသြားတဲ့ စစ္ေကာင္စီတပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႕ေတြ တိုက္ပြဲျဖစ္ပြားေသးတယ္လို႔ မင္းကင္းေဒသခံတဦးက အခုလိုေျပာပါတယ္။

“မနက္ ၆ နာရီခြဲေလာက္ကရႈိ႕တာ။ ေအာက္ကင္း႐ြာကို ရႈိ႕တာ။ အထက္ကင္းကေန ရႈိ႕ၿပီးမွ ေအာက္ကင္းကို ေမာ္ေတာ္က ေ႐ႊ႕ခဲ့တာေလ။ သူတို႔လိုခ်င္တဲ့ပစၥည္းေတြကို ယူၿပီးၿပီဆိုမွ ဒီေန႔မနက္ ၆ နာရီခြဲမွာ မီးစရႈိ႕တာ။ ၅ ဖြဲ႕ခြဲၿပီးရႈိ႕တာ။ ဒီေန႔က်ေတာ့ တ႐ြာလုံးကိုရႈိ႕တာ။ တ႐ြာလုံးကုန္သလိုပဲျဖစ္တာဗ်။ အဲ့ဒါၿပီးေတာ့ မီးရႈိ႕ၿပီးတဲ့အခါက်ေတာ့ ဖလက္ေမာ္ေတာ္ေတြက ေအာက္ကိုစုန္တယ္ဗ်။ မုံ႐ြာကိုေလ။ အဲ့အခ်ိန္မွာ ေႁမြပိုင္းေတာင္နားေရာက္ေတာ့ တိုက္ ပြဲျဖစ္ေသးတယ္ဗ်။”

အထက္ကင္း႐ြာနဲ႔ ေအာက္ကင္း႐ြာဟာ ခ်င္းတြင္းျမစ္ေဘးမွာ တည္ရွိတဲ့ ေက်း႐ြာေတြျဖစ္ၿပီး ေမလ ၂၅ ရက္က အထက္ကင္း႐ြာကို မီးရႈိ႕သြားတဲ့အတြက္ ေနအိမ္ ၁၈၀ နီးပါး မီးေလာင္ ကြၽမ္းခဲ့ပါတယ္။ ေမလ ၂၆ ရက္မွာေတာ့ ေအာက္ကင္းေက်း႐ြာက ေနအိမ္အခ်ိဳ႕ကို မီးရႈိ႕ခဲ့ၿပီး ေမလ ၂၇ ရက္ ေသာၾကာေန႔မွာေတာ့ မီးမေလာင္ဘဲက်န္ရွိေနတဲ့ ေနအိမ္ေတြကို မီးထပ္ရႈိ႕ခဲ့တာပါ။

ခႏၲီးကေန ေက်ာက္စိမ္းနဲ႔ရိကၡာေတြ တင္ေဆာင္လာတဲ့ စစ္ေကာင္စီစက္ေလွ ၆ စီးဟာ အထက္ကင္းနဲ႔ ေအာက္ကင္း ေက်း႐ြာအနီးမွာ ကမ္းကပ္ရပ္နားၿပီး အခုလို မီးရႈိ႕တာလို႔ ေဒသခံေတြကေျပာတယ္။ ေက်း႐ြာက ေဒသခံေတြကေတာ့ ေဘးလြတ္ရာ တိမ္းေရွာင္ထြက္ေျပးေနရပါတယ္။ ဒါနဲ႔ပတ္သက္လို႔ စစ္ေကာင္စီက လုံး၀ သတင္းထုတ္ျပန္တာမရွိေသးပါဘူး။

ယင္းမာပင္နဲ႔ ဆားလင္းႀကီး ၿမိဳ႕နယ္ထဲမွာဆိုရင္လည္း ေက်း႐ြာေတြကို စစ္ေကာင္စီတပ္ေတြက ေနာက္တႀကိမ္ ထပ္ၿပီး နယ္ေျမရွင္းလင္းေရးလုပ္တာေၾကာင့္ ေမလ ၂၅ ရက္ ဗုဒၶဟူးေန႔ က ေနာက္တႀကိမ္ ႐ြာသားေတြ စစ္ေရွာင္ၾကရပါတယ္။ ခုရက္ပိုင္းေတြမွာ မိုးသည္းတာေၾကာင့္ စစ္ေရွာင္ရတဲ့ ႐ြာသား ေသာင္းဂဏန္း ဝန္းက်င္ေလာက္ဟာ ေနေရးနဲ႔ စားေရးအတြက္ အခက္အခဲေတြ ျဖစ္ေနၾကရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“က်မတို႔ကေလ အခု သူတို႔ပစ္သတ္လို႔မေသလည္း ေနာက္အသက္ဆက္ရွင္ဖို႔ရာအတြက္ အင္မတန္မွ ခက္ခဲေနပါတယ္။ အမတို႔က လက္လုပ္လက္စား ေတာင္သူသမားေလးေတြပဲ ဆိုေတာ့ အခုက ေတာင္ယာေတြလည္း မလုပ္ရေတာ့ဘူး။ အလုပ္လည္း မဆင္းရေတာ့ဘူးဆိုေတာ့ အခုက စားစရာလည္း မရွိေတာ့ ငတ္ၿပီးေတာ့ ေသရေတာ့မယ္။ ငတ္ၿပီးေတာ့ မေသလည္း လန္႔ၿပီးေတာ့ ေသမွာ။ ၁၂ ရာသီ အစားလည္း ေကာင္းေကာင္းမစားရဘူး၊ အအိပ္လည္း မအိပ္ရဘူး။ က်မတို႔ အိမ္ေတြမွာ အမ်ားဆုံး ေအးေအးခ်မ္းခ်မ္း ေနရတယ္ဆို တရက္က ႏွစ္ရက္ပဲ။ ႏွစ္ရက္ထက္ ဟိုဘက္ကို မကူးဘူး။ အခုဆို ပိုၿပီးေတာ့ ခက္ခဲတယ္။ မိုးကာရွိတဲ့သူက ရွိတယ္၊ မရွိတဲ့သူက မရွိဘူး။ မိုးေရထဲမွာလဲၿပီးေတာ့၊ စို႐ြဲၿပီးေတာ့ ကြၽဲေတြေရာ၊ ႏြားေတြေရာ၊ ဆိတ္ေတြေရာ။ အဲ့လို ဒုကၡေရာက္ေနတဲ့ဟာေတြကလည္း အမ်ားႀကီးပဲ။ အခုက မိုးကလည္း က်မတို႔ဆီမွာ ေန႔တိုင္းလိုလို ႐ြာတယ္၊ ေန႔လည္း႐ြာတယ္၊ ညလည္း ႐ြာတယ္။ လူေတြအကုန္လုံးကလည္း ေၾကာက္ၿပီး လန္႔ၿပီးေတာ့ ဆိုေတာ့ လူေတြအကုန္လုံးကေလ ေျပာမယ္ဆိုရင္ ေရာဂါသည္ေတြလို ျဖစ္ေနတာ။ ထမင္းကလည္း စားရတဲ့အခါ စားရတယ္။ မစားရတဲ့အခါ မစားရဘူး။ မစားရတာနဲ႔ စားရတာမွာ မစားရတာက ပိုမ်ားေနတယ္။ အိပ္လည္း မအိပ္ရဘူးဆိုေတာ့ အကုန္လုံးက ေရာဂါသည္ေတြလိုပဲ ျဖစ္ေနၾကတာ။”

ေ႐ြဘိုၿမိဳ႕နယ္က ေက်း႐ြာေတြကို ေမလ ၅ ရက္ေန႔က စစ္ေကာင္စီစစ္ေၾကာင္းေတြက နယ္ေျမရွင္းလင္းေရးလုပ္ၿပီး ႐ြာေတြကို မီးရႈိ႕တာေၾကာင့္ ေဘးလြတ္ရာထြက္ၿပီးေနၾကရတဲ့ သူေတြဟာလည္း ခုအထိလည္း ေက်း႐ြာေတြကို မျပန္ႏိုင္ၾကေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ကုလားမေက်း႐ြာအုပ္စုထဲက ဟသၤာႀကီး႐ြာနဲ႔ ေက်ာင္းကုန္း႐ြာမွာ စစ္ေကာင္စီတပ္ေတြ စခန္းခ်ထားတာေၾကာင့္ ကုလားမေက်း႐ြာ အုပ္စုက ေက်း႐ြာအားလုံးက႐ြာသားေတြဟာ ခုထိ စစ္ေရွာင္ေနၾကရၿပီး ေနထိုင္ေရးနဲ႔ စားေသာက္ေရး ခက္ခဲေနၾကတယ္လို႔ စစ္ေရွာင္တစ္ဦးက ခုလိုေျပာပါတယ္။

“စစ္ေရွာင္ေတြရဲ႕ အေျခအေနက အခု ကြၽန္ေတာ္တို႔ ဝက္လက္နယ္ထဲမွာ စခန္းသာ႐ြာက စာသင္ေက်ာင္းေလးမွာ အေျခမဲ့ အေနမဲ့ ေနေနရပါတယ္၊ ဒုကၡသည္စခန္းလိုမ်ိဳး။ အဲ့စာသင္ေက်ာင္းမွာပဲ ေနၾကတယ္ ေပးတာယူ၊ ေကြၽးတာစားၿပိးေတာ့ ဒီလိုေလး ျဖစ္သလိုေပါ့၊ မေသ႐ုံေလး စားေသာက္ေနၾကရတာေပါ့။ ကိုဗစ္ေရာဂါ နည္းနည္းေဝးသြားလို႔သာ ေဝးသာမေဝးရင္ ေရာဂါပိုးမ်ားမ်ားေတာင္ ဝင္ႏိုင္စရာရွိတယ္။ အဟာရမွ မျပည့္တာကိုး။”

စစ္ကိုင္းတိုင္းအတြင္းက စစ္ေရွာင္ေတြအတြက္ မိုးတြင္းကာကမွာ ေနစရာနဲ႔ စားေသာက္ေရးအတြက္ ရိကၡာေတြ အဓိက လိုအပ္ေနၿပီး ေဆးဝါးအကူအညီေတြလည္း လိုအပ္ေနၾကတယ္ လို႔ ေဒသခံ စစ္ေရွာင္ေတြက ေျပာၾကပါတယ္။ လက္ရွိမွာ ပရဟိတအသင္းတခ်ိဳ႕နဲ႔ ျပည္သူေတြရဲ႕ လႉတန္းမႈတခ်ိဳ႕ရွိေပမယ့္ စစ္ေရွာင္ေတြတိုးလာေနတာနဲ႔အမွ် အကူအညီေတြက ပိုၿပီးလိုအပ္လာေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

#MyanmarViiolence #SagaingFighting #MyanmarIDPs #VOABurmese

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

စစ်ကိုင်းတိုင်းအတွင်း စစ်ဒုက္ခသည်များအကျပ်အတည်း ပို ကြီးလာ

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲက အောက်ကင်းကျေးရွာမှာ မီးမလောင်ဘဲ ကျန်ရှိတဲ့ နေအိမ်တွေ မီးထပ်ရှို့ခံရပြီး ရွာလုံးကျွတ်နီးပါး လောင်ကျွမ်းသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ယင်းမာပင် ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်က စစ်ဘေးဒုက္ခသည်တွေမှာလည်း အကူအညီတွေလိုအပ်နေပါတယ်။ စစ်ကိုင်းတိုင်းအတွင်းက စစ်ဒုက္ခသည်တွေရဲ့အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးမှာ တည်ရှိတဲ့ အောက်ကင်းကျေးရွာက နေအိမ်တွေကို မေလ ၂၇ ရက် မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေက မီးရှို့ သွားတယ်လို့ ဒေသခံတွေကပြောတာပါ။ နေအိမ်တွေမီးရှို့ခံရတာကြောင့် အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အောက်ကင်းကျေးရွာဟာ ရွာလုံးကျွတ် မီးလောင်ကျွမ်းသွားပါတယ်။ မီးရှို့ပြီးထွက်ခွါသွားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားသေးတယ်လို့ မင်းကင်းဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက် ၆ နာရီခွဲလောက်ကရှို့တာ။ အောက်ကင်းရွာကို ရှို့တာ။ အထက်ကင်းကနေ ရှို့ပြီးမှ အောက်ကင်းကို မော်တော်က ရွှေ့ခဲ့တာလေ။ သူတို့လိုချင်တဲ့ပစ္စည်းတွေကို ယူပြီးပြီဆိုမှ ဒီနေ့မနက် ၆ နာရီခွဲမှာ မီးစရှို့တာ။ ၅ ဖွဲ့ခွဲပြီးရှို့တာ။ ဒီနေ့ကျတော့ တရွာလုံးကိုရှို့တာ။ တရွာလုံးကုန်သလိုပဲဖြစ်တာဗျ။ အဲ့ဒါပြီးတော့ မီးရှို့ပြီးတဲ့အခါကျတော့ ဖလက်မော်တော်တွေက အောက်ကိုစုန်တယ်ဗျ။ မုံရွာကိုလေ။ အဲ့အချိန်မှာ မြွေပိုင်းတောင်နားရောက်တော့ တိုက် ပွဲဖြစ်သေးတယ်ဗျ။”

အထက်ကင်းရွာနဲ့ အောက်ကင်းရွာဟာ ချင်းတွင်းမြစ်ဘေးမှာ တည်ရှိတဲ့ ကျေးရွာတွေဖြစ်ပြီး မေလ ၂၅ ရက်က အထက်ကင်းရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၁၈၀ နီးပါး မီးလောင် ကျွမ်းခဲ့ပါတယ်။ မေလ ၂၆ ရက်မှာတော့ အောက်ကင်းကျေးရွာက နေအိမ်အချို့ကို မီးရှို့ခဲ့ပြီး မေလ ၂၇ ရက် သောကြာနေ့မှာတော့ မီးမလောင်ဘဲကျန်ရှိနေတဲ့ နေအိမ်တွေကို မီးထပ်ရှို့ခဲ့တာပါ။

ခန္တီးကနေ ကျောက်စိမ်းနဲ့ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကောင်စီစက်လှေ ၆ စီးဟာ အထက်ကင်းနဲ့ အောက်ကင်း ကျေးရွာအနီးမှာ ကမ်းကပ်ရပ်နားပြီး အခုလို မီးရှို့တာလို့ ဒေသခံတွေကပြောတယ်။ ကျေးရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေရပါတယ်။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီက လုံး၀ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ယင်းမာပင်နဲ့ ဆားလင်းကြီး မြို့နယ်ထဲမှာဆိုရင်လည်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက နောက်တကြိမ် ထပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်တာကြောင့် မေလ ၂၅ ရက် ဗုဒ္ဓဟူးနေ့ က နောက်တကြိမ် ရွာသားတွေ စစ်ရှောင်ကြရပါတယ်။ ခုရက်ပိုင်းတွေမှာ မိုးသည်းတာကြောင့် စစ်ရှောင်ရတဲ့ ရွာသား သောင်းဂဏန်း ဝန်းကျင်လောက်ဟာ နေရေးနဲ့ စားရေးအတွက် အခက်အခဲတွေ ဖြစ်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျမတို့ကလေ အခု သူတို့ပစ်သတ်လို့မသေလည်း နောက်အသက်ဆက်ရှင်ဖို့ရာအတွက် အင်မတန်မှ ခက်ခဲနေပါတယ်။ အမတို့က လက်လုပ်လက်စား တောင်သူသမားလေးတွေပဲ ဆိုတော့ အခုက တောင်ယာတွေလည်း မလုပ်ရတော့ဘူး။ အလုပ်လည်း မဆင်းရတော့ဘူးဆိုတော့ အခုက စားစရာလည်း မရှိတော့ ငတ်ပြီးတော့ သေရတော့မယ်။ ငတ်ပြီးတော့ မသေလည်း လန့်ပြီးတော့ သေမှာ။ ၁၂ ရာသီ အစားလည်း ကောင်းကောင်းမစားရဘူး၊ အအိပ်လည်း မအိပ်ရဘူး။ ကျမတို့ အိမ်တွေမှာ အများဆုံး အေးအေးချမ်းချမ်း နေရတယ်ဆို တရက်က နှစ်ရက်ပဲ။ နှစ်ရက်ထက် ဟိုဘက်ကို မကူးဘူး။ အခုဆို ပိုပြီးတော့ ခက်ခဲတယ်။ မိုးကာရှိတဲ့သူက ရှိတယ်၊ မရှိတဲ့သူက မရှိဘူး။ မိုးရေထဲမှာလဲပြီးတော့၊ စိုရွဲပြီးတော့ ကျွဲတွေရော၊ နွားတွေရော၊ ဆိတ်တွေရော။ အဲ့လို ဒုက္ခရောက်နေတဲ့ဟာတွေကလည်း အများကြီးပဲ။ အခုက မိုးကလည်း ကျမတို့ဆီမှာ နေ့တိုင်းလိုလို ရွာတယ်၊ နေ့လည်းရွာတယ်၊ ညလည်း ရွာတယ်။ လူတွေအကုန်လုံးကလည်း ကြောက်ပြီး လန့်ပြီးတော့ ဆိုတော့ လူတွေအကုန်လုံးကလေ ပြောမယ်ဆိုရင် ရောဂါသည်တွေလို ဖြစ်နေတာ။ ထမင်းကလည်း စားရတဲ့အခါ စားရတယ်။ မစားရတဲ့အခါ မစားရဘူး။ မစားရတာနဲ့ စားရတာမှာ မစားရတာက ပိုများနေတယ်။ အိပ်လည်း မအိပ်ရဘူးဆိုတော့ အကုန်လုံးက ရောဂါသည်တွေလိုပဲ ဖြစ်နေကြတာ။”

ရွေဘိုမြို့နယ်က ကျေးရွာတွေကို မေလ ၅ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတွေက နယ်မြေရှင်းလင်းရေးလုပ်ပြီး ရွာတွေကို မီးရှို့တာကြောင့် ဘေးလွတ်ရာထွက်ပြီးနေကြရတဲ့ သူတွေဟာလည်း ခုအထိလည်း ကျေးရွာတွေကို မပြန်နိုင်ကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ကုလားမကျေးရွာအုပ်စုထဲက ဟင်္သာကြီးရွာနဲ့ ကျောင်းကုန်းရွာမှာ စစ်ကောင်စီတပ်တွေ စခန်းချထားတာကြောင့် ကုလားမကျေးရွာ အုပ်စုက ကျေးရွာအားလုံးကရွာသားတွေဟာ ခုထိ စစ်ရှောင်နေကြရပြီး နေထိုင်ရေးနဲ့ စားသောက်ရေး ခက်ခဲနေကြတယ်လို့ စစ်ရှောင်တစ်ဦးက ခုလိုပြောပါတယ်။

“စစ်ရှောင်တွေရဲ့ အခြေအနေက အခု ကျွန်တော်တို့ ဝက်လက်နယ်ထဲမှာ စခန်းသာရွာက စာသင်ကျောင်းလေးမှာ အခြေမဲ့ အနေမဲ့ နေနေရပါတယ်၊ ဒုက္ခသည်စခန်းလိုမျိုး။ အဲ့စာသင်ကျောင်းမှာပဲ နေကြတယ် ပေးတာယူ၊ ကျွေးတာစားပြိးတော့ ဒီလိုလေး ဖြစ်သလိုပေါ့၊ မသေရုံလေး စားသောက်နေကြရတာပေါ့။ ကိုဗစ်ရောဂါ နည်းနည်းဝေးသွားလို့သာ ဝေးသာမဝေးရင် ရောဂါပိုးများများတောင် ဝင်နိုင်စရာရှိတယ်။ အဟာရမှ မပြည့်တာကိုး။”

စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေအတွက် မိုးတွင်းကာကမှာ နေစရာနဲ့ စားသောက်ရေးအတွက် ရိက္ခာတွေ အဓိက လိုအပ်နေပြီး ဆေးဝါးအကူအညီတွေလည်း လိုအပ်နေကြတယ် လို့ ဒေသခံ စစ်ရှောင်တွေက ပြောကြပါတယ်။ လက်ရှိမှာ ပရဟိတအသင်းတချို့နဲ့ ပြည်သူတွေရဲ့ လှူတန်းမှုတချို့ရှိပေမယ့် စစ်ရှောင်တွေတိုးလာနေတာနဲ့အမျှ အကူအညီတွေက ပိုပြီးလိုအပ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#MyanmarViiolence #SagaingFighting #MyanmarIDPs #VOABurmese
===============

XS
SM
MD
LG