သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှိုက်ထဲက အနုပညာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မည် Everest

ဧဝရတ်တောင်ပေါ်မှာ အမှိုက်ကောက်နေစဉ် (မှတ်တမ်းဓါတ်ပုံ- မေလ ၂၀၁၀)
ဧဝရတ်တောင်ပေါ်မှာ အမှိုက်ကောက်နေစဉ် (မှတ်တမ်းဓါတ်ပုံ- မေလ ၂၀၁၀)

(Zawgyi/ Unicode)

ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ်တောင်ပေါ်မှာ တောင်တက်သမားတွေ ချန်ရစ်ခဲ့တဲ့ အမှိုက်တွေကို အနုပညာ ပစ္စည်းတွေအဖြစ် အသွင် ပြောင်းလဲပစ်ပြီး အနီးအနားက ပန်းချီပြခန်းတခုမှာ ပြသသွားဖို့ ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက စီစဉ်နေပြီ ဖြစ် ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ကို အမှိုက်ပစ်ရာနေရာတခု အဖြစ်သဘောမထား ကြဖို့ သတိပေးလိုတဲ့ အနေနဲ့ အခုလို ကောက်ယူ ရတဲ့ အမှိုက်တွေကို စုစည်း အသွင်းပြောင်းပြီး အနုပညာပြခန်းမှာ ပြသသွားမှာပါ။

အမြင့်ပေ ၂၉၀၀၀ ကျော်ရှိတဲ့ ဧဝရတ် တောင်ထွတ်နဲ့ တောင်ပေါ်မှာ တောင်တက်သမားတွေက အသုံးပြုပြီးသား အောက်စီဂျင်ဗူး တွေ၊ ရွက်ဖျင်တဲ အပျက်အစီးတွေ၊ လှေကားအကျိုးတွေ၊ သံဗူးခွံတွေနဲ့ ပလပ်စတစ်အမှိုက်တွေကို စွန့်ပစ်လေ့ရှိတာပါ။

အဲဒီအမှိုက်တွေကို အသွင်ပြောင်းပြီး တန်ဖိုးကြီး အနုပညာပစ္စည်းတွေအဖြစ်ဖန်တီးဖို့ နီပေါဒေသခံနဲ့ နိုင်ငံရပ်ခြားက အနုပညာရှင်တွေ ပူးပေါင်းပါဝင်ပြီး ဒေသခံတွေကို လေ့ကျင့်သင်ကြားပေးသွားမယ်လို့ ပတ်ဝန်းကျင် ထိန်းးသိမ်းရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Sagarmatha Next စင်တာက စီမံကိန်းမန်နေဂျာ Tommy Gustafsson က ပြောပါတယ်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ အသိပညာပေးတဲ့အနေနဲ့ အမှိုက်ကနေ ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေနဲ့ အနုပညာလက်ရာတွေကို ပြသသွားမယ့် တစ်ချိန်တည်းမှာပဲ အမှတ်တရ လက်ဆောင်အဖြစ်လည်းရောင်းချမှာဖြစ်ပါတယ်။ ရရှိမယ့် ငွေကြေးကိုတော့ ဒေသ တွင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုမှာ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက ဧဝရတ်တောင်ပေါ်ကို တောင်တက်သမားတွေ၊ ခရီးကြမ်းလျှောက်သူတွေ နဲ့ လမ်းပြတွေ ခန့်မှန်းခြေ လူ ၈၀,၀၀၀ လောက် တက်ရောက်ခဲ့ပါတယ်။

ကမ္ဘာ့ အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို New Zealand နိုင်ငံသား Sir Edmund Hillary နဲ့ Sherpa Tenzing Norgay တို့က ၁၉၅၃ ခုနှစ်မှာ ပထမ ဆုံးတက်ရောက်နိုင်ခဲ့တာပါ။ အဲဒီအချိန်ကစပြီးတောင်တက်သမား ၄၀၀၀ လောက် နီပေါနိုင်ငံဘက်ခြမ်းကနေ တောင်ပေါ် ကို အကြိမ် ၆၅၅၃ ကြိမ်တက်ရောက်ခဲ့ကြပါတယ်။

အမှိုက်ထဲက အနုပညာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မည်
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်


......


(Unicode)






XS
SM
MD
LG