သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဂါဘီ ဖယ်ရှားရေး အာဏာရပါတီဆွေးနွေး


ဇင်ဘာဘွေ ဒုသမ္မတဟောင်း Emmerson Mnangagwa

ဇင်ဘာဘွေသမ္မတ Robert Mugabe ရဲ့ ZANU-PF ပါတီက အရာရှိတွေက သူတို့ဟာ တနင်္ဂနွေနေ့ကျရင် ဇင်ဘာဘွေမှာ ကာလကြာရှည်စွာ အုပ်ချုပ်နေတဲ့ သမ္မတကို ဖြုတ်ချဖို့အရေး ဆွေးနွေးကြမယ်လို့ စနေနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဖြုတ်အချခံခဲ့ရတဲ့ ဒုသမ္မတ Emmerson Mnangagwa ကို တာဝန်ပြန်ပေးမှာဖြစ်ကြောင်း အမည်မဖေါ်လိုသူ ပါတီအတွင်းလူ ၂ ဦးက ရိုက်တားစ် သတင်းကို ပြောကြောင်း ဖေါ်ပြထားပါတယ်။ သမ္မတ Mugabe က ZANU-PF ပါတီရဲ့ အမျိုးသမီးအဖွဲ့ချုပ် ခေါင်းဆောင် တာဝန်ယူထားတဲ့ သူ့ဇနီးဖြစ်သူကို ဒုသမ္မတအဖြစ် တာဝန်ပေးဖို့အတွက် မစ္စတာ Mnangagwa ကို ဖြုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ အစည်းဝေးကျင်းပဖို့ သေချာသလို သမ္မတ Mugabe ကို သမ္မတအဖြစ် ကရော ပါတီခေါင်းဆောင်အဖြစ်ကပါ နှုတ်ထွက်ဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း ပါတီဒေသကြီး ၉ ခုကနေ ဒီဆုံးဖြတ်ချက်ကို အတည်ပြုခဲ့တာလို့ ပါတီအတွင်းလူ ၂ ဦးထဲက တဦးကလည်း AFP ကိုပြောပါတယ်။

အခုလို အစည်းဝေးရှိကြောင်း သိရပြီး မကြာခင်မှာပဲ Harare မှာရှိတဲ့ သမ္မတ Mugabe ရဲ့နေအိမ်ကနေ မော်တော်ယာဉ်တန်းထွက်လာတာပါ။ ယာဉ်တန်းဟာ သမ္မတကို ဆန့်ကျင်ဆန္ဒပြသူတွေကို ကျော်ဖြတ် ထွက်လာတာဖြစ်ပြီး ထွက်လာတဲ့ ကားတွေထဲမှာ ဘယ်ကားထဲမှာမှ သမ္မတ မပါဘူးလို့ လုံခြုံရေး အရာရှိတဦးက ပြောပါတယ်။ စနေနေ့မှာ Harare မြို့တော် လမ်းမတွေပေါ်မှာ သမ္မတကို ဆန့်ကျင် ဆန္ဒပြသူ ထောင်နဲ့ချီ ရှိနေသလို နိုင်ငံတဝှမ်းမှာလည်း သမ္မတ နှုတ်ထွက်ဖို့ ဆန္ဒပြ တောင်းဆို နေကြတာပါ။

သမ္မတ Mugabe ကို အစိုးရအိမ်တော်မှာ တရားဝင်ဖမ်းဆီး ထိမ်းသိမ်းထားတာ ဖြစ်ပြီး အဲဒီနေရာမှာပဲ သူနှုတ်ထွက်ဖို့ ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။

မူဂါဘီ ဖယ်ရှားရေး အာဏာရပါတီဆွေးနွေး
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG