သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပင္လုံညီလာခံက အနာဂတ္ၿငိမ္းခ်မ္းေရးအတြက္ လမ္းဖြင့္ေပးလုိက္ႏုိင္သလား


၂၁ ရာစုပင္လံု စတုတၳအစည္းအေ၀း ညီလာခံ တတိယေန႔ျမင္ကြင္း။ (ဓာတ္ပံု - Union Peace Conference - 21st Century Panglong - ၾသဂုတ္ ၂၁၊ ၂၀၂၀)

(Zawgyi/Unicode)

ၿငိမ္းခ်မ္းေရး ပင္လံုညီလာခံႀကီးကို ႏွစ္နဲ႔ခ်ီ မက်င္းပႏိုင္ခဲ့ရာကေန၊ စတုတၳအႀကိမ္အျဖစ္ အခု ေရြးေကာက္ပြဲမတိုင္ခင္ေလးမွာ က်င္းပၿပီးစီးသြားခဲ့ပါၿပီ။ ဒီလ (၁၉) (၂၀) (၂၁) ရက္မွာ က်င္းပခဲ့တဲ့ ဒီညီလာခံရဲ့ သေဘာတူရလဒ္ေတြက ဘယ္လို ထူးျခားအေရးပါမူရွိပါလဲ။

ဒီညီလာခံမတိုင္ခင္ ႀကိဳတင္ညိႈႏိႈင္းရာမွာ အနီးကပ္ပါဝင္ခဲ့သူ ဦးလွေမာင္ေရႊနဲ႔၊ ညီလာခံတက္ေရာက္ခဲ့သူ ဦးေဇယ်သူတို႔ကို ကိုဝင္းမင္းက ေမးျမန္းထားပါတယ္။

(၂၁) ရာစု ပင္လံုညီလာခံႀကီးရ့ဲ ထူးျခားခ်က္ကို၊ ႏွစ္ေပါင္းမ်ားစြာ ၿငိမ္းခ်မ္ေရး လုပ္ငန္းစဥ္ထဲမွာ ေတာက္ေလွ်ာက္ ထဲထဲဝင္ဝင္ပါခဲ့သူ၊ UPDJC ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးေဆြးေႏြးမူပူးတြဲေကာ္မတီ အတြင္းေရးမွဴး ဦးလွေမာင္ေရႊက

“ဒီညီလာခံမွာ ခ်ဳပ္ဆိုမယ့္ လက္ေတြ႔ဆန္ၿပီးေတာ့ ေရွ.ကိုဆက္သြားလို႔ရမယ့္ ဒီသေဘာတူညီခ်က္ေတြကို စာခ်ဳပ္ပံုစံ အခ်ိန္ယူၿပီးေတာ့ ဆံုးျဖတ္ခဲ့တယ္။ ဒီလိုရလဒ္ျဖစ္ဖို႔ လြယ္လြယ္ကူကူေတာ့ ရတာ မဟုတ္ဘူး။ ကၽြန္ေတာ့အေနနဲ႔ အားအရ ေက်နပ္ဆံုးကို ေျပာရမယ္ဆိုရင္၊ ဒီ ဇြန္လ ေနာက္ဆံုးပတ္ကေနၿပီးေတာ့၊ ဇူလိုင္တစ္လလံုးနဲ႔ ဒီ ၾသဂုတ္ (၁၂) ရက္ေန႔အထိ ကၽြန္ေတာ္တို႔ အလုပ္အဖြဲ႔ေတြက၊ ရင္းရင္းႏွီးႏွီးနဲ႔ ေတာ္ေတာ့ကို စိတ္စိတ္ေလး ေဆြးေႏြးႏိုင္ခဲ့တယ္ဗ်။ ဒါမ်ိဳးကိုေတာ့ ဒီ (၄) ႏွစ္အတြင္းမွာ အားအရဆံုးနဲ႔ ေက်နပ္မူအရွိဆံုး။ ဒီလိုရလဒ္ရလာတဲ့အျပင္၊ ယံုၾကည္မူေတြ ပိုရွိလာတာကိုေတာ့၊ ကၽြန္ေတာ့အေနနဲ႔၊ ဒီ (၉) ႏွစ္တာ အေတြ႔အႀကံဳအရ အားရေက်နပ္တယ္။”

ဦးလွေမာင္ေရႊကပဲ အခုလို ယံုၾကည္မူတည္ေဆာက္ႏိုင္ခဲ့တာကေတာ့ အႀကိမ္ေပါင္းမ်ားစြာ ပိုေဆြးေႏြးႏိုင္ခဲ့လို႔ပါလို႔ ရွင္းျပပါတယ္။

“အခု ကိုဗစ္ကာလျဖစ္ေပမဲ့ တိုင္းရင္းသားေတြဘက္ကလည္း တစ္ခါထဲကို ေက်ာက္ခ်ၿပီး၊ ဒီမွာ ဆက္တိုက္ ဆက္တိုက္ ေဆြးေႏြးဖို႔ ျပင္လာတာရွိတယ္။ အစိုးရ၊ တပ္မေတာ္၊ လႊတ္ေတာ္ဘက္ကလည္း ေဆြးေႏြးပြဲအဖြဲကိုဖြဲ႔ၿပီးေတာ့၊ ေတာက္ေလွ်ာက္ ေဆြးေႏြးခဲ့တဲ့အတြက္ ေဆြးေႏြးပြဲ အရွိန္ရလာတယ္။ တစ္ဘက္နဲ႔တစ္ဘက္ကလည္း ရင္းႏွီးမူေတြရွိလာတဲ့အတြက္၊ သေဘာတူညီခ်က္ေတြအားလံုးမရရင္ေတာင္မွ ပြင့္ပြင့္လင္းလင္းေဆြးေႏြးၿပီးေတာ့၊ အေရွ.ကိုဆက္ေလွ်ာက္ဖို႔အတြက္ ယံုၾကည္မူေတြ ပိုရွိလာတယ္။”

အဲ့ဒီေတာ့ အခုရလာခဲ့တဲ့ သေဘာတူညီခ်က္ေတြရဲ့ ထူးျခားမူကို ေမးရာမွာေတာ့ အရင္လို ႏိုင္ငံေရး၊ စီးပြားေရး၊ လူမူေရး၊ လံုၿခံဳေရး၊ ေျမယာသယံဇာတ ေခါင္းစဥ္ႀကီး (၅) ခုနဲ႔ မဟုတ္ေတာ့ဘဲ၊ ေရွ.ဆက္ ပိုခက္ခက္ခဲခဲေတြေဆြးေႏြးဖို႔ အသင့္ျဖစ္သြားေစတာက ထူးျခားတယ္လို႔ ခုလိုဆက္ေျပာပါတယ္။

“ဒီအစိတ္အပိုင္း (၃) မွာကိုက အစိတ္အပိုင္း (၃) ခု ျပန္ပါပါတယ္ဗ်။ (၁) ကေတာ့ NCA (တစ္ႏိုင္ငံလံုးပစ္ခတ္တိုက္ခိုက္မူရပ္စဲေရးသေဘာတူစာခ်ဳပ္) အေကာင္အထည္ ေဖာ္တဲ့ မူေဘာင္သေဘာတူညီခ်က္ျဖစ္ပါတယ္။ ဒါဟာ ေရွ႕ကို ဘယ္လိုဆက္သြားမယ္ ဆိုတဲ့ဥစၥာေတြကို ျပဌာန္္းထားပါတယ္။ ဒုတိယ အစိတ္အပိုင္းကေတာ့ ၂၀၂၀ ခုႏွစ္အလြန္မွာ ဆက္လက္ၿပီးေတာ့ ေဆာင္ရြက္ရမယ့္ အဆင့္နဲ႔လုပ္ငန္းစဥ္ေတြ ျဖစ္ပါတယ္။ အေရးႀကီးတာကေတာ့ ဒီ အစိတ္အပိုင္း (၁) နဲ႔ (၂) နဲ႔ လမ္းပြင့္ေနသမွ်၊ ရွိေနသမွ်၊ ေနာင္ အစိတ္အပိုင္း (၃) ျဖစ္မယ့္ ဖယ္ဒရယ္မူဝါဒေတြကို ဆက္လက္ၿပီးေတာ့ ေဆြးေႏြးျဖည့္ဆည္းႏိုင္မွာျဖစ္တဲ့အတြက္၊ ဒီအစိတ္အပိုင္း (၃) ခုမွာ၊ (၁) နဲ႔ (၂) က ပိုၿပီးေတာ့ အေရးႀကီးတယ္လို႔ သံုးသပ္ပါတယ္။”

အဲ့ဒီေတာ့ အရင္မူေဘာင္သေဘာတူညီခဲ့ေပမဲ့ လက္ေတြ႔နားလည္မူ မတူခဲ့တာေတြကို၊ အခု ေသခ်ာေအာင္ သေဘာတူႏိုင္ခဲ့တဲ့ သေဘာလားလုိ႔ ေမးရာမွာ ဦးလွေမာင္ေရႊကဆက္ၿပီး

“ကၽြန္ေတာ္တို႔က NCA စာခ်ဳပ္ကို ၂၀၁၅ ေအာက္တိုဘာမွာ ခ်ဳပ္ခဲ့တယ္။ ဒီစာခ်ဳပ္မွာ ကၽြန္ေတာ္တို႔ရဲ႕ ႏွစ္ဖက္ နားလည္ခ်က္ တခ်ိဳ.အခ်က္ေတြမွာေတာ့၊ နားလည္မူ မတူတာေတြရွိခဲ့တယ္၊ တခ်ိဳ.အခ်က္ေတြမွာေတာ့ ဒီစာခ်ဳပ္ကို အေကာင္အထည္ေဖာ္ဖို႔ အေသးစိတ္မညိွႏိႈင္းခဲ့တာေတြရွိတယ္။ အခုေတာ့ ဘယ္လို အေကာင္အထည္ေဖာ္မလဲ ဆိုတဲ့ကိစၥကိုလည္း သေဘာတူတယ္၊ ဆက္လက္ေဆြးေႏြးဖို႔ ျပဌာန္းတယ္။ အေရးႀကီးတယ္ေပါ့ေလ၊ လြန္ခဲ့တဲ့ (၅) ႏွစ္က မလုပ္ႏိုင္ခဲ့ဘူး။”

ဒီညီလာခံကို ေနာက္ထပ္တက္ေရာက္ခဲ့တဲ့ The Voice ဂ်ာနယ္ရဲ့ အမူေဆာင္ အရာရွိခ်ဳပ္ ဦးေဇယ်သူကလည္း၊ ဒီတစ္ေခါက္ ကိုဗစ္ကာလနဲ႔ ေရြးေကာက္ပြဲမတိုင္ခင္ ျဖစ္ေအာင္က်င္းပခဲ့တဲ့ ဒီညီလာခံရဲ့ ထူးျခားခ်က္အျပင္၊ အခုမရေသာ္လည္းဘဲ၊ အရင္တုန္းကလည္းေဆြးေႏြးဖို႔ ခက္ခဲ့တဲ့၊ ျပည္နယ္ဖြဲ႔စည္းပံုကို ေရွ.မွာဆက္ေဆြးေႏြးဖို႔ သေဘာတူတာကလည္း ထူးျခားတယ္လို႔ ဆိုပါတယ္။

“ျပည္နယ္ဖြဲ႔စည္းပံုတို႔ ဘာတို႔ဆိုတာက ဟိုးအရင္ထဲကဆို မစဥ္းစားအပ္တဲ့အရာေပါ့၊ မစဥ္းစားရဲၾကဘူး။ စဥ္းစားထားတဲ့သူရွိရင္ေတာင္မွ၊ ထုတ္ၿပီးေတာ့ မေျပာရဲၾကဘူးေပါ့ေလ။ အခုဟာကေတာ့ ပြင့္ပြင့္လင္းလင္းေဆြးေႏြးၿပီးေတာ့၊ ပြင့္ပြင့္လင္းလင္း ျငင္းခံုၾကတယ္။ ေဆြးေႏြးသင့္တယ္ဆိုတာကိုေတာ့ အကုန္လံုးက ဒါ လက္ခံသြားၿပီဆိုတဲ့ သေဘာေပါ့ေနာ္။ ေနာက္ထပ္အေသးစိတ္ေတြ ဆက္လာလိမ့္မယ္ေပါ့။

ဒါေပမဲ့ တခ်ိဳ႕သံုးသပ္သူေတြကလည္း အခုတစ္ေခါက္ရခဲ့တဲ့ သေဘာတူခ်က္ေတြက၊ အရင္ ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အပိုင္း (၁) နဲ႔ (၂) မွာ သေဘာတူၿပီးသားေတြကို၊ ၉၀% ေလာက္ ျပန္ကူးေရးထားသလိုျဖစ္ေနတာမို႔၊ တိုးတက္မူေတြက ေႏွးေကြးလြန္းတယ္လို႔ ေဝဖန္တာေတြလည္းရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ပင်လုံညီလာခံက အနာဂတ်ငြိမ်းချမ်းရေးအတွက် လမ်းဖွင့်ပေးလိုက်နိုင်သလား

(Unicode)

ငြိမ်းချမ်းရေး ပင်လုံညီလာခံကြီးကို နှစ်နဲ့ချီ မကျင်းပနိုင်ခဲ့ရာကနေ၊ စတုတ္ထအကြိမ်အဖြစ် အခု ရွေးကောက်ပွဲမတိုင်ခင်လေးမှာ ကျင်းပပြီးစီးသွားခဲ့ပါပြီ။

ဒီလ (၁၉) (၂၀) (၂၁) ရက်မှာ ကျင်းပခဲ့တဲ့ ဒီညီလာခံရဲ့ သဘောတူရလဒ်တွေက ဘယ်လို ထူးခြားအရေးပါမူရှိပါလဲ။

ဒီညီလာခံမတိုင်ခင် ကြိုတင်ညှိုနှိုင်းရာမှာ အနီးကပ်ပါဝင်ခဲ့သူ ဦးလှမောင်ရွှေနဲ့၊ ညီလာခံတက်ရောက်ခဲ့သူ ဦးဇေယျသူတို့ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

(၂၁) ရာစု ပင်လုံညီလာခံကြီးရဲ့ ထူးခြားချက်ကို၊ နှစ်ပေါင်းများစွာ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်ထဲမှာ တောက်လျှောက် ထဲထဲဝင်ဝင်ပါခဲ့သူ၊ UPDJC ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမူပူးတွဲကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက

“ဒီညီလာခံမှာ ချုပ်ဆိုမယ့် လက်တွေ့ဆန်ပြီးတော့ ရှေ.ကိုဆက်သွားလို့ရမယ့် ဒီသဘောတူညီချက်တွေကို စာချုပ်ပုံစံ အချိန်ယူပြီးတော့ ဆုံးဖြတ်ခဲ့တယ်။ ဒီလိုရလဒ်ဖြစ်ဖို့ လွယ်လွယ်ကူကူတော့ ရတာ မဟုတ်ဘူး။ ကျွန်တော့အနေနဲ့ အားအရ ကျေနပ်ဆုံးကို ပြောရမယ်ဆိုရင်၊ ဒီ ဇွန်လ နောက်ဆုံးပတ်ကနေပြီးတော့၊ ဇူလိုင်တစ်လလုံးနဲ့ ဒီ သြဂုတ် (၁၂) ရက်နေ့အထိ ကျွန်တော်တို့ အလုပ်အဖွဲ့တွေက၊ ရင်းရင်းနှီးနှီးနဲ့ တော်တော့ကို စိတ်စိတ်လေး ဆွေးနွေးနိုင်ခဲ့တယ်ဗျ။ ဒါမျိုးကိုတော့ ဒီ (၄) နှစ်အတွင်းမှာ အားအရဆုံးနဲ့ ကျေနပ်မူအရှိဆုံး။ ဒီလိုရလဒ်ရလာတဲ့အပြင်၊ ယုံကြည်မူတွေ ပိုရှိလာတာကိုတော့၊ ကျွန်တော့အနေနဲ့၊ ဒီ (၉) နှစ်တာ အတွေ့အကြုံအရ အားရကျေနပ်တယ်။”

ဦးလှမောင်ရွှေကပဲ အခုလို ယုံကြည်မူတည်ဆောက်နိုင်ခဲ့တာကတော့ အကြိမ်ပေါင်းများစွာ ပိုဆွေးနွေးနိုင်ခဲ့လို့ပါလို့ ရှင်းပြပါတယ်။

“အခု ကိုဗစ်ကာလဖြစ်ပေမဲ့ တိုင်းရင်းသားတွေဘက်ကလည်း တစ်ခါထဲကို ကျောက်ချပြီး၊ ဒီမှာ ဆက်တိုက် ဆက်တိုက် ဆွေးနွေးဖို့ ပြင်လာတာရှိတယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်ကလည်း ဆွေးနွေးပွဲအဖွဲကိုဖွဲ့ပြီးတော့၊ တောက်လျှောက် ဆွေးနွေးခဲ့တဲ့အတွက် ဆွေးနွေးပွဲ အရှိန်ရလာတယ်။ တစ်ဘက်နဲ့တစ်ဘက်ကလည်း ရင်းနှီးမူတွေရှိလာတဲ့အတွက်၊ သဘောတူညီချက်တွေအားလုံးမရရင်တောင်မှ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့၊ အရှေ.ကိုဆက်လျှောက်ဖို့အတွက် ယုံကြည်မူတွေ ပိုရှိလာတယ်။”

အဲ့ဒီတော့ အခုရလာခဲ့တဲ့ သဘောတူညီချက်တွေရဲ့ ထူးခြားမူကို မေးရာမှာတော့ အရင်လို နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး၊ လုံခြုံရေး၊ မြေယာသယံဇာတ ခေါင်းစဉ်ကြီး (၅) ခုနဲ့ မဟုတ်တော့ဘဲ၊ ရှေ.ဆက် ပိုခက်ခက်ခဲခဲတွေဆွေးနွေးဖို့ အသင့်ဖြစ်သွားစေတာက ထူးခြားတယ်လို့ ခုလိုဆက်ပြောပါတယ်။

“ဒီအစိတ်အပိုင်း (၃) မှာကိုက အစိတ်အပိုင်း (၃) ခု ပြန်ပါပါတယ်ဗျ။ (၁) ကတော့ NCA (တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ်) အကောင်အထည် ဖော်တဲ့ မူဘောင်သဘောတူညီချက်ဖြစ်ပါတယ်။ ဒါဟာ ရှေ့ကို ဘယ်လိုဆက်သွားမယ် ဆိုတဲ့ဥစ္စာတွေကို ပြဌာန်းထားပါတယ်။ ဒုတိယ အစိတ်အပိုင်းကတော့ ၂၀၂၀ ခုနှစ်အလွန်မှာ ဆက်လက်ပြီးတော့ ဆောင်ရွက်ရမယ့် အဆင့်နဲ့လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ အရေးကြီးတာကတော့ ဒီ အစိတ်အပိုင်း (၁) နဲ့ (၂) နဲ့ လမ်းပွင့်နေသမျှ၊ ရှိနေသမျှ၊ နောင် အစိတ်အပိုင်း (၃) ဖြစ်မယ့် ဖယ်ဒရယ်မူဝါဒတွေကို ဆက်လက်ပြီးတော့ ဆွေးနွေးဖြည့်ဆည်းနိုင်မှာဖြစ်တဲ့အတွက်၊ ဒီအစိတ်အပိုင်း (၃) ခုမှာ၊ (၁) နဲ့ (၂) က ပိုပြီးတော့ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။”

အဲ့ဒီတော့ အရင်မူဘောင်သဘောတူညီခဲ့ပေမဲ့ လက်တွေ့နားလည်မူ မတူခဲ့တာတွေကို၊ အခု သေချာအောင် သဘောတူနိုင်ခဲ့တဲ့ သဘောလားလို့ မေးရာမှာ ဦးလှမောင်ရွှေကဆက်ပြီး

“ကျွန်တော်တို့က NCA စာချုပ်ကို ၂၀၁၅ အောက်တိုဘာမှာ ချုပ်ခဲ့တယ်။ ဒီစာချုပ်မှာ ကျွန်တော်တို့ရဲ့ နှစ်ဖက် နားလည်ချက် တချို.အချက်တွေမှာတော့၊ နားလည်မူ မတူတာတွေရှိခဲ့တယ်၊ တချို.အချက်တွေမှာတော့ ဒီစာချုပ်ကို အကောင်အထည်ဖော်ဖို့ အသေးစိတ်မညှိနှိုင်းခဲ့တာတွေရှိတယ်။ အခုတော့ ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ကိစ္စကိုလည်း သဘောတူတယ်၊ ဆက်လက်ဆွေးနွေးဖို့ ပြဌာန်းတယ်။ အရေးကြီးတယ်ပေါ့လေ၊ လွန်ခဲ့တဲ့ (၅) နှစ်က မလုပ်နိုင်ခဲ့ဘူး။”

ဒီညီလာခံကို နောက်ထပ်တက်ရောက်ခဲ့တဲ့ The Voice ဂျာနယ်ရဲ့ အမူဆောင် အရာရှိချုပ် ဦးဇေယျသူကလည်း၊ ဒီတစ်ခေါက် ကိုဗစ်ကာလနဲ့ ရွေးကောက်ပွဲမတိုင်ခင် ဖြစ်အောင်ကျင်းပခဲ့တဲ့ ဒီညီလာခံရဲ့ ထူးခြားချက်အပြင်၊ အခုမရသော်လည်းဘဲ၊ အရင်တုန်းကလည်းဆွေးနွေးဖို့ ခက်ခဲ့တဲ့၊ ပြည်နယ်ဖွဲ့စည်းပုံကို ရှေ.မှာဆက်ဆွေးနွေးဖို့ သဘောတူတာကလည်း ထူးခြားတယ်လို့ ဆိုပါတယ်။

“ပြည်နယ်ဖွဲ့စည်းပုံတို့ ဘာတို့ဆိုတာက ဟိုးအရင်ထဲကဆို မစဉ်းစားအပ်တဲ့အရာပေါ့၊ မစဉ်းစားရဲကြဘူး။ စဉ်းစားထားတဲ့သူရှိရင်တောင်မှ၊ ထုတ်ပြီးတော့ မပြောရဲကြဘူးပေါ့လေ။ အခုဟာကတော့ ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီးတော့၊ ပွင့်ပွင့်လင်းလင်း ငြင်းခုံကြတယ်။ ဆွေးနွေးသင့်တယ်ဆိုတာကိုတော့ အကုန်လုံးက ဒါ လက်ခံသွားပြီဆိုတဲ့ သဘောပေါ့နော်။ နောက်ထပ်အသေးစိတ်တွေ ဆက်လာလိမ့်မယ်ပေါ့။

ဒါပေမဲ့ တချို့သုံးသပ်သူတွေကလည်း အခုတစ်ခေါက်ရခဲ့တဲ့ သဘောတူချက်တွေက၊ အရင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၁) နဲ့ (၂) မှာ သဘောတူပြီးသားတွေကို၊ ၉၀% လောက် ပြန်ကူးရေးထားသလိုဖြစ်နေတာမို့၊ တိုးတက်မူတွေက နှေးကွေးလွန်းတယ်လို့ ဝေဖန်တာတွေလည်းရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG