သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယင္းမာပင္အနီး ေက်းရြာႏွစ္ရြာကို စစ္ေကာင္စီ ေလေၾကာင္းတိုက္ခိုက္


ယင္းမာပင္ၿမိဳ႕နယ္မွ စစ္ေရွာင္ဒုကၡသည္မ်ား။

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ခ႐ိုင္ ယင္းမာပင္ၿမိဳ႕နယ္ထဲက ခ်င္းပုန္းေက်းရြာနဲ႔ ေညာင္းကိုင္းေက်းရြာကို စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းတာေတြ ျပဳလုပ္ေနပါတယ္။ ဒီအတြက္ ေဒသခံေတြလည္း ေဘးလြတ္ရာကို ထြက္ေျပး တိမ္းေရွာင္ေနရပါတယ္။ ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

စစ္ေကာင္စီနဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြနဲ႔ စစ္ေရးတင္းမာေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး ယင္းမာပင္ခ႐ိုင္ ယင္းမာပင္ၿမိဳ႕နယ္ထဲက ခ်င္းပုန္းေက်းရြာနဲ႔ ေညာင္ကိုင္းေက်းရြာတို႔ကို ေဖေဖာ္ဝါရီ ၂၆ ရက္ စေနေန႔မနက္ပိုင္းမွာ စစ္ေကာင္စီက ေလေၾကာင္းကေန ပစ္ခတ္ၿပီး နယ္ေျမရွင္းလင္းတာေတြ လုပ္ခဲ့တာပါ။

ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြ သင္တန္းဆင္းပြဲ ရွိတယ္ဆိုတဲ့ သတင္းရရွိမႈေၾကာင့္ လာေရာက္ပစ္ခတ္တာ ျဖစ္ႏိုင္တယ္လို႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္တဦးက ေျပာပါတယ္။

“ေညာင္ကိုင္း၊ ခ်င္းပုန္း၊ ေညာင္ပင္သာဆိုတာရွိတယ္။ အဲ့ရြာေတြမွာက PDF သင္တန္းဆင္းပြဲရွိတယ္လို႔ သတင္းရပုံ ရပါတယ္။ အမွန္တကယ္က PDF သင္တန္းဆင္းပြဲ မဟုတ္ပါဘူး။ ေညာင္ကိုင္းရြာမွာဆိုရင္ အသုဘပြဲ ရွိတာေပါ့ေနာ္။ အဲ့အသုဘပြဲမွာ ဒလန္ေပါ့ေနာ္။ ဒလန္က သတင္းေပးမွားၿပီးေတာ့ PDF သင္တန္းဆင္းပြဲလို႔ PDF စုေဝးေနတယ္ဆိုတဲ့ဟာကို ဒလန္က သတင္းေပးမွားၿပီးေတာ့ ရဟတ္ယာဥ္ ၄ စီးနဲ႔ လာေရာက္ပစ္ခတ္တာ ျဖစ္ပါတယ္။ ေညာင္ကိုင္းအေနာက္ရြာ၊ ေညာင္ကိုင္းအေနာက္ဘက္ရြာရဲ႕ ကပ္ရပ္ ေက်းလက္ေဆးေပးခန္းထဲမွာ အခုလက္ရွိ တပ္စြဲထားတဲ့ အေျခအေနျဖစ္တယ္။ ေသဆုံးမႈအေနအထားက ေလာေလာဆယ္ ႐ႈပ္ေထြးေနတဲ့ အေျခအေန ျဖစ္တဲ့အတြက္ေၾကာင့္ အတည္ျပဳလို႔ မရေသးဘူး။ က်ေနာ္တို႔ၾကားေနရတာက ဒဏ္ရာရ အျပစ္မဲ့ျပည္သူ အရပ္သား ျပည္သူေတြ ရွိတယ္လို႔ေတာ့ ၾကားေနရတယ္ေပါ့။”

အခုလို ေလေၾကာင္းကတိုက္ခိုက္ၿပီး နယ္ေျမရွင္းလင္းတာနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာေတာ့ မရွိေသးပါဘူး။ ေလေၾကာင္းကေန ပစ္ခံရတဲ့ ခ်င္းပုန္းနဲ႔ ေညာင္းကိုင္းေက်းရြာက ေဒသခံေတြအေနနဲ႔ အကုန္ထြက္ေျပး တိမ္းေရွာင္ေနရတယ္လို႔ ေညာင္ကိုင္းေဒသခံတဦးက အခုလိုေျပာပါတယ္။

“ပထမက ေလယာဥ္ပ်ံအႀကီးဆုံးႀကီးနဲ႔ စစ္သားေတြ လာခ်သြားတာေလ။ စစ္သားေတြ လာခ်ၿပီးေတာ့ ေနာက္လာတဲ့ ေလယာဥ္ႀကီးက PDF ေတြ ထမင္းေကၽြးတယ္ထင္ၿပီး က်ဳပ္တို႔ရြာထဲကို အတင္းလွည့္ၿပီး ထုေနတာ၊ အေပၚကေနၿပီးေတာ့ အကုန္ ခ်င္းပုန္း၊ ေညာင္ကိုင္းကေတာ့ အကုန္ထြက္ေျပးေနတာပဲ တလူမွ မက်န္ေတာ့ဘူး။”

ေလေၾကာင္းက ပစ္ခတ္ခံရတဲ့ ေညာင္ကိုင္းရြာမွာ နာေရးရွိတဲ့အတြက္ လူစုလူေဝး ျပဳလုပ္ေနခ်ိန္မွာ ပစ္ခတ္ခံရတာျဖစ္ၿပီး ခ်င္းပုန္းရြာမွာ ကာကြယ္ေရးတပ္ဖြဲ႔ေတြ သင္တန္းဆင္းပြဲ ရွိမရွိကိုေတာ့ အဆိုပါ ေဒသခံက အတည္မျပဳပါဘူး။

အခုလ ေဖေဖာ္ဝါရီလထဲကစလို႔ စစ္ေကာင္စီနဲ႔ ေဒသခံကာကြယ္ေရးတပ္ဖြဲ႔ေတြ စစ္ေရးတင္းမာေနတာျဖစ္ၿပီး စစ္ေကာင္စီကလည္း နယ္ေျမရွင္းလင္းတာေတြ ဆက္တိုက္ျပဳလုပ္ေနပါတယ္။ ေဖေဖာ္ဝါရီ ၂၁ ရက္ကလည္း ယင္းမာပင္ၿမိဳ႕နယ္ထဲက ေႏွာ႐ိုးရြာအနီးမွာ စစ္ေကာင္စီက ခန႔္အပ္ထားတဲ့ စစ္ကိုင္းတိုင္းဝန္ႀကီးခ်ဳပ္ ျမတ္ေက်ာ္ရဲ႕ ယာဥ္တန္းကို ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြက မိုင္းဆြဲတိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြ ေျပာၾကပါတယ္။ အထိအခိုက္ရွိတယ္လို႔ မၾကားရသလို ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ ဗြီအိုေအက သီးျခားအတည္ျပဳခ်က္ မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယင်းမာပင်အနီး ကျေးရွာနှစ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းကျေးရွာနဲ့ ညောင်းကိုင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ ပြုလုပ်နေပါတယ်။ ဒီအတွက် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ်ထဲက ချင်းပုန်းကျေးရွာနဲ့ ညောင်ကိုင်းကျေးရွာတို့ကို ဖေဖော်ဝါရီ ၂၆ ရက် စနေနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်ပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ခဲ့တာပါ။

ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေ သင်တန်းဆင်းပွဲ ရှိတယ်ဆိုတဲ့ သတင်းရရှိမှုကြောင့် လာရောက်ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ညောင်ကိုင်း၊ ချင်းပုန်း၊ ညောင်ပင်သာဆိုတာရှိတယ်။ အဲ့ရွာတွေမှာက PDF သင်တန်းဆင်းပွဲရှိတယ်လို့ သတင်းရပုံ ရပါတယ်။ အမှန်တကယ်က PDF သင်တန်းဆင်းပွဲ မဟုတ်ပါဘူး။ ညောင်ကိုင်းရွာမှာဆိုရင် အသုဘပွဲ ရှိတာပေါ့နော်။ အဲ့အသုဘပွဲမှာ ဒလန်ပေါ့နော်။ ဒလန်က သတင်းပေးမှားပြီးတော့ PDF သင်တန်းဆင်းပွဲလို့ PDF စုဝေးနေတယ်ဆိုတဲ့ဟာကို ဒလန်က သတင်းပေးမှားပြီးတော့ ရဟတ်ယာဉ် ၄ စီးနဲ့ လာရောက်ပစ်ခတ်တာ ဖြစ်ပါတယ်။ ညောင်ကိုင်းအနောက်ရွာ၊ ညောင်ကိုင်းအနောက်ဘက်ရွာရဲ့ ကပ်ရပ် ကျေးလက်ဆေးပေးခန်းထဲမှာ အခုလက်ရှိ တပ်စွဲထားတဲ့ အခြေအနေဖြစ်တယ်။ သေဆုံးမှုအနေအထားက လောလောဆယ် ရှုပ်ထွေးနေတဲ့ အခြေအနေ ဖြစ်တဲ့အတွက်ကြောင့် အတည်ပြုလို့ မရသေးဘူး။ ကျနော်တို့ကြားနေရတာက ဒဏ်ရာရ အပြစ်မဲ့ပြည်သူ အရပ်သား ပြည်သူတွေ ရှိတယ်လို့တော့ ကြားနေရတယ်ပေါ့။”

အခုလို လေကြောင်းကတိုက်ခိုက်ပြီး နယ်မြေရှင်းလင်းတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ လေကြောင်းကနေ ပစ်ခံရတဲ့ ချင်းပုန်းနဲ့ ညောင်းကိုင်းကျေးရွာက ဒေသခံတွေအနေနဲ့ အကုန်ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ညောင်ကိုင်းဒေသခံတဦးက အခုလိုပြောပါတယ်။

“ပထမက လေယာဉ်ပျံအကြီးဆုံးကြီးနဲ့ စစ်သားတွေ လာချသွားတာလေ။ စစ်သားတွေ လာချပြီးတော့ နောက်လာတဲ့ လေယာဉ်ကြီးက PDF တွေ ထမင်းကျွေးတယ်ထင်ပြီး ကျုပ်တို့ရွာထဲကို အတင်းလှည့်ပြီး ထုနေတာ၊ အပေါ်ကနေပြီးတော့ အကုန် ချင်းပုန်း၊ ညောင်ကိုင်းကတော့ အကုန်ထွက်ပြေးနေတာပဲ တလူမှ မကျန်တော့ဘူး။”

လေကြောင်းက ပစ်ခတ်ခံရတဲ့ ညောင်ကိုင်းရွာမှာ နာရေးရှိတဲ့အတွက် လူစုလူဝေး ပြုလုပ်နေချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ချင်းပုန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ သင်တန်းဆင်းပွဲ ရှိမရှိကိုတော့ အဆိုပါ ဒေသခံက အတည်မပြုပါဘူး။

အခုလ ဖေဖော်ဝါရီလထဲကစလို့ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတာဖြစ်ပြီး စစ်ကောင်စီကလည်း နယ်မြေရှင်းလင်းတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်ကလည်း ယင်းမာပင်မြို့နယ်ထဲက နှောရိုးရွာအနီးမှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် မြတ်ကျော်ရဲ့ ယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေ ပြောကြပါတယ်။ အထိအခိုက်ရှိတယ်လို့ မကြားရသလို ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်ပြုချက် မရခဲ့ပါဘူး။

XS
SM
MD
LG