သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းရှူးဒေသမှာ ရှမ်းမြောက်နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား


SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (Creditto SSPP/SSA North)
SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော် (Creditto SSPP/SSA North)

မြန်မာနိုင်ငံရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ မိုင်းရှူးဒေသဘက်မှာ မြန်မာတပ်မတော်နဲ့ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်မတော်ကြား နှစ်သစ်ကူးချိန်မှာ တိုက်ပွဲတွေဖြစ်နေပါတယ်။ ၂၀၁၈ခုနှစ်အစမှာပဲ ဒီလို ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်မိတဲ့အကြောင်း ဒေသခံ လွတ်တော်ကိုယ်စားလှယ်တွေကလည်းဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံရှမ်းပြည်မြောက်ပိုင်း သီပေါနဲ့ မိုင်းရူးဒေသဘက်မှာ မြန်မာတပ်မတော်နဲ့ SSPP /SSAရှမ်းပြည်မြောက်ပိုင်းတပ်မတော်ကြား နှစ်သစ်ကူးချိန်မှာ တိုက်ပွဲတွေဖြစ်နေတာပါ။ သီပေါမြို့နယ်ထဲမှာ ဒီဇင်ဘာ ၃၁ ရက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး မိုင်းရှူးမြို့ထဲမှာတော့ ဇန်နဝါရီလ ၁ရက်နေ့ မနက် ၈နာရီလောက်က စပြီး နေလည်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပါတယ်။ မိုင်းရှုးမြို့နယ် စိုင်းလျှံရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့အကြောင်းနဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် ထိခိုက်မူတွေရှိတယ်လို့ သိရကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့မိုင်းရူးပြည်သူလွတ်တော်ကိုယ်စာလှယ် စိုင်းလှအေးကပြောပြပါတယ်။

"ကျနော်တို့ကြားတာက မိုင်းရူးဘက်တောင်ပေါ် စိုင်းလျှံရွာမှာSSPP တပ်ဖွဲ့တွေနဲ့ မြန်မာတပ်မတော်တို့တိုက်ပွဲတွေဖြစ်တာ အဲဒီ နေရာမှာက ကျောက်မျက် ဧရိယာပေါ့ ကျောက်မျက်လုပ်ကွက်ဧရိယာတွေပေါ့။ စိုင်းလျှံရွာဆိုတာ အဲဒီနေရာမှာ အသေအပျောက်တော့ရှိတယ်သိရတယ်။ အတိအကျတော့ ကျနော်တို့မသိရသေးဘူးဒေသမှာ စစ်ရေးစစ်ငွေ့သန်းလာပြီဆိုတော့ ဒေသခံလူထု ကတော့စိုးရိမ်ပူပန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ခါတိုင်းလဲစစ်ရေးစစ်ငွေ့တွေသန်းလာပြီဆိုရင် ပြည်သူလူထု တည်ငြိမ်အေးချမ်းရေးနဲ့ နယ်မြေတည်ငြိမ်ရေးတွေ သူတို့ရဲလုပ်ငန်းတွေ ထိခိုက်တာပေါ့ "

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA ဌာနချုပ်ဖက်ကတော့ သီပေါမြို့နဲ့ ဒီကနေမှာတော့ မိုင်းရှူးမြို့ဘက်ကို မြန်မာတပ်မတော်ဘက်ကလာရောက်ပစ်ခတ်တယ်လို့ ဆိုပါတယ်

"ကြားတာတော့ မနေ့က သီပေါက မနေ့ကပေါ့။ ဒီနေ့တော့မိုင်းရူးပေါ့ မနက် ၈နာရီလောက်ကစပြီး အဓိကကတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တဖက်သတ်လာပစ်တာပေါ့ စစ်တပ်က လာပစ်တာပေါ့ ဗုံးသီးတွေလာပစ်ပြီးဝင်လာတာပေါ့ မိုင်းရှူးတောင်ပေါ်ဘက် ကျောက်မျက်ထွက်တဲ့နေရာပေါ့"

ဒီလို့ပစ်ခတ်မူနဲ့ ပတ်သက်လို့ မြန်မာတပ်မတော်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ အခုလို နှစ်သစ်အချိန်မှာပဲ ပစ်ခတ်မူတွေဖြစ်နေတဲ့အတွက် မြန်မာငြိမ်းချမ်းရေးအတွက်စိုးရိမ်မိတယ်လို့ မိုင်းရှူးပြည်သူ လွတ်တော်ကိုယ်စားလှယ်စိုင်းလှအေးကဆိုပါတယ်။

" ၂၀၁၈ခုနှစ် ဒီလိုနှစ်ဦးကာလမှာ ဒီလိုတိုက်ပွဲတွေပေါ်ပေါက်လာတဲ့အတွက် မြန်မာငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စိုးရိမ်မိတယ်ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်အကြီးအကဲတွေ တပ်မတော်ခေါင်းဆောင်တွေနှစ်သစ်ကူးသဝဏ်လွှာတွေထဲမှာ ငြိမ်းချမ်းရေးဆောင်ရွက်မယ်ငြိမ်းချမ်းရေးရအောင်သွားမယ် ဖယ်ဒရယ်ပြည်ထောင်စုကိုသွားမယ် ဆိုပြီး မြေပြင်အောက်ခြေမှာ ဒီလိုအဖြစ်အပျက်တွေဖြစ်တယ်ဆိုတာ ကျနော်တို့အနေနဲ့ များစွာ စိုးရိမ်ပူပန်မူတွေကိုဖြစ်ပေါ်စေတာပေါ့"

ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP / SSA တပ်နဲ့ အရင်မြန်မာအစိုးရတို့ကြားမှာ ၁၉၈၉ ခုနှစ်လောက်က အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ပေမယ့် လက်ရှိ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ် NCA မှာတော့ ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။ ၂၀၁၇ခုနှစ်ထဲမှာတော့ ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP / SSA ထိမ်းချုပ်ရာနေရာတွေမှာ ၂၀၁၇ ခုနှစ်အတွင်း ခုလို တိုက်ပွဲတွေကတော့ မကြာခနဖြစ်ပေါ်ခဲ့ပါတယ်။ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်ထဲက မူဆယ် ၁၀၅ မိုင်အနီးကျေးရွာတခုမှာ လက်နက်ကြီးပေါက်ကွဲခဲ့ပြီးနောက်ပိုင်းကစလို့ ကွတ်ခိုင်မြို့နယ်နဲ့ နမ့်ဖက်ကာမြို့တွေနားမှာလည်း တပ်မတော်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG