သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္မွာ ဘဂၤလားေဒ့ရွ္ တပ္အင္အားတုိးခ်


မွတ္တမ္းဓါတ္ပံု- ၂၀၁၂ ဇြန္လတုန္းက ျမန္မာ-ဘဂၤလားေဒ့ရွ္နယ္စပ္ရွိ ဘဂၤလားေဒ့ရွ္ တပ္ဖြဲ႔၀င္မ်ား

(Zawgyi/Unicode)

ဘဂၤလားေဒ့ရွ္ႏုိင္ငံက ျမန္မာနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ Cox’s Bazar ေဒသမွာ တပ္ဖဲြ႔အင္အားေတြကို တုိးခ်ဲ႕ ခ်ထား လိုက္ပါတယ္။ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစၿပီး ၂ ႏုိင္ငံနယ္စပ္မွာ ဘဂၤလားေဒ့ဘက္က တပ္ဖဲြ႔၀င္အင္အားနဲ႔ စစ္လက္နက္အင္အားေတြကို သိသိသာသာ တုိးခ်ဲ႕ ခ်ထားလာေနတာ ျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ ျမန္မာလုံၿခဳံေရးသတင္းရင္းျမစ္က ေျပာတယ္လို႔ AsiaNews သတင္းစာမ်က္ႏွာက ေဖာ္ျပထားပါတယ္။

အဲဒီလက္နက္ေတြထဲမွာ ၁၅၅ မမ ဒုံးက်ည္ေလာင္ခ်၊ ေလယာဥ္ပစ္ဒုံးက်ည္ေလာင္ခ်ာ နဲ႔ ေလယာဥ္ပစ္စက္ ေသနတ္ေတြ ပါ၀င္တယ္လို႔ဆုိပါတယ္။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ AA ရခုိင္လက္နက္ကုိင္အဖဲြ႔ နဲ႔ ARSA အၾကမ္းဖက္အဖဲြ႔ေတြရဲ႕ လႈပ္ရွားမႈေတြ တုိးလာတာေၾကာင့္ဆုိၿပီး ျမန္မာစစ္တပ္က မၾကာေသးခင္က ၂ ႏုိင္ငံ နယ္စပ္မွာ တပ္ေတြကို တိုးခ်ဲ႕ခ်ထားတာျဖစ္ၿပီး၊ ျမန္မာစစ္တပ္ေျပာခြင့္ရ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အခုလို ျမန္မာဘက္ကတပ္ေတြခ်ထားတာဟာ ၂ ႏုိင္ငံဆက္ဆံေရးကို ထိခုိက္မႈမရွိေစဘဲ နယ္စပ္လုံၿခဳံေရးကို ထိန္းသိမ္းႏုိင္ဖို႔အတြက္လုပ္တာသာျဖစ္ေၾကာင္း ၊ တပ္ဖဲြ႔၀င္အင္အား ထပ္တုိးတာမဟုတ္သလို၊ ေျမျပင္စစ္ေဆးေရးလုပ္ဖို႔လည္း မရွိဘူးလို႔ ေျပာပါတယ္။

ဒါေပမဲ့ ျမန္မာလုံၿခဳံေရးတပ္ေတြက ေျမျပင္ေရာ ပင္လယ္ထဲမွာ ပါလႈပ္ရွားမႈေတြ လုပ္လာေနတဲ့အေပၚမွာ စိုးရိမ္မႈေတြရွိေနသလို အဲဒီကေန ႐ုိဟင္ဂ်ာမြတ္စလင္ေတြထပ္ၿပီးေတာ့ ထြက္ေျပးလာမွာကိုလည္း စိုးရိမ္ေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္က မၾကာေသးခင္ကပဲ တရား၀င္ကန္႔ကြက္ခဲ့ပါတယ္။ ျမန္မာဘက္ကလည္း ဒါကိုတုံ႔ျပန္တဲ့အေနနဲ႔ ျမန္မာႏုိင္ငံဆုိင္ရာ ဘဂၤလားေဒ့ရွွ္သံအမတ္ႀကီးကို ဆင့္ေခၚၿပီး၊ ရခုိင္ျပည္နယ္မွာလုပ္ေနတာေတြဟာ ပုံမွန္လုပ္ေနက် လုံၿခဳံေရးကိစၥရပ္ေတြျဖစ္ၿပီး၊ ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ၿခိမ္းေျခာက္ဖို႔အတြက္ ရည္ရြယ္တာ မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔ကေတာ့ ဘဂၤလားေဒ့ရွ္၀န္ႀကီးခ်ဳပ္က ၂ ႏုိင္ငံၾကားက ဒုကၡသည္ကိစၥကို ေျဖရွင္းႏုိင္ဖို႔အတြက္ ႏုိင္ငံတကာအသိုင္းအ၀ုိင္းအေနနဲ႔ ပိုၿပီးထိေရာက္တဲ့ အခန္းက႑ကေန ပါ၀င္ဖို႔တိုက္တြန္းလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.........

မြန်မာနယ်စပ်မှာ ဘင်္ဂလားဒေ့ရှ် တပ်အင်အားတိုးချ

(Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ Cox’s Bazar ဒေသမှာ တပ်ဖွဲ့အင်အားတွေကို တိုးချဲ့ ချထား လိုက်ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ၂ နိုင်ငံနယ်စပ်မှာ ဘင်္ဂလားဒေ့ဘက်က တပ်ဖွဲ့ဝင်အင်အားနဲ့ စစ်လက်နက်အင်အားတွေကို သိသိသာသာ တိုးချဲ့ ချထားလာနေတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ မြန်မာလုံခြုံရေးသတင်းရင်းမြစ်က ပြောတယ်လို့ AsiaNews သတင်းစာမျက်နှာက ဖော်ပြထားပါတယ်။

အဲဒီလက်နက်တွေထဲမှာ ၁၅၅ မမ ဒုံးကျည်လောင်ချ၊ လေယာဉ်ပစ်ဒုံးကျည်လောင်ချာ နဲ့ လေယာဉ်ပစ်စက် သေနတ်တွေ ပါဝင်တယ်လို့ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ နဲ့ ARSA အကြမ်းဖက်အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ တိုးလာတာကြောင့်ဆိုပြီး မြန်မာစစ်တပ်က မကြာသေးခင်က ၂ နိုင်ငံ နယ်စပ်မှာ တပ်တွေကို တိုးချဲ့ချထားတာဖြစ်ပြီး၊ မြန်မာစစ်တပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အခုလို မြန်မာဘက်ကတပ်တွေချထားတာဟာ ၂ နိုင်ငံဆက်ဆံရေးကို ထိခိုက်မှုမရှိစေဘဲ နယ်စပ်လုံခြုံရေးကို ထိန်းသိမ်းနိုင်ဖို့အတွက်လုပ်တာသာဖြစ်ကြောင်း ၊ တပ်ဖွဲ့ဝင်အင်အား ထပ်တိုးတာမဟုတ်သလို၊ မြေပြင်စစ်ဆေးရေးလုပ်ဖို့လည်း မရှိဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ မြန်မာလုံခြုံရေးတပ်တွေက မြေပြင်ရော ပင်လယ်ထဲမှာ ပါလှုပ်ရှားမှုတွေ လုပ်လာနေတဲ့အပေါ်မှာ စိုးရိမ်မှုတွေရှိနေသလို အဲဒီကနေ ရိုဟင်ဂျာမွတ်စလင်တွေထပ်ပြီးတော့ ထွက်ပြေးလာမှာကိုလည်း စိုးရိမ်နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်က မကြာသေးခင်ကပဲ တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ မြန်မာဘက်ကလည်း ဒါကိုတုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကို ဆင့်ခေါ်ပြီး၊ ရခိုင်ပြည်နယ်မှာလုပ်နေတာတွေဟာ ပုံမှန်လုပ်နေကျ လုံခြုံရေးကိစ္စရပ်တွေဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြိမ်းခြောက်ဖို့အတွက် ရည်ရွယ်တာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က ၂ နိုင်ငံကြားက ဒုက္ခသည်ကိစ္စကို ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုပြီးထိရောက်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့တိုက်တွန်းလိုက်ပါတယ်။

XS
SM
MD
LG