(Zawgyi / Unicode)
ျမန္မာက်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအေနနဲ႔ ၿဗိတိန္မွာ ကူးစက္ျမန္ ကုိ႐ုိနာဗီဇေျပာင္းပိုးသစ္ ေတြ႔အၿပီး ၿဗိတိန္နဲ႔ အိမ္နီးခ်င္း အိုင္ယာလန္ကလာမယ့္ ခရီးသည္ေတြကို ပိတ္ပင္လိုက္ပါၿပီ။
ျမန္မာႏိုင္ငံထဲ ဒီဗီဇေျပာင္းမ်ိဳးကြဲသစ္ အခုလို ခရီးသြားေတြကတဆင့္ ကူးစက္လာမွာကို ထိန္းခ်ဳပ္ကန္႔သတ္ႏုိင္ဖို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ လုပ္ရတာပါလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန အင္တာနက္ Facebook စာမ်က္ႏွာမွာ မေန႔က ေဖာ္ျပလိုက္ပါတယ္။
ဒီဇင္ဘာ ၃၁ ရက္ေန႔စြဲနဲ႔ ထုတ္ျပန္တဲ့ ဒီ ဝန္ႀကီးဌာနရဲ႕ ခရီးသည္ပိတ္ပင္မႈထဲမွာ ၿဗိတိန္အျပင္ အိုင္ယာလန္မွာလည္း ဒီ ကို႐ုိနာဗိုင္းရပ္မ်ိဳးကြဲသစ္ကို စေတြ႔ေၾကာင္း WHO ကမာၻ႔က်န္းမာေရးအဖြဲ႔က ဒီဇင္ဘာ ၂၁ ရက္ကတည္းက သတိေပး ထုတ္ျပန္ခဲ့တာကို ကိုးကားေဖာ္ျပထားပါတယ္။
ဒီပိတ္ပင္မႈအရ ၿဗိတိန္နဲ႔ အိုင္ယာလန္ႏိုင္ငံမွာ ေနထိုင္သူေတြအျပင္ လြန္ခဲ့တဲ့ ၁၄ ရက္အတြင္း ဒီႏိုင္ငံေတြကို ဝင္ခဲ့တဲ့ ခရီးသည္အားလံုး အက်ဳံးဝင္ေၾကာင္း ရွင္းျပထားပါတယ္။ ဒီယာယီပိတ္ပင္မႈဟာ ဒီဇင္ဘာ ၃၁ ရက္ သန္းေခါင္ယံအခ်ိန္ကစၿပီး အသက္ဝင္မွာလို႔လည္း ဆက္ရွင္းျပထားပါတယ္။
ဒါ့အျပင္ ဒီဗီဇေျပာင္းမ်ိဳးကြဲသစ္ ကမာၻမွာ ကူးစက္ေနမႈ အေျခအေနေတြကို ဆက္လက္ေစာင့္ၾကည့္ ေလ့လာေနၿပီး လိုအပ္တဲ့ ထုတ္ျပန္ခ်က္ေတြ ဆက္ထုတ္ျပန္ေပးသြားမယ္လို႔ ဆိုပါတယ္။
ခုလိုအခ်ိန္မွာ ျမန္မာႏုိင္ငံထဲ မေန႔က ကိုဗစ္ပိုးကူးစက္သူသစ္ ၅၇၄ ေယာက္ထပ္တိုးၿပီး ေသဆုံးသူ ၁၄ ေယာက္ထပ္တိုးတာေၾကာင့္ စုစုေပါင္းပိုးေတြ႔သူ ၁၂၅,၆၀၀ ေက်ာ္လာၿပီး ေသဆံုးသူေပါင္းကလည္း ၂,၇၀၀ ေက်ာ္လာၿပီလို႔ ဒီဝန္ႀကီးဌာနက မေန႔ည ၈ နာရီမွာ ထုတ္ျပန္ထားပါတယ္။
မေန႔က ဓာတ္ခြဲနမူနာေပါင္း ၁၅,၉၇၂ ခုကို စစ္ေဆးခဲ့တဲ့အထဲ အခုလို ေနာက္ထပ္ ကူးစက္သူေတြ႔ခဲ့ၿပီး ဒီေန႔အထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၁,၈၅၀,၀၀၀ နီးပါး ရွိသြားၿပီျဖစ္ပါတယ္။
ဒီရက္ပိုင္းေတြအတြင္း ပိုးကူးတဲ့ႏႈန္း တျဖည္းျဖည္းေလ်ာ့က်လာၿပီး စုစုေပါင္း ပ်မ္းမွ်ပိုးေတြ႔ႏႈန္း ၃.၅၉ ရာခုိင္ႏႈန္းအထိ က်လာကာ ျပန္ေကာင္းႏႈန္းကလည္း ၈၆.၅ ရာခုိင္ႏႈန္းအထိ တက္လာေပမယ့္ ေသဆုံးႏႈန္းကေတာ့ သိသိသာသာ မက်ေသးဘဲ မေန႔က ပိုးေတြ႔သူရဲ႕ ၂.၄ ရာခုိင္ႏႈန္းမွာ ရွိေနခဲ့ပါတယ္။
---------------------
(Unicode)
ဗြိတိန်နဲ့ အိုင်ယာလန်ခရီးသည်တွေ မြန်မာပြည်ဝင်ခွင့်ပိတ်
မြန်မာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ ဗြိတိန်မှာ ကူးစက်မြန် ကိုရိုနာဗီဇပြောင်းပိုးသစ် တွေ့အပြီး ဗြိတိန်နဲ့ အိမ်နီးချင်း အိုင်ယာလန်ကလာမယ့် ခရီးသည်တွေကို ပိတ်ပင်လိုက်ပါပြီ။
မြန်မာနိုင်ငံထဲ ဒီဗီဇပြောင်းမျိုးကွဲသစ် အခုလို ခရီးသွားတွေကတဆင့် ကူးစက်လာမှာကို ထိန်းချုပ်ကန့်သတ်နိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ရတာပါလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အင်တာနက် Facebook စာမျက်နှာမှာ မနေ့က ဖော်ပြလိုက်ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ဒီ ဝန်ကြီးဌာနရဲ့ ခရီးသည်ပိတ်ပင်မှုထဲမှာ ဗြိတိန်အပြင် အိုင်ယာလန်မှာလည်း ဒီ ကိုရိုနာဗိုင်းရပ်မျိုးကွဲသစ်ကို စတွေ့ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၂၁ ရက်ကတည်းက သတိပေး ထုတ်ပြန်ခဲ့တာကို ကိုးကားဖော်ပြထားပါတယ်။
ဒီပိတ်ပင်မှုအရ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံမှာ နေထိုင်သူတွေအပြင် လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ဒီနိုင်ငံတွေကို ဝင်ခဲ့တဲ့ ခရီးသည်အားလုံး အကျုံးဝင်ကြောင်း ရှင်းပြထားပါတယ်။ ဒီယာယီပိတ်ပင်မှုဟာ ဒီဇင်ဘာ ၃၁ ရက် သန်းခေါင်ယံအချိန်ကစပြီး အသက်ဝင်မှာလို့လည်း ဆက်ရှင်းပြထားပါတယ်။
ဒါ့အပြင် ဒီဗီဇပြောင်းမျိုးကွဲသစ် ကမ္ဘာမှာ ကူးစက်နေမှု အခြေအနေတွေကို ဆက်လက်စောင့်ကြည့် လေ့လာနေပြီး လိုအပ်တဲ့ ထုတ်ပြန်ချက်တွေ ဆက်ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
ခုလိုအချိန်မှာ မြန်မာနိုင်ငံထဲ မနေ့က ကိုဗစ်ပိုးကူးစက်သူသစ် ၅၇၄ ယောက်ထပ်တိုးပြီး သေဆုံးသူ ၁၄ ယောက်ထပ်တိုးတာကြောင့် စုစုပေါင်းပိုးတွေ့သူ ၁၂၅,၆၀၀ ကျော်လာပြီး သေဆုံးသူပေါင်းကလည်း ၂,၇၀၀ ကျော်လာပြီလို့ ဒီဝန်ကြီးဌာနက မနေ့ည ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။
မနေ့က ဓာတ်ခွဲနမူနာပေါင်း ၁၅,၉၇၂ ခုကို စစ်ဆေးခဲ့တဲ့အထဲ အခုလို နောက်ထပ် ကူးစက်သူတွေ့ခဲ့ပြီး ဒီနေ့အထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၁,၈၅၀,၀၀၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်း ပိုးကူးတဲ့နှုန်း တဖြည်းဖြည်းလျော့ကျလာပြီး စုစုပေါင်း ပျမ်းမျှပိုးတွေ့နှုန်း ၃.၅၉ ရာခိုင်နှုန်းအထိ ကျလာကာ ပြန်ကောင်းနှုန်းကလည်း ၈၆.၅ ရာခိုင်နှုန်းအထိ တက်လာပေမယ့် သေဆုံးနှုန်းကတော့ သိသိသာသာ မကျသေးဘဲ မနေ့က ပိုးတွေ့သူရဲ့ ၂.၄ ရာခိုင်နှုန်းမှာ ရှိနေခဲ့ပါတယ်။