သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏုိင္ငံ ဖူးခက္မွာ ျမန္မာကေလးငယ္ ၂ ဦး ကိုဗစ္ပိုး စစ္ေဆးေတြ႔ရွိ


ကမၻာလွည့္ခရီးသြားေတြ လာေရာက္ဖို႔ ဖိတ္ေခၚၿပီးေနာက္ ဖူးခက္ေလဆိပ္မွာ ေတြ႔ရတဲ့ လာေရာက္လည္ပတ္သူမ်ား။

(Zawgyi / Unicode)

ထိုင္းႏုိင္ငံမွာ ကုိဗစ္ကူးစက္မႈ ေန႔စဥ္ ေထာင္ခ်ီတိုးေနတဲ့ အခ်ိန္မွာပဲ ကမၻာလွည့္ခရီးသြားေတြကို အထူးအစီအစဥ္နဲ႔ ဇူလိုင္လ ၁ ရက္ကစၿပီး အလည္လာဖို႔ ဖိတ္ေခၚခ့ဲပါတယ္။ ဒီအစီအစဥ္အရ ထုိင္းေတာင္ပိုင္း ဖူခက္ကမ္းေျခကို အလည္ေရာက္လာတဲ့ ျမန္မာႏုိင္ငံသား မိသားစု ၂ စုမွာပါတဲ့ ကေလးငယ္ ၂ ဦးမွာ ကုိဗစ္ကူးစက္မႈေတြ စစ္ေဆးေတြ႔ရွိရတာေၾကာင့္ အေရးေပၚ ေဆး႐ုံတင္ ကုသမႈ ေပးေနပါတယ္။ အျပည့္အစုံကုိ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ ကမၻာလွည့္ခရီးသြားေတြကို ဖိတ္ေခၚခဲ့တဲ့ အထူးအစီအစဥ္ကို ဇူလိုင္လ ၁ ရက္ေန႔မွာ စတင္ခဲ့တာပါ။ အထူးအစီအစဥ္အရ ထိုင္းေတာင္ပုိင္း ဖူးခက္ကမ္းေျခကို အလည္ေရာက္ရွိလာတဲ့ ျမန္မာမိသားစုထဲက အသက္ ၈ ႏွစ္နဲ႔ ၉ ႏွစ္အရြယ္ ျမန္မာႏုိင္ငံသား ကေလးငယ္ႏွစ္ဦးမွာ ကိုဗစ္ကပ္ေရာဂါပိုး ေတြ႔ရွိခဲ့လို႔ အေရးေပၚ ေဆး႐ုံတင္ခဲ့ရပါတယ္။ မိသားစုဝင္ေတြကိုေတာ့ ေစာင့္ၾကည့္ေရးစင္တာမွာ ထားၿပီး စစ္ေဆး ေစာင့္ၾကည့္ေနရတဲ့အေၾကာင္း ဖူးခက္ျပည္နယ္ ကပ္ေရာဂါထိန္းခ်ဳပ္ေရး ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ ဖို႔စပ္ ကစ္တီကြန္က ဇူလိုင္လ ၁၀ ရက္ေန႔မွာ ထုိင္းသတင္းေထာက္ေတြကို အတည္ျပဳ ေျပာခဲ့ပါတယ္။

ထုိင္းေတာင္ပုိင္းအေျခစုိက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရးရာ တာဝန္ခံ ဦးမင္းဦးကေတာ့ အခုလိုေျပာျပပါတယ္။

“သူတို႔ဟာ က်န္ခဲ့တဲ့အပတ္ကတည္းက ေရာက္ေနတယ္။ အခုက ေဆးစစ္တာ ဒုတိယအႀကိမ္မွာ ေတြ႔တာ။ အေျဖက ေပါ့စတစ္ျဖစ္ေနတာေပါ့။ အသက္ကေတာ့ ၈ ႏွစ္နဲ႔ ၉ ႏွစ္ကေလးေတြေပါ့။ သူတို႔က ျမန္မာျပည္ကလာတဲ့ ခရီးသည္ေတြ ျဖစ္ေနတယ္။ ျမန္မာႏုိင္ငံသားေတြေပါ့။ မိသားစုနဲ႔ အတူလာတာ၊ မိသားစု ၂ စုထဲကေပါ့၊ မိသားစု ၂ စုထဲက ကေလး ၂ ေယာက္ျဖစ္တာ။”

ထိုင္းႏုိင္ငံမွာ ကိုဗစ္ကပ္ပုိး ကူးစက္တဲ့ လူနာေတြ စံခ်ိန္တင္ ျမင့္တက္လာေနတဲ့ ၾကားကပဲ ကမၻာလွည့္ခရီးသြားေတြ ဖိတ္ေခၚခဲ့တာေၾကာင့္ ဖူးခက္ျပည္နယ္ က်န္းမာေရးအဖြဲ႔ကေတာ့ အခုလို ႏုိင္ငံျခားခရီးသြားေတြမွာ ေရာဂါပိုးေတြ႔တာနဲ႔ ပတ္သက္ၿပီး ျပည္သူေတြအေနနဲ႔ မစိုးရိမ္ၾကဖို႔ ျပည္နယ္က်န္းမာေရးအဖဲြ႔က အေျခအေနေတြကို ထိန္းခ်ဳပ္ႏုိင္ပါတယ္လို႔ ေျပာဆုိသြားပါတယ္။

ကမၻာလွည့္ခရီးသြားေတြ လာေရာက္လည္ပတ္ဖို႔ ဇူလိုင္လ ၁ ရက္ေန႔မွာ ဖူးခက္ကို ထုိင္းဝန္ႀကီးခ်ဳပ္ကိုယ္တုိင္ လာေရာက္ဖြင့္လွစ္ေပးခဲ့တာ ျဖစ္ပါတယ္။

ခရီးသြားေတြအတြက္ အထူးအစီအစဥ္နဲ႔ လာလည္ဖို႔ ဖိတ္ေခၚထားခ်ိန္မွာ ႏုိင္ငံျခားသား ခရီးသြားေတြမွာ ကိုဗစ္ပိုး ေတြ႔ခဲ့ရတာလို႔လည္း ဦးမင္းဦးက ဆုိပါတယ္။

“စပါယ္ရွယ္ေပါ့ အစီအစဥ္အေနနဲ႔ ခရီးသြားလုပ္ငန္းကို ထုိင္းက ျပန္လုပ္တာ။ အခု ခရီးသြားေတြ အလာမ်ားတဲ့ နာမည္ႀကီးတဲ့ေနရာေတြမွာ the Sandbox ေတြကို လုပ္တယ္။ ဖူးခက္ရွိတယ္၊ ေကာ့စေမြ၊ ေကာ့ဖငံ၊ ေကာ့ေတာင္တို႔မွာ အဲဒီမွာ ပ႐ုိမိုးရွင္းနဲ႔ အစီအစဥ္ေတြလုပ္ၿပီး လုပ္ၾကတာ။”

ထိုင္းႏုိင္ငံမွာ ကုိဗစ္အတည္ျပဳလူနာ ၃၃၆,၀၀၀ ေက်ာ္ရွိၿပီး ဇူလိုင္လ ၁၁ ရက္ေန႔မွာေတာ့ ကူးစက္သူ လူနာအသစ္ ၉,၅၀၀ ေက်ာ္ရွိပါတယ္။ ေသဆံုးသူကလည္း ၂,၇၀၀ ေက်ာ္ရွိေၾကာင္း ထုိင္းက်န္းမာေရးဌာနက အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ထိုင်းနိုင်ငံ ဖူးခက်မှာ မြန်မာကလေးငယ် ၂ ဦး ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်မှု နေ့စဉ် ထောင်ချီတိုးနေတဲ့ အချိန်မှာပဲ ကမ္ဘာလှည့်ခရီးသွားတွေကို အထူးအစီအစဉ်နဲ့ ဇူလိုင်လ ၁ ရက်ကစပြီး အလည်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီအစီအစဉ်အရ ထိုင်းတောင်ပိုင်း ဖူခက်ကမ်းခြေကို အလည်ရောက်လာတဲ့ မြန်မာနိုင်ငံသား မိသားစု ၂ စုမှာပါတဲ့ ကလေးငယ် ၂ ဦးမှာ ကိုဗစ်ကူးစက်မှုတွေ စစ်ဆေးတွေ့ရှိရတာကြောင့် အရေးပေါ် ဆေးရုံတင် ကုသမှု ပေးနေပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဖိတ်ခေါ်ခဲ့တဲ့ အထူးအစီအစဉ်ကို ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ခဲ့တာပါ။ အထူးအစီအစဉ်အရ ထိုင်းတောင်ပိုင်း ဖူးခက်ကမ်းခြေကို အလည်ရောက်ရှိလာတဲ့ မြန်မာမိသားစုထဲက အသက် ၈ နှစ်နဲ့ ၉ နှစ်အရွယ် မြန်မာနိုင်ငံသား ကလေးငယ်နှစ်ဦးမှာ ကိုဗစ်ကပ်ရောဂါပိုး တွေ့ရှိခဲ့လို့ အရေးပေါ် ဆေးရုံတင်ခဲ့ရပါတယ်။ မိသားစုဝင်တွေကိုတော့ စောင့်ကြည့်ရေးစင်တာမှာ ထားပြီး စစ်ဆေး စောင့်ကြည့်နေရတဲ့အကြောင်း ဖူးခက်ပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖို့စပ် ကစ်တီကွန်က ဇူလိုင်လ ၁၀ ရက်နေ့မှာ ထိုင်းသတင်းထောက်တွေကို အတည်ပြု ပြောခဲ့ပါတယ်။

ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာ တာဝန်ခံ ဦးမင်းဦးကတော့ အခုလိုပြောပြပါတယ်။

“သူတို့ဟာ ကျန်ခဲ့တဲ့အပတ်ကတည်းက ရောက်နေတယ်။ အခုက ဆေးစစ်တာ ဒုတိယအကြိမ်မှာ တွေ့တာ။ အဖြေက ပေါ့စတစ်ဖြစ်နေတာပေါ့။ အသက်ကတော့ ၈ နှစ်နဲ့ ၉ နှစ်ကလေးတွေပေါ့။ သူတို့က မြန်မာပြည်ကလာတဲ့ ခရီးသည်တွေ ဖြစ်နေတယ်။ မြန်မာနိုင်ငံသားတွေပေါ့။ မိသားစုနဲ့ အတူလာတာ၊ မိသားစု ၂ စုထဲကပေါ့၊ မိသားစု ၂ စုထဲက ကလေး ၂ ယောက်ဖြစ်တာ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ပိုး ကူးစက်တဲ့ လူနာတွေ စံချိန်တင် မြင့်တက်လာနေတဲ့ ကြားကပဲ ကမ္ဘာလှည့်ခရီးသွားတွေ ဖိတ်ခေါ်ခဲ့တာကြောင့် ဖူးခက်ပြည်နယ် ကျန်းမာရေးအဖွဲ့ကတော့ အခုလို နိုင်ငံခြားခရီးသွားတွေမှာ ရောဂါပိုးတွေ့တာနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့ ပြည်နယ်ကျန်းမာရေးအဖွဲ့က အခြေအနေတွေကို ထိန်းချုပ်နိုင်ပါတယ်လို့ ပြောဆိုသွားပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ ဇူလိုင်လ ၁ ရက်နေ့မှာ ဖူးခက်ကို ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ခရီးသွားတွေအတွက် အထူးအစီအစဉ်နဲ့ လာလည်ဖို့ ဖိတ်ခေါ်ထားချိန်မှာ နိုင်ငံခြားသား ခရီးသွားတွေမှာ ကိုဗစ်ပိုး တွေ့ခဲ့ရတာလို့လည်း ဦးမင်းဦးက ဆိုပါတယ်။

“စပါယ်ရှယ်ပေါ့ အစီအစဉ်အနေနဲ့ ခရီးသွားလုပ်ငန်းကို ထိုင်းက ပြန်လုပ်တာ။ အခု ခရီးသွားတွေ အလာများတဲ့ နာမည်ကြီးတဲ့နေရာတွေမှာ the Sandbox တွေကို လုပ်တယ်။ ဖူးခက်ရှိတယ်၊ ကော့စမွေ၊ ကော့ဖငံ၊ ကော့တောင်တို့မှာ အဲဒီမှာ ပရိုမိုးရှင်းနဲ့ အစီအစဉ်တွေလုပ်ပြီး လုပ်ကြတာ။”

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၃၃၆,၀၀၀ ကျော်ရှိပြီး ဇူလိုင်လ ၁၁ ရက်နေ့မှာတော့ ကူးစက်သူ လူနာအသစ် ၉,၅၀၀ ကျော်ရှိပါတယ်။ သေဆုံးသူကလည်း ၂,၇၀၀ ကျော်ရှိကြောင်း ထိုင်းကျန်းမာရေးဌာနက အတည်ပြု ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG