သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်းမြေယာအရေးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆားလင်းကြီးဒေသခံတွေ တောင်းဆို


ဆားလင်းကြီးဒေသခံတွေ
ဆားလင်းကြီးဒေသခံတွေ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ထဲမှာ မြန်မာစီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ မြန်မာယန်စီကုမ္ပဏီနဲ့ ပူးပေါင်းပြီး ကြေးနီတူးဖော်ရေးလုပ်နေတဲ့ စံပယ်တောင်၊ကြေးစင်တောင်ကြေးနီစီမံကိန်း ကနေ သိမ်းဆည်းထားတဲ့ မြေယာကို နစ်နာကြေးကိစ္စတွေ ဖြေရှင်းပေးရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမူတွေထိန်းသိမ်းပေးရေး စတဲ့အချက် ၄ချက်ကို တောင်းဆိုပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ရုံရှေ့မှာ ဒေသခံတွေက တောင်းဆိုခဲ့ပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

လက်ပံတောင်းတောင် ဒေသထက်စောပြီး ကြေးနီးစီမံကိန်းစတင်လည်ပတ်နေတဲ့ စံပယ်တောင် ကြေးစင်တောင် စီမံကိန်းဟာ လက်ပံတောင်းဒေသအတွက် နမူနာတွေဖြစ်စေခဲ့တာပါ။ ၂၀၁၂ခုနှစ်လောက်ကစပြီး လက်ပံတောင်းအရေး ဆန္ဒပြမူတွေဖြစ်လာပြီးတဲ့နောက်မှာတော့ တောင်ကတုံးတွေနဲ့ ရေပြတ်လတ်မူ သဘာဝပတ်ဝန်ကျင်ထိခိုက်မူတွေဖြစ်လာရတဲ့ စံပယ်တောင်ကြေးစင်တောင် စီမံကိန်းဟာ သဘာဝပတ်ဝန်ကျင်းဆုံးရှုံးမူတွေရဲ့ပြယုဂ်အဖြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး သမားတွေရဲ့ ဝေဖန်မူတွေခံခဲ့ရပါတယ်။ အဲဒီ ဒေသမှာတော့ အက်ဆစ် စက်ရုံတွေရဲ့ အနံအသက်တွေကြောင့် ဒေသခံတွေရဲ့ဆန္ဒပြမူတွေ အကြိမ်ကြိမ်ဖြစ်လာခဲ့ပါတယ်။ ဧပြီလ ၂၆ ရက်နေ့ကတော့ တိုင်းအစိုးရရုံးအထိ သွားရောက်ပြီး သူတို့မြေယာနစ်နာကြေးကိစ္စတွေ အပါအဝင်အချက်အလက် ၄ချက်ကိုသွားရောက်တောင်းဆိုခဲ့တယ်လို့ကံကုန်းရွာက ဦတင့်အောင်စိုးက အခုလိုပြောပြပါတယ်။

“စံပယ်ကြေးစင်တောင်ကနေ ကျနေ်ာတို့ တိုင်းအစိုးရရုံးရှေ့ကို မြေယာနဲ့ ပတ်သက်ပြီးတော့ မြေယာလျော်ကြေးအပါအဝင် အချက်အလက်တွေကို ဖြေရှင်းပေးဖို့ဆိုပြီးတော့ ကျနော်တို့ တိုင်းအစိုးရရုံးရှေ့မှာ တောင်းဆိုတာခင်ဗျ။ အချက် ၄ ခက်ကတော့ ပထမအချက်မှာ မြေယာလျော်ကြေး ၊ ဒုတိယက ဒေသခံတွေ ဒေသအလုပ်သမားတွေကို permit ချပေးရေး၊ နောက်အမြဲတမ်း ဝန်ထမ်းချပေးဖို့ခင်ဗျ။ နေ့စားခေါ်တာက ၁ နေ့ကို ၃၈၀၀ နဲ့ ၄၀၀၀ ဝန်းကျင်လောက်ပဲရှိတယ် အဲဒါက ဆင်းတဲ့ရက်ရမယ်၊ မဆင်းတဲ့ရက်ဆိုရင်တော့ မရဘူးခင်ဗျ။ သူက နေ့စားလာပေးဆိုတဲ့ ပုံစံမျိုးနဲ့ ခန့်ထားတာခင်ဗျ အဲဒါကိုမှ ကျနော်တို့က ပါမစ်ဆိုပြီးတော့ အမြဲတမ်းဝန်ထမ်းအဖြစ်ခန့်ထားပေးဖို့အဲဒါတောင်းဆိုတာ၊ တတိယကတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ပြန်လည်ကုစားရေးပါတယ်။ အဓိက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ဆိုတာက သူတို့ ဒီမှာ အက်ဆစ် ဖျန်းတာက ဖျန်းတဲ့ နည်းကို မသုံးပဲနဲ့ ၊ အစက်ချတဲ့ နည်းကို သုံးပေးဖို့ဆိုတာ ကျနော်တို့အရင်က ဦးသိန်းစိန်အစိုးရလက်ထက်ကနေပြီးတော့ ပြောနေတာတွေရှိတယ်ခင်ဗျ၊ ဒေသဖွံ့ဖြိုးရေးအနေနဲ့ ၂ ရာခိုင်နှုန်းရရှိရေးပေါ့ ။ နောက်တခုက ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ သောက်သုံးရေပျက်စီးနေတယ်။ အဲဒါ လက်ရှိဒီဒေသက အခုအချိန်အထိ ရေကောင်းရေသန့်မသောက်ရတော့ဘူးခင်ဗျ။ အဲဒါမျိုးတွေတို့ နောက်ပြီးခဲ့တဲ့ ၂၀၁၅ တုန်းကလည်း ဒီကြေးနီစီမံကိန်းက ရေဆိုးလွှတ်တာကြောင့် ငါးတွေသေတာရှိတယ်ခင်ဗျာ။ အဲဒါမျိုးတွေကို မဖြစ်အောင် ဒါတွေကို ထိန်းသိမ်းကာကွယ်ဖို့ ဖြစ်ပြီးသားတွေလည်း ပြန်လည်ကုစားပေးဖို့ အဲဒါမျိုးကို ကျနော်တို့ ပြောတာခင်ဗျ။”

ဒေသခံတွေဆန္ဒပြမူတွေရှိနေတဲ့အတွက် တိုင်းအစိုးရအဖွဲ့က လယ်ဆည်ဝန်ကြီး ဦးကံဇာမုံ့၊ စည်ပင်ဝန်ကြီးဦးမြင့်ကြည် တို့ရောက်ရှိလာပြီး ဒေသခံတွေ တောင်းဆိုထား တဲ့ မြေယာလျော်ကြေးအပါဝင် အချက်(၄)ချက်ကို ပြည်ထောင်စုအစိုးရအဖွဲ့နှင့်ချိတ်ဆက်ပြီး အမြန်ဆုံး ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းအစိုးရကိုဆီကိုသွားတယ်။ ဝန်ကြီး ၂ ဦးထွက်လာပြီးတော့ ဒေသခံတွေနဲ့ ကျနော်တို့တောင်းဆိုချက် ၄ ချက်အပေါ်မှာ ပြည်ထောင်စုအစိုးရနဲ့ ချိတ်ဆက်ပြီးတော့ ဒါကို အမြန်ဆုံးပြေလည်အောင်ဖြေရှင်းပေးမယ်ဆိုပြီးတော့ ဒါကို ကျနော်တို့ကို ပြောပြတယ်ခင်ဗျ။”

တိုင်းအစိုးရရဲ့ ဖြေရှင်းပေးမူကို လဝက်ကြာစောင့်သွားမှာဖြစ်ကြောင်းကိုလည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီရဲ့ မိုးကြိုး ဆာလဖျူရစ် အက်ဆစ်စက်ရုံဟာ အနံ့ပြင်းထန်တဲ့ လေထုညစ်ညမ်းမှုတွေ ဖြစ်စေပြီး၊ စက်ရုံအနီးမှာရှိတဲ့ နေထိုင်တဲ့ ဒေသခံရွာသားတွေကို အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါ၊ အရေပြားနဲ့ မျက်လုံးရောဂါတွေ ဖြစ်ပွားစေတာ တွေ့ရတယ်လို့ ပြိးခဲ့တဲ့နှစ်က Amnesty International အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒေသခံတွေကလည်း ဒီလို အနံအသက်တွေကြောင့် မကြာခနဆိုသလို ဆန္ဒပြပြီး စက်ရုံလည်ပတ်မူတွေ ရပ်နားဖို့ တောင်းဆိုမူတွေတော့ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG