(Zawgyi/Unicode)
ျမန္မာႏုိင္ငံမွာ ကုိ႐ုိနာဗုိင္းရပ္စ္ကူးစက္သူ ေနာက္ထပ္ ၂ ဦးကုိ ထပ္မံအတည္ျပဳလုိက္တဲ့အတြက္ အခုဆုိရင္ ကူးစက္သူ စုစုေပါင္း ၅ ဦး ရွိသြားပါၿပီ။
မၾကာခင္ကမွ ျပည္ပကေန ျမန္မာႏုိင္ငံကုိ ျပန္လာသူတဦးနဲ႔ ျမန္မာႏြယ္ဖြား အေမရိကန္ႏုိင္ငံသားတဦးတုိ႔မွာ ေရာဂါပုိး စစ္ေဆးေတြ႔ရွိခဲ့တာျဖစ္ေၾကာင္း ျမန္မာက်န္းမာေရးနဲ႔ အားကစား ၀န္ႀကီးဌာနက ေသာၾကာေန႔ ရက္စဲြနဲ႔ သတင္းထုတ္ျပန္ခဲ့တာပါ။
မႏၱေလးတုိင္း ခ်မ္းျမသာစည္ၿမိဳ႕နယ္မွာ ေနထုိင္သူ အသက္ ၃၃ ႏွစ္အရြယ္ ျမန္မာႏြယ္ဖြား အေမရိကန္ႏုိင္ငံသားကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ေလေၾကာင္းကေန ေရာက္လာခဲ့ၿပီး ေနာက္ပုိင္းမွာ မသကၤာစရာ ေရာဂါလကၡဏာေတြ ေတြ႔ရွိခဲ့ရာက ေစာင့္ၾကည့္စစ္ေဆးခဲ့တာ ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ လူနာထံက ဓာတ္ခဲြနာမူနာယူ စစ္ေဆးရာမွာ COVID-19 ေရာဂါရွိေနေၾကာင္း အတည္ျပဳႏုိင္ခဲ့တယ္လုိ႔လည္း သတင္းထုတ္ျပန္ထားတာပါ။
ေနာက္ထပ္ ေရာဂါပုိးရွိေၾကာင္း အတည္ျပဳခဲ့တဲ့ အသက္ ၆၉ ႏွစ္အရြယ္ အမ်ဳိးသားကေတာ့ ၾသစေၾတးလ်ႏုိင္ငံမွာ ကင္ဆာေရာဂါအတြက္ တလေလာက္ ေဆးကုသ ခံယူခဲ့သူျဖစ္ၿပီး ျမန္မာႏုိင္ငံ မျပန္ခင္မွာ စကၤာပူႏုိင္ငံမွာ ၄ ရက္ၾကာ ေနထုိင္ခဲ့သူ ျဖစ္ပါတယ္။ ဒီလလယ္မွာပဲ ျမန္မာႏုိင္ငံကုိ ျပန္လည္ေရာက္ရွိလာၿပီး ေနာက္ပုိင္းမွာ ကုိ႐ုိနာဗုိင္းရပ္စ္ လကၡဏာေတြ ေတြ႔ရွိရာက ေစာင့္ၾကည့္စမ္းသပ္စစ္ေဆး အတည္ျပဳခဲ့တာလည္း ျဖစ္ပါတယ္။
.....................
မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ ၅ ဦး ရှိသွားပြီ
(Unicode)
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ နောက်ထပ် ၂ ဦးကို ထပ်မံအတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ကူးစက်သူ စုစုပေါင်း ၅ ဦး ရှိသွားပါပြီ။ မကြာခင်ကမှ ပြည်ပကနေ မြန်မာနိုင်ငံကို ပြန်လာသူတဦးနဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတဦးတို့မှာ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ကြောင်း မြန်မာကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သောကြာနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့တာပါ။ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်မှာ နေထိုင်သူ အသက် ၃၃ နှစ်အရွယ် မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ လေကြောင်းကနေ ရောက်လာခဲ့ပြီး နောက်ပိုင်းမှာ မသင်္ကာစရာ ရောဂါလက္ခဏာတွေ တွေ့ရှိခဲ့ရာက စောင့်ကြည့်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ လူနာထံက ဓာတ်ခွဲနာမူနာယူ စစ်ဆေးရာမှာ COVID-19 ရောဂါရှိနေကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ထားတာပါ။
နောက်ထပ် ရောဂါပိုးရှိကြောင်း အတည်ပြုခဲ့တဲ့ အသက် ၆၉ နှစ်အရွယ် အမျိုးသားကတော့ သြစတြေးလျနိုင်ငံမှာ ကင်ဆာရောဂါအတွက် တလလောက် ဆေးကုသ ခံယူခဲ့သူဖြစ်ပြီး မြန်မာနိုင်ငံ မပြန်ခင်မှာ စင်္ကာပူနိုင်ငံမှာ ၄ ရက်ကြာ နေထိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒီလလယ်မှာပဲ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေ တွေ့ရှိရာက စောင့်ကြည့်စမ်းသပ်စစ်ဆေး အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။