သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာကိုဗစ္ ဓာတ္ခဲြအတည္ျပဳစုစုေပါင္း ၄၉,၀၇၂ ဦး၊ ေသဆံုး ၁,၁၇၂ ဦး


ရန္ကုန္ၿမိဳ႕ေစ်းတခုတြင္ မ်က္ႏွာအကာအကြယ္မ်ား ဝတ္ဆင္၍ ေစ်းေရာင္းေနသူမ်ား။ ေအာက္တိုဘာ ၂၂၊ ၂၀၂၀

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါကူးစက္သူ ၁,၄၀၆ ဦး ထပ္တိုးသလို ေသဆုံးသူ ၂၅ ဦး ထပ္တိုးတဲ့အေၾကာင္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ည ၈ နာရီ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာေပါင္း ၁၄,၂၀၆ ခုကို စစ္ေဆးခဲ့တာမွာ အခုလို ေနာက္ထပ္ ကူးစက္သူေတြ ေတြ႕ရတာပါ။

ဒါေၾကာင့္ အခုခ်ိန္ထိ စစ္ေဆးခဲ့ခဲ့သမ ွ် ဓာတ္ခြဲနမူနာေပါင္း ၆၄၈,၂၄၇ ခုထဲမွာ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း ၄၉,၀၇၂ ဦး ရွိသြားၿပီျဖစ္ပါတယ္။ ေသဆုံးသူေပါင္း ကေတာ့ ၁,၁၇၂ ဦးရွိပါၿပီ။

ဒီကေန႔ထုတ္ျပန္ခ်က္အရ ေဆး႐ုံဆင္းခြင့္ရရွိသူ ၁,၂၆၃ ဦးရွိတာေၾကာင့္ ေဆး႐ုံကဆင္းသြားသူ စုစုေပါင္းက ၂၈,၆၃၆ ဦး ရွိသြားပါၿပီ။

ဒီကေန႔ညစာရင္းေတြအရ ပိုးေတြ႔ႏႈန္း ၉.၉% ၊ ျပန္ေကာင္းတဲ့ႏႈန္း ၅၈.၄% ၊ ေသဆံုးႏႈန္းက ၂.၄% ရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန၊ သတင္းထုတ္ျပန္ေရးအဖြဲ႔ဝင္၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲ ၫႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက သူ႔ရဲ႕ ေဖ့စ္ဘုတ္မွာ မၾကာေသးခင္ အခ်ိန္ပိုင္းအတြင္းက ေရးထားပါတယ္။

-------------------------

(Unicode)

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြုစုစုပေါင်း ၄၉,၀၇၂ ဦး၊ သေဆုံး ၁,၁၇၂ ဦး

မြန်မာနိုင်ငံမှာ COVID-19 ရောဂါကူးစက်သူ ၁,၄၀၆ ဦး ထပ်တိုးသလို သေဆုံးသူ ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း ၁၄,၂၀၆ ခုကို စစ်ဆေးခဲ့တာမှာ အခုလို နောက်ထပ် ကူးစက်သူတွေ တွေ့ရတာပါ။

ဒါကြောင့် အခုချိန်ထိ စစ်ဆေးခဲ့ခဲ့သမ ျှ ဓာတ်ခွဲနမူနာပေါင်း ၆၄၈,၂၄၇ ခုထဲမှာ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၄၉,၀၇၂ ဦး ရှိသွားပြီဖြစ်ပါတယ်။ သေဆုံးသူပေါင်း ကတော့ ၁,၁၇၂ ဦးရှိပါပြီ။

ဒီကနေ့ထုတ်ပြန်ချက်အရ ဆေးရုံဆင်းခွင့်ရရှိသူ ၁,၂၆၃ ဦးရှိတာကြောင့် ဆေးရုံကဆင်းသွားသူ စုစုပေါင်းက ၂၈,၆၃၆ ဦး ရှိသွားပါပြီ။

ဒီကနေ့ညစာရင်းတွေအရ ပိုးတွေ့နှုန်း ၉.၉% ၊ ပြန်ကောင်းတဲ့နှုန်း ၅၈.၄% ၊ သေဆုံးနှုန်းက ၂.၄% ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားပါတယ်။

တိုက္႐ိုက္ လင့္ခ္

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG