သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၀၇,၂၁၅ ဦး သဆေုံး ၂,၂၄၅ ဦး


ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ COVID-19 ရောဂါ အပြင်းအထန် ခံစားနေရသူတွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀။ ဓာတ်ပုံ -MOHS)
ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ COVID-19 ရောဂါ အပြင်းအထန် ခံစားနေရသူတွေကို ဆေးဝါးကုသစောင့်ရှောက်မှုပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဒီဇင်ဘာ ၃၊ ၂၀၂၀။ ဓာတ်ပုံ -MOHS)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၁,၃၅၂ ဦး ထပ်တိုးပြီး သေဆုံးသူက ၂၅ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ည ထုတ်ပြန်ချက်ပါ သေဆုံးသူတွေထဲမှာ ၂၄ ယောက်က ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ခွဲနမူနာပေါင်း ၂၄,၀၉၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၄၁၉,၁၈၇ ခု ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူအရေအတွက်က ၂,၂၄၅ ဦး ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၀၇,၂၁၅ ဦး ရှိသွားပါပြီ။

ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၁,၀၆၈ ဦးရှိတယ်လို့ ဖော်ပြထားတာကြောင့် ရောဂါပျောက်ကင်းသွားသူပေါင်း ၈၅,၄၀၆ ဦး ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့အရေအတွက်ကို မနေ့ကနဲ့ နှိုင်းယှဉ်မယ်ဆိုရင် စစ်ဆေးတဲ့ ဓာတ်ခွဲနမူနာအရေအတွက် ပိုများပြီး ကူးစက်သူအရေအတွက်က ပိုနည်းပေမယ့် သေဆုံးသူအရေအတွက်ကတော့ ပိုများပါတယ်။ ရောဂါပျောက်ကင်းသူ အရေအတွက်မှာလည်း သောကြာနေ့က ပိုများပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၅.၆၁ ရာခိုင်နှုန်းရှိပြီး ပြန်ကောင်းလာသူ ၇၉.၆၆ ရာခိုင်နှုန်း၊ သေဆုံးနှုန်းက ၂.၀၉ ရာခိုင်နှုန်း ရှိပါတယ်။

သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၉၆ ရာခိုင်နှုန်း ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)










XS
SM
MD
LG