သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၁၆,၁၃၄ ဦး၊ ေသဆံုး ၂,၄၄၃ ဦး


COVID-19 ကုသေရးဌာန (သုဝဏၰ)၊ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားေနရသူတဦးကို ကုသေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဒီဇင္ဘာ ၁၆၊ ၂၀၂၀။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၉၄၇ ေယာက္ ထပ္ၿပီး အတည္ျပဳခဲ့တာေၾကာင့္ အခုထိ ကူးစက္သူစုစုေပါင္း ၁၁၆,၁၃၄ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၂၀ ရက္ေန႔အတြက္ ဓာတ္ခြဲနာမူနာေပါင္း ၂၀,၅၂၆ ခု စစ္ေဆးခဲ့တာျဖစ္ၿပီး ဒီကေန႔ဆိုရင္ အတည္ျပဳလူနာ ၁,၀၀၀ ေအာက္က်ဆင္းလာတာ ႏွစ္ရက္ဆက္တိုက္ရွိၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူက ၁၉ ေယာက္ရွိတာေၾကာင့္ အခုထိေသဆုံးသူ စုစုေပါင္း ၂,၄၄၃ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ဒီကေန႔ေသဆုံးသူ ၁၉ ဦးထဲမွာ ေရာဂါအခံရွိတဲ့သူ ၁၅ ေယာက္ပါဝင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနမူနာေပါင္း ၁,၅၉၄,၆၅၄ ခု စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၉၅,၃၈၇ ေယာက္ရွိပါတယ္။

ျပည္သူတဦးခ်င္းစီအေနနဲ႔ ၫႊန္ၾကားခ်က္ေတြကို အခုထက္ပိုၿပီး တိတိက်က် လုိက္နာႏိုင္ရင္ ေရာဂါျဖစ္ပြားမႈႏႈန္း က်ဆင္းလာမွာ ျဖစ္တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပး တိုက္တြန္းထားပါတယ္။

ကမာၻ႔ႏိုင္ငံေတြရဲ႕ COVID-19 ျဖစ္ပြား ေသဆုံးမႈစာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၆၉ ေနရာမွာ ရွိေနတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ထုတ္ျပန္တဲ့ COVID-19 ျဖစ္ပြား ေသဆုံးမႈစာရင္းကို ကိုးကားၿပီး က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

----------------------

(Unicode)

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၁၆,၁၃၄ ဦး၊ သေဆုံး ၂,၄၄၃ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၉၄၇ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၁၆,၁၃၄ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်နေ့အတွက် ဓာတ်ခွဲနာမူနာပေါင်း ၂၀,၅၂၆ ခု စစ်ဆေးခဲ့တာဖြစ်ပြီး ဒီကနေ့ဆိုရင် အတည်ပြုလူနာ ၁,၀၀၀ အောက်ကျဆင်းလာတာ နှစ်ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၁၉ ယောက်ရှိတာကြောင့် အခုထိသေဆုံးသူ စုစုပေါင်း ၂,၄၄၃ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့သေဆုံးသူ ၁၉ ဦးထဲမှာ ရောဂါအခံရှိတဲ့သူ ၁၅ ယောက်ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနမူနာပေါင်း ၁,၅၉၄,၆၅၄ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၉၅,၃၈၇ ယောက်ရှိပါတယ်။

ပြည်သူတဦးချင်းစီအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာနိုင်ရင် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး တိုက်တွန်းထားပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ COVID-19 ဖြစ်ပွား သေဆုံးမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၆၉ နေရာမှာ ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်တဲ့ COVID-19 ဖြစ်ပွား သေဆုံးမှုစာရင်းကို ကိုးကားပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG