(Zawgyi / Unicode)
ျမန္မာႏိုင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၆၀၆ ေယာက္ ထပ္ၿပီး အတည္ျပဳခဲ့တာေၾကာင့္ အခုထိ ကူးစက္သူစုစုေပါင္း ၁၂၁,၈၈၆ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ဒီဇင္ဘာလ ၂၇ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၆,၆၀၇ ခု စစ္ေဆးခဲ့တာျဖစ္ၿပီး ဒီအထဲက လူနာသစ္ ၆၀၀ ေက်ာ္ ေတြ႔ခဲ့တာပါ။
ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူက ၂၂ ေယာက္ရွိတာေၾကာင့္ အခုထိ ေသဆုံးသူစုစုေပါင္း ၂,၆၀၁ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ဒီကေန႔ေသဆုံးသူ ၂၂ ဦးထဲမွာ ေရာဂါအခံရွိတဲ့သူ ၁၁ ေယာက္ ပါဝင္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၁,၇၄၀,၀၃၇ ခု စစ္ေဆးၿပီးခဲ့ၿပီျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၀၃,၂၂၃ ေယာက္ရွိပါတယ္။
မေန႔ကအထိ ရန္ကုန္တိုင္းအတြင္း ကူးစက္သူ ၂၈၇ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၲေလးတိုင္းက ၁၅၈ ေယာက္နဲ႔ ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။
ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္နဲ႔ မိုးညႇင္းၿမိဳ႕နယ္အတြင္း COVID-19 ပိုးေတြ႔လူနာ ေလ်ာ့နည္းလာတဲ့အျပင္ ေရာဂါထိန္းခ်ဳပ္ေရး လုပ္ငန္းေတြမွာ ျပည္သူလူထုက တက္တက္ႂကြႂကြ ပါဝင္လာတာေၾကာင့္ မလိုအပ္ဘဲ အိမ္ျပင္မထြက္ၾကဖို႔ ကန္႔သတ္ထားတဲ့ Stay at Home အစီအစဥ္ကို ဒီကေန႔ ဒီဇင္ဘာ ၂၇ ရက္ေန႔ကစၿပီး ပယ္ဖ်က္လိုက္ပါတယ္။
ျပည္သူတဦးခ်င္းစီအေနနဲ႔ ၫႊန္ၾကားခ်က္ေတြကို အခုထက္ပိုၿပီး တိတိက်က် လုိက္နာႏိုင္ရင္ ေရာဂါျဖစ္ပြါးမႈႏႈန္း က်ဆင္းလာမွာ ျဖစ္တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပး ႏႈိးေဆာ္ထားပါတယ္။
---------------------
(Unicode)
မြန်မာကိုဗစ် ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၂၁,၈၈၆ ဦး၊ သေဆုံး ၂,၆၀၁ ဦး
မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၆၀၆ ယောက် ထပ်ပြီး အတည်ပြုခဲ့တာကြောင့် အခုထိ ကူးစက်သူစုစုပေါင်း ၁၂၁,၈၈၆ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၁၆,၆၀၇ ခု စစ်ဆေးခဲ့တာဖြစ်ပြီး ဒီအထဲက လူနာသစ် ၆၀၀ ကျော် တွေ့ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၂၂ ယောက်ရှိတာကြောင့် အခုထိ သေဆုံးသူစုစုပေါင်း ၂,၆၀၁ ယောက်ရှိပြီ ဖြစ်ပါတယ်။ ဒီကနေ့သေဆုံးသူ ၂၂ ဦးထဲမှာ ရောဂါအခံရှိတဲ့သူ ၁၁ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၁,၇၄၀,၀၃၇ ခု စစ်ဆေးပြီးခဲ့ပြီဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၀၃,၂၂၃ ယောက်ရှိပါတယ်။
မနေ့ကအထိ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၂၈၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက ၁၅၈ ယောက်နဲ့ ဒုတိယအများဆုံး ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ မိုးညှင်းမြို့နယ်အတွင်း COVID-19 ပိုးတွေ့လူနာ လျော့နည်းလာတဲ့အပြင် ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေမှာ ပြည်သူလူထုက တက်တက်ကြွကြွ ပါဝင်လာတာကြောင့် မလိုအပ်ဘဲ အိမ်ပြင်မထွက်ကြဖို့ ကန့်သတ်ထားတဲ့ Stay at Home အစီအစဉ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး ပယ်ဖျက်လိုက်ပါတယ်။
ပြည်သူတဦးချင်းစီအနေနဲ့ ညွှန်ကြားချက်တွေကို အခုထက်ပိုပြီး တိတိကျကျ လိုက်နာနိုင်ရင် ရောဂါဖြစ်ပွါးမှုနှုန်း ကျဆင်းလာမှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေး နှိုးဆော်ထားပါတယ်။