သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ ကိုဗစ္ဓာတ္ခဲြအတည္ျပဳ စုစုေပါင္း ၁၃၇,၅၇၄ ဦး၊ ေသဆံုး ၃,၀၆၂ ဦး


သုဝဏၰ ဧရာဝတီ ကိုဗစ္စင္တာ အထူးၾကပ္မတ္ကုသေဆာင္မွာ ေရာဂါျပင္းထန္စြာ ခံစားေနရသူတဦးကို ကုသေစာင့္ေရွာက္မႈေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၂၁၊ ၂၀၂၁။ ဓာတ္ပုံ - MOHS)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ ဒီကေန႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္သူ ၄၇၆ ေယာက္ ထပ္ၿပီး အတည္ျပဳလိုက္တဲ့အတြက္ အခုထိ ကူးစက္သူ စုစုေပါင္း ၁၃၇,၅၇၄ ေယာက္ရွိၿပီ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း COVID-19 ေၾကာင့္ ေသဆုံးသူက ၁၇ ဦးရွိတာေၾကာင့္ အခုထိ ေသဆုံးသူ စုစုေပါင္း ၃,၀၆၂ ေယာက္ရွိပါတယ္။

ဇန္နဝါရီလ ၂၄ ရက္ေန႔အတြက္ ဓာတ္ခြဲနမူနာေပါင္း ၁၈,၇၀၆ ခု စစ္ေဆးခဲ့တာပါ။

ၿပီးခဲ့တဲ့မတ္လကေန အခုထိ ဓာတ္ခြဲနာမူနာေပါင္း ၂,၂၆၈,၉၄၇ ခု စစ္ေဆးၿပီးခဲ့ၿပီးျဖစ္ၿပီး အတည္ျပဳလူနာေတြထဲ ျပန္ၿပီးက်န္းမာလာသူက ၁၂၁,၅၅၈ ေယာက္ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ ၿပီးခဲ့တဲ့ႏွစ္ မတ္လ ၂၃ ရက္ေန႔ကေန ဇန္နဝါရီလ ၂၃ ရက္ေန႔အထိ ေတြ႔ရတဲ့ အတည္ျပဳလူနာစာရင္းေတြအရ ရန္ကုန္တိုင္းအတြင္း ကူးစက္သူ ၈၆,၆၈၂ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး မႏၲေလးတိုင္းအတြင္း ေရာဂါကူးစက္သူ ၁၆,၇၃၃ ေယာက္နဲ႔ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံး ျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ထုတ္ျပန္ထားတဲ့ ဇန္နဝါရီလ ၂၃ ရက္ေန႔အထိ ကမာၻ႔ႏုိင္ငံအသီးသီးရဲ႕ COVID-19 ျဖစ္ပြါး ေသဆုံးမႈစာရင္းမွာ ျမန္မာႏိုင္ငံက အဆင့္ ၇၁ ေနရာမွာ ရွိပါတယ္။ အေရွ႕ေတာင္အာရွမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားက အဆင့္ ၁၉ ေနရာမွာ ရွိပါတယ္။

ျမန္မာႏိုင္ငံမွာ အခုလက္ရွိ COVID-19 အတည္ျပဳလူနာေတြရဲ႕ ၆၃ ရာခိုင္ႏႈန္းက ေရာဂါလကၡဏာ မျပဘဲ ေရာဂါပိုးသယ္ေဆာင္သူေတြ ျဖစ္ေနတာကို ေတြ႔ရွိရတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ထုတ္ျပန္ထားတဲ့ COVID-19 ကာကြယ္ေရး နည္းလမ္းေတြကို တိတိက်က် လုိက္နာၾကဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက တိုက္တြန္းႏႈိးေဆာ္ထားပါတယ္။

-----------------------

(Unicode)

မြန်မာ ကိုဗစ်ဓာတ်ခွဲအတည်ပြု စုစုပေါင်း ၁၃၇,၅၇၄ ဦး၊ သေဆုံး ၃,၀၆၂ ဦး

မြန်မာနိုင်ငံမှာ ဒီကနေ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ ၄၇၆ ယောက် ထပ်ပြီး အတည်ပြုလိုက်တဲ့အတွက် အခုထိ ကူးစက်သူ စုစုပေါင်း ၁၃၇,၅၇၄ ယောက်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ကြောင့် သေဆုံးသူက ၁၇ ဦးရှိတာကြောင့် အခုထိ သေဆုံးသူ စုစုပေါင်း ၃,၀၆၂ ယောက်ရှိပါတယ်။

ဇန်နဝါရီလ ၂၄ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၁၈,၇၀၆ ခု စစ်ဆေးခဲ့တာပါ။

ပြီးခဲ့တဲ့မတ်လကနေ အခုထိ ဓာတ်ခွဲနာမူနာပေါင်း ၂,၂၆၈,၉၄၇ ခု စစ်ဆေးပြီးခဲ့ပြီးဖြစ်ပြီး အတည်ပြုလူနာတွေထဲ ပြန်ပြီးကျန်းမာလာသူက ၁၂၁,၅၅၈ ယောက်ရှိပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့ကနေ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ တွေ့ရတဲ့ အတည်ပြုလူနာစာရင်းတွေအရ ရန်ကုန်တိုင်းအတွင်း ကူးစက်သူ ၈၆,၆၈၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းအတွင်း ရောဂါကူးစက်သူ ၁၆,၇၃၃ ယောက်နဲ့ ကူးစက်မှုနှုန်း ဒုတိယအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်ထားတဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့အထိ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွါး သေဆုံးမှုစာရင်းမှာ မြန်မာနိုင်ငံက အဆင့် ၇၁ နေရာမှာ ရှိပါတယ်။ အရှေ့တောင်အာရှမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားက အဆင့် ၁၉ နေရာမှာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ အခုလက်ရှိ COVID-19 အတည်ပြုလူနာတွေရဲ့ ၆၃ ရာခိုင်နှုန်းက ရောဂါလက္ခဏာ မပြဘဲ ရောဂါပိုးသယ်ဆောင်သူတွေ ဖြစ်နေတာကို တွေ့ရှိရတာကြောင့် ပြည်သူတွေအနေနဲ့ ရောဂါထိန်းချုပ်နိုင်ရေး ထုတ်ပြန်ထားတဲ့ COVID-19 ကာကွယ်ရေး နည်းလမ်းတွေကို တိတိကျကျ လိုက်နာကြဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG